ချစ်လှစွာသော 💛💚(အပိုင်း-၁၂)

417 53 8
                                    

Unicode

ကိုကိုငယ်သွားတာလည်းကြာပြီ။ တစ်နေ့တစ်နေ့ဆေးခန်းထိုင်လိုက် အပင်လေးတွေရေလောင်းလိုက် မြင်းတွေကိုအစာကျွေးလိုက်နဲ့ဟုတ်တော့ဟုတ်နေချေသည်။ သို့သော်ကိုကိုငယ်ကိုလွမ်းလှပြီ။ ခုထိလည်းပြန်မလာသေး။

"ဆရာလေး အရှေ့မှာစစ်..စစ်ကားတွေရောက်နေတယ်"

နဂိုထဲကဒီနေရာတွေဟာစစ်တပ်ပိုင်နယ်မြေထဲက စစ်အုပ်ချုပ်ရေးရှိရာနယ်မြေပဲမို့လာတာမဆန်းပေမဲ့ လက်နက်တွေနဲ့မို့ပြည်သူတွေကကြောက်ရသည်။ ကိုယ်ကတော့စစ်တပ်ထဲနေခဲ့ရသေးတာမို့သိပ်မတုန်လှုပ်ပေမဲ့ ကြီးကြီးကတော့ တုန်နေသည်။

"ဘာမှမဖြစ်ပါဘူး အပေါ်ထပ်မှာနားနေလိုက်နော် သားသွားတွေ့လိုက်မယ်"

ခြံထဲဆင်းသွားရင်း ခြံဝဆီရောက်အောင်သွားလိုက်သည်။ အိမ်ဝကနေခြံရှေ့ထိရောက်ဖို့ဆိုလျှောက်ရသည်ကတစ်မိနစ်ကျော်တော့ကြာသည်။ ခြံသည်ကျယ်သည်ကိုး။

"ဘာကိစ္စရှိလို့လဲ"

"အိမ်ကိုစစ်စရာရှိလို့ပါ လူကြီးမင်း"

"ဘာကြောင့်များလဲ?"

"စစ်ဖို့အမိန့်ပါပြီးသားပါ။ ခဲ၊ယမ်း၊လက်နက်တွေနဲ့ပက်သက်ပြီး ပြင်ပနိုင်ငံတွေနဲ့ပူးပေါင်းပြီး ဒီအိမ်တော်ထဲ လက်နက်တွေသိုလှောင်ထားကြောင်းသတင်းအတိအကျရထားပါတယ် ရှာပါရစေ"

ဟမ်....မဖြစ်နိုင်တာ အိမ်မှာခဲ ယမ်းမပြောနဲ့ ကျည်စေ့ခွံတောင်တွေ့ရဖူးတာမဟုတ်။ ကိုယ့်လိပ်ပြာကိုလုံတာမို့ခြံတံခါးဖွင့်ပေးလိုက်သည်။ ပြီးတော့သူတို့အခုလာရှာနေတာ မြို့တော်ဝန်အိမ်လေ။သူတို့ယုံကြည်လို့ခန့်ထားတဲ့မြို့တော်ဝန်မလား?

ကားပေါ်ကနေစစ်သားတွေကဆင်းလာပြီးခြံထဲဝင်ကာအိမ်တွေထဲထိမွှေတော့သည်။ ရှာနေပေမဲ့ဘာမှရှာမတွေ့......

သူလည်းသိပ်မကြောက်တာမှန်ပေမဲ့ အတွေးတွေကယောက်ယက်ခက်လာသည်။ ငါမလုပ်ပေမဲ့ ကိုကိုငယ်လုပ်ထားရင်ရော...မြို့တော်ဝန်မို့လက်နက်တွေဆောင်ထားရင်ရော....မိသွားရင်ရော...

လူသည်တွေးရင်းတွေးရင်းမျက်နှာကဖြူစုတ်လာရသည်။ ကိုကိုငယ်ရှိရင်ကောင်းမယ် ခုထိလည်းပြန်မလားသေး....

° ချစ်လှစွာသော °{𝓛 𝓸 𝓿 𝓮 𝓵 𝔂 }Donde viven las historias. Descúbrelo ahora