ချစ်လှစွာသော 💛💚(အပိုင်း-၁၅)

321 31 4
                                    

Unicode ~

ညသန်းခေါင်ယံ လမင်းကြီးကထိန်ထိန်သာလို့ လမင်းရဲ့အလင်းရောင်ထိန်ဝါခြင်းသည် ပြတင်းပေါက်ဆီမှတဆင့် အခန်းလေးဆီမှိန်ပျပျထွန်းလင်းသနေသယောင်။

ကုတင်ပေါ်မှကောင်လေးနှစ်ယောက်ထဲတစ်ယောက်သည် ခေါင်းကိုဘယ်ညာလှုပ်ယမ်းရင်း ချွေးတွေလည်းအများကြီးဖြင့်။ ပါးစပ်ကလည်း ညီးညူနေရင်း

"ဟင့်အင်း မဖြစ်ရဘူး ဖေဖေ!!!မေမေ!!!"

အသံနက်ကြီးဖြင့်နှိုးထလာပါသောထယ်ယောင်း ကျစ် ဒီအိမ်မက်ပဲထပ်မက်ပြန်ပြီ။ ဂျီမင်သည်လည်း အသံကျယ်ကျယ်ကြောင့်နှိုးလာမိသည်။ ဘေးကထိုင်ရက်သားကိုကိုငယ်သည်ချွေးတွေဖြင့် မျက်လုံးသည်လည်းကြောင်ရပ်သားပုံစံ

"ကိုကိုငယ်ဘာဖြစ်တာလဲ? "

အိပ်ချင်မူးတူးဖြင့်မျက်လုံးကိုပွတ်ရင်းသားမေးလိုက်သည်။ ကိုကိုငယ်ကသူ့ဘက်လှည့်လာရင်း

သူ့ကိုဖက်လိုက်ကာ

"ကိုကိုငယ်အိမ်မက်ဆိုးမက်တာ ခဏ...ခဏလောက်ဖြစ်ဖြစ်ဖက်ထားပါရစေ အရမ်း...အရမ်း...စိတ်ထဲညစ်တစ်တစ်ဖြစ်နေလို့ပါ "

သူလည်း စကားတထစ်ထစ်နဲ့ပြောနေတဲ့ကိုကိုငယ်ကြောင့်ကျောလေးကိုအသာပွတ်ပေးလိုက်ရင်း

"ဘာမှမဖြစ်တော့ဘူးနော် စိတ်ထဲမထားနဲ့နော် ဂျီလုံးရှိတယ်နော်"

ကိုကိုငယ်က သူ့ပခုံးပေါ်မေးတင်ထားရင်း ခဏအကြာကျပြန်ခွာလိုက်သည်။ မျက်လုံးကလည်းတည်ငြိမ်သွားပြီးချွေးတွေလည်းထင်သလောက်မရှိတော့ပါ။

ဂျီမင်လည်းသူ့ဘေးကမီးအိမ်ကိုခလုတ်ဖွင့်လိုက်ပြီးစားပွဲပေါ်ကရေခရားထဲကရေကို ဖန်ခွက်ထဲထည့်လိုက်သည်။

"ရော့ ကိုကိုငယ် ရေသောက်လိုက်နော်"

ထယ်ယောင်းလည်း ဂျီလုံးပေးလိုက်တဲ့ရေခွက်ထဲကရေကိုသာကုန်အောင်သောက်ပြီး အမောဖြေလိုက်သည်။ သူတော့ဒီအိမ်မက်ဆိုးတွေကို ဂျီလုံးနဲ့အတူတူဖက်အိပ်ရရင်မမက်တော့ဘူးထင်ခဲ့တာ။ ဒါပေမဲ့လည်းမက်နေတုန်းပဲ။ မဆိုင်သောနာမ်နှစ်ခုအားတွဲမှတ်မိခြင်းပဲထယ်ယောင်း။ နွေးထွေးတဲ့ကိုယ်ငယ်လေးကိုဖက်ထားရရင်တောင် ဒီအိမ်မက်ဆိုးကလွတ်မြှောက်နိုင်မှာမဟုတ်ဘူးလေ။

° ချစ်လှစွာသော °{𝓛 𝓸 𝓿 𝓮 𝓵 𝔂 }Où les histoires vivent. Découvrez maintenant