Unicode
"ဘယ်လို!!! ဒါဆိုရုံးချုပ်ကိုငါချက်ချင်းလာခဲ့မယ်"
ဧည့်ခန်းတွင်ထိုင်ကာစပျစ်သီးစားနေရင်း အလုပ်ခန်းထဲမှထယ်ယောင်းကအာမေဋိတ် အသံအကျယ်ကြီးထွက်ကာပြေးထွက်လာသည်။
"ဂျီမင် ငါအလုပ်ကိစ္စသွားရမှာမို့လို့အိမ်ပြန်လာဖြစ်ချင်မှလည်းပြန်လာဖြစ်လိမ့်မယ်။ ဆယ်နာရီမှပြန်မလာရင်မီးပိတ်ပြီးအိပ်တော့နော်"
စစ်အာဏာရှင်တို့ရဲ့ မာရှယ်လောဆိုတဲ့ အတိုင်း ဆယ်နာရီကျော်လမ်းမပေါ် လူအရိပ်ပင်တွေ့လျှင်ပစ်ခံနေရသောအနေအထားကြောင့် သူပြောလိုက်ရခြင်း။
"ဘယ်သွားမလို့လဲဟင်"
"ငါမြို့ထဲသွားမလို့ "
ကုတ်အကျီကိုလက်မှာချိတ်ကာ ဆံပင်တွေကိုစည်းပြီးမြန်မြန်ဆန်ဆန်ပင်ထွက်သွားသောသူအား မျက်စိတစ်ဆုံးပင်ငေးကြည့်နေမိသည်။
ငါဖွင့်ပြောလိုက်ရင်ကောင်းမလား ကျွန်တော်ဟာကိုကိုငယ်ရဲ့ဂျီလုံးဆိုတာ။ ဒါပေမဲ့ ဒါပေမဲ့လည်း မပြောချင်ဘူး ။ ဘာကြီးလဲ ငါ့စိတ်က။ ပတ်ဂျီမင် ရူးနေပြီပဲ မင်း။
^^^^^^^^^^^^^
"တောက်! ဒီသတင်းပေးတွေနဲ့တော့ကွာ လုပ်ထားတဲ့အစီအစဥ်တွေပါပျက်ရပြီ"
စစ်အာဏာရှင်တွေကိုတော်လှန်ဖို့တိတ်တဆိတ်ဖွဲ့ထားခဲ့တဲ့တော်လှန်ရေးအဖွဲ့ ။ဆန္ဒပြတာတွေမရှိတော့လို့ စစ်အာဏာရှင်တွေကပျော်နေပေမဲ့ တကယ်တော့ ထယ်ယောင်းတို့အနေနဲ့ အလုံးအရင်းနဲ့တိုက်ခိုက်ရင်ပြင်ဆင်နေခြင်းသာ။ လူကြီးပိုင်းတွေထက် လူလတ်ပိုင်းတွေပိုများသော ဒီအဖွဲ့ထဲ တစ်မြို့ကိုတစ်ဖွဲ့ဆီနီးပါး ပုန်းလျိုး ကွယ်လျိုးနေကာသတင်းအဆက်မပြတ်လည်းရယူနေသည်။
ခုဘယ်က ကလေကချေသတင်းပေးတွေကသွားပြောလိုက်လဲမသိ ။ နေရညအိမ်ထိလာဖမ်းကာ သူတို့အဖွဲ့မှလူတော်တော်များများပါသွားရသည်။ စိတ်ပျက်စရာ! ဒီအမျိုးယုတ် စစ်ချစ်ကောင်တွေကတော့!
"ဟုတ်ပြီ ဂန်မင်ယောင်းကိုပေးထားတဲ့အစီအစဥ်ကိုသူမနက်ဖြန်လာပို့လိမ့်မယ်။ နေရာပြောင်းပါ ဘယ်သူမှမသိအောက်သိုသိုဝှက်ဝှက်ပဲနေပါ။ ဘယ်သူ့ကိုမှပြောစရာမလိုဘူးနော် ဘယ်မိသားစုဝင်ကိုလည်းဘယ်မှာရှိတယ်ဆိုတာမပြောပါနဲ့ သည်းခံပေးပါ ။ဒီမိုကရေစီရရင် ငါတို့လွတ်လွတ်လပ်လပ်နေလို့ရပြီ ။ ဆယ်နာရီထိုးမှာကိုကြောက်နေစရာမလိုသလို ဘယ်အချိန်ကိုယ့်အိမ်ကျည်မှန်မလဲ ဗုံးနဲ့ပစ်ခံရမလဲဆိုတာတွေးပူစရာမလိုအောင်ငါတို့တိုက်ခိုက်ကြရမယ်။ ညီပါစေ ငါ့လူတို့"
YOU ARE READING
° ချစ်လှစွာသော °{𝓛 𝓸 𝓿 𝓮 𝓵 𝔂 }
FanfictionWarning * ဤထဲမှ ဖြစ်ရပ်အားလုံးသည် စာရေးသူ၏ပုံဖော်ခြင်းသပ်သပ်သာဖြစ်သည်။ထိုခေတ်ထိုအခါက ပုံစံအားယူ၍ရေးသားထားခြင်းမျိုးမဟုတ်တာကြောင့်မတူညီနိုင်ပါ။ START-10/5/2021 END - ✓Mostersue_Ei✓