ချစ်လှစွာသော 💛💚(အပိုင်း၅)

529 61 3
                                    

Unicode

ထယ်ယောင်းရဲ့အဖေနဲ့အမေဆုံးသွားပြီးနောက်ဘယ်သူမှမရှိတဲ့အိမ်ကိုစစ်သားတစ်ချို့ကချိတ်ပိတ် ပိတ် သွားသည်....စစ်တပ်ပိုင်အိမ်အဖြစ်.......

ထယ်ယောင်းကိုတော့ဂျီမင်ရဲ့အဖေနဲ့အမေကမွေးစားထားသည်.....ဂျီမင်အဖေကလွှတ်တော်အမတ်.....စစ်သားနဲ့ခရိုနီကိုဆန့်ကျင်တဲ့တော်လှန်ရေးအဖွဲ့ရဲ့ပါတီဝင်တစ်ယောက်လည်းဖြစ်သည်.......စစ်တပ်ကအာဏာရပြီးချိန်...လုပ်ရပ်တွေကမင်းမဲ့ဆန်လာသည်....ခုကအိမ်မှာဂျီမင်အမေသာရှိသည်.....တော်လှန်ရေးပါတီဝင်များကိုလိုက်လံဖမ်းဆီးကာတစ်ပါထဲသတ်ပစ်တတ်သောစစ်သားတွေကြောင့်တော်လှန်ရေးပါတီဝင်ဂျီမင်အဖေသည်တိမ်းရှောင်နေရခြင်းဖြစ်သည်.....ထယ်ယောင်းအဖေနှင့်အမေသည်လည်းတော်လှန်ရေးပါတီဝင်များဖြစ်စေကာမူနှစ်ဦးစလုံးပါဝင်တာမို့ထွက်မပြေးခဲ့....။သူ့သားလေးလည်းရှိသေးသည်လေ.....ထွက်မပြေး...တိမ်းမရှောင်တာနဲ့တင်ဖမ်းမိခဲ့ပြီးတစ်ပါထဲသတ်ခြင်းခံခဲ့ရသည်.....ယောင်းသည်ကံဆိုးသောကလေးဖြစ်ခဲ့ဖူးသည်.....

^^^^^^^^^^
"ကိုကိုငယ်.....သားသားမူလတန်းဒုတိယနှစ်ကိုတတ်ရတော့မယ်..ဟိဟိ"

"အင်း....ကိုကိုငယ်ကမူလတန်းနောက်ဆုံးနှစ်တတ်ရတော့မယ်ဂျီလုံးရ"

"သားကစာတော်ရဲ့သားနဲ့သားကိုသူငယ်ချင်းကမခေါ်ကြဘူးကိုကိုငယ်"

တကယ်တော့အစိုးရကျောင်းမှာတတ်တဲ့ထယ်ယောင်းနဲ့ဂျီမင်သည်သူငယ်ချင်းတွေပယ်တာခံရသည်.....တစ်ခြားအရာတော့မဟုတ်....ထယ်ယောင်းကို မိဘမဲ့ ဟုအလယ်တန်းကျောင်းသားတွေက စ ကြသည်....မူလတန်းအရွယ်တူကလေးတွေကပါမိဘမဲ့ နဲ့မပေါင်းဘူးဆိုကာပယ်ကြသည်...ဒါ့အပြင်ထယ်ယောင်းနဲ့တတွဲတွဲလုပ်သည့်ဂျီမင့်ကိုပါပယ်ကြသည်...ထယ်ယောင်းဒါတွေကိုလည်းသိပါသည်....၈နှစ်၉နှစ်ပြည့်တော့မည်ဆိုပေမဲ့အရွယ်နဲ့မလိုက်အောင်ရင့်ကျက်နေသည်မို့ဘာစကားပြောရင်ဘယ်လိုသင့်တော်တယ်....ဘယ်လိုနေရင်ဘယ်လိုအဆင်ပြေတယ်ဆိုတာလည်းသိပါသည်.....

"ကိုကိုငယ်ရှိတယ်လေ...သူတို့မခေါ်လည်းဘာဖြစ်လဲ...မုန့်စားကျောင်းဆင်းရင်ကိုကိုငယ်ဆီလာ....ကိုကိုနဲ့ဆော့မယ်လေနော်...ကိုကိုငယ်ဆိုစာလည်းမတော်ဘူးလေ...ပြီးတော့သူငယ်ချင်းလည်းမရှိဘူး..."

° ချစ်လှစွာသော °{𝓛 𝓸 𝓿 𝓮 𝓵 𝔂 }Where stories live. Discover now