ချစ်လှစွာသော 💛💚 (အပိုင်း-၁၆)

368 33 6
                                    

Unicode

အရေးအကြောင်းဟာ တကယ်ပင်အရေးကြီးလာရသည်။ အရင်ကလို ဒီမြို့နယ်အတွက်အရွေးခံရခြင်းမှာ ပြိုင်ဘက်ကင်းဟုတ်မနေတော့။

အိမ်လိပ်စာအတိုင်း ပို့လာသော မယ်ယောင်းရဲ့စာတွင် ယခုနှစ်အတွင်း နယ်သာလန်ကပြန်လာသူ အမတ်တစ်ယောက်လည်း မြို့တော်ဝန်အဖြစ်အရွေးချယ်ခံမယ်တဲ့။

နိုင်လို့သာဖြစ်ရမည်။ သူရှုံးလျှင် ထိုနေရာဆိုတာထပ် ရပိုင်ရခွင့်များဆုံးရှုံးကာ လုပ်နေဆဲ အလုပ်တို့သည် ဆုံးရှုံးသွားရနိုင်သည်။ မဖြစ်ဘူးလေ ဒီမိုကရေစီအတွက် ရင်းထားရတဲ့အချိန်တွေ ရက်တွေ လတွေ လူတွေနည်းသလား???

သတင်းဆိုးကတစ်ခုထဲတော့ ဟုတ်မနေခဲ့ပါဘူး။ ထပ်တိုး သတင်းဆိုးကတော့ မြို့ထဲကတက္ကသိုလ်ကျောင်းသားတွေစုနေတဲ့နေရာဗုံးပေါက်သွားတာပဲ။ တက္ကသိုလ်ကျောင်းသားဆိုပေမယ့် ကျောင်းဆက်မတက်ပဲ ဒီအရေးဖို့တိတ်တဆိတ်လှုပ်ရှားနေတဲ့သူတွေလေ။

ဘယ်လိုသိသွားတာလဲ ဒလန်ကြောင့်လား ဒီတိုင်းသိသွားတာလားမသိပေမယ့် မြို့ထဲရောက်ရင်တော့ လူတွေပြန်စစ်ရမည်။ ဒီနယ်ပယ် ဒီလုပ်ငန်းမှာ ခေါင်းဆောင်ဆိုတာရှိပေမယ့် တာဝန်တွေခွဲယူတဲ့နေရာမှာတေ့ ခေါင်းဆောင်အသီးသီး။ ကျွန်တော်က လူစီစစ်တဲ့အပိုင်းနဲ့ ကျန်တဲ့လုပ်နိုင်စွမ်းရှိတဲ့အပိုင်းတွေပေါ့။

မသေခင်လေး ဒီမိုကရေစီဆိုတာကိုခံစားသွားချင်တယ်။ ကျွန်တော်အသက်ပေးလိုက်ရရင်တောင် တစ်ပါးသူတွေ ပြည်သူတွေကိုတော့ ဒီမိုကရေစီ အရသာကိုခံစားစေကြည့်ချင်သေးပါတယ်။

"ကိုကိုငယ် ပြန်မယ် အကုန်ပြီးပြီ!!"

ဂျစ်ကားပေါ်ထိုင်စောင့်နေတုန်း ဂျီလုံးငယ်သည် အိမ်စောင့်ဦးလေးကြီးနဲ့အတူအထုတ်တွေသယ်ကာ စူပုတ်နေသောမျက်နှာနဲ့ထွက်လာတော့သည်။

ငါရော....အသက်ဆုံးရှုံးလိုက်ရရင် ဒီကလေးဆန်ဆန်ကောင်လေးကို ဘယ်သူကငါ့လိုအစအဆုံးသဘောတွေ့အောင်အလိုလိုက်ပေးနိုင်မှာတဲ့လဲ???

သုံးရက်လောက်နေမယ်ဆိုပြီး ခုတော့ခဏထဲနဲ့ပြန်ရတာမို့ကောက်ချေပြီ။ ဒီကြားထဲ အိမ်ကိုမပြန်ပဲ ဂျီလုံးကိုမြို့ထဲက သူ့မိဘတွေဆီပို့ရင်း သူလည်းမြို့ထဲသွားရအုံးမည်။

° ချစ်လှစွာသော °{𝓛 𝓸 𝓿 𝓮 𝓵 𝔂 }Where stories live. Discover now