ချစ်လှစွာသော💛💚 (အပိုင်း-၈)

415 56 5
                                    

Unicode

"ကဲ....မေမေကသားတို့ကိုဓာတ်ပုံရိုက်ပေးမယ်နော်....ယောင်းအလယ်တန်းပထမဆုံးရောက်တဲ့အမှတ်တရရယ်....ဂျီလေးမူလတန်းနောက်ဆုံးနှစ်ရောက်တဲ့အနေနဲ့..."

"ဟုတ်မေမေ"

ဂျီမင့်အမေသည်ဓာတ်ပုံရိုက်ရတာဝါသနာပါသည်...ကင်မရာတစ်လုံးကိုင်ဆွဲကာခုလည်းကျောင်းရှေ့မှာမူလတန်းနောက်ဆုံးနှစ်သေးသေးလေးနဲ့အလယ်တန်းပထမနှစ်ကလေးလေးကိုဓာတ်ပုံရိုက်ပေးရန်ပြင်ဆင်နေသည်...... ။

^^^^^^^^^^^^

"ရှင်....ဒါဆိုယောင်းလေးကိုမွေးစားမဲ့သူတွေပေါ်လာပြီပေါ့နော်..."

"ဟုတ်တယ်မိန်းမ.....ယောကျာ်းနဲ့တော်လှန်ရေးပါတီဝင်ကတူတူပါပဲ....သူကလွှတ်တော်ဝန်ကြီး....သူကစိတ်ချရပါတယ်"

"မခွဲနိုင်တော့ဘူးယောကျ်ားရယ်.....ယောင်းလေးကိုသံဃောဇဥ်တွယ်နေပြီ...."

ငိုချင်သလိုလိုအသံတောင်တုန်နေသည်မို့ဂျီမင်အဖေလည်းစိတ်မကောင်းပါ....။

"ကိုယ်လည်းမပေးချင်ပါဘူးကွာ...ဒါပေမဲ့ကိုယ်တို့အခြေအနေကလည်းသိတဲ့အတိုင်း...."

ဒီနှစ်တွေထဲအလုပ်မရှိထွက်ပြေးတိမ်းရှောင်ခဲ့ရပါသောအဖေသည်လက်ထဲတွင်ပိုက်ဆံရယ်လို့များများစားစားမရှိတော့...။ခုအိမ်ရှေ့တွင်အိမ်ဆိုင်လေးဖွင့်၍သာလေးယောက်အနေချောင်ရခြင်း

"သူတို့ကကောင်းတယ်မလား..."

"ကောင်းပါတယ်.... ယောင်းလေးအဆင်ပြေမှာပါ"

"အင်း"

ထိုစကားကိုတံခါးနောက်ကွယ်ကနားထောင်နေခဲ့သောကလေးနှစ်ယောက်လည်းရှိနေခဲ့ပါသေးသည်....။

^^^^^^^^^^

"ကိုကိုငယ်နဲ့ခွဲရမှာလားဟင်...."

"သိဘူးလေ...မေမေငယ်ပြောနေတဲ့အတိုင်းဆိုကိုကိုငယ်ကဂျီလုံးနဲ့ခွဲရတော့မယ်ထင်တယ်"

ထိုကောင်လေးအပြောကိုမျက်တောင်မခတ်စမ်းနားထောင်နေတဲ့ကောင်လေးရဲ့မျက်နှာကငိုချင်လက်တို့ဖြစ်နေရသည်....သူမှကိုကိုငယ်နဲ့မခွဲနိုင်တာ....ကိုကိုငယ်ကတော့ဘာမှမဖြစ်ဘူးလားမသိဘူး။

° ချစ်လှစွာသော °{𝓛 𝓸 𝓿 𝓮 𝓵 𝔂 }Nơi câu chuyện tồn tại. Hãy khám phá bây giờ