ချစ်လှစွာသော💛💚(အပိုင်း-၁၈)

523 27 6
                                    

အပိုင်း၁၈(ဒုတိယပိုင်း)

"ဂျီလုံး ကိုယ်တို့ဖွင့်ပြောကြမလား မေမေလေးတို့ကိုလေ...?"

သွေးကြောင်နေခဲ့တာလည်းမဟုတ်။ ဒီရပ်ဝန်း ဒီလူတွေဟာသမာရိုးကျသာ ဘဝကိုဖြတ်သန်းကြသူများဖြစ်ကြတာမို့ သူတို့ရဲ့ ဖြစ်တည်မှုလေးကို ထူးထူးဆန်းဆန်းလုပ်ကာ လက်မခံနိုင်ကြမှာဆိုးသည်။

ဘယ်လိုပဲပြောပြော ကိုယ်တို့နှစ်ယောက်ဖို့ကိုယ်တို့နှစ်ယောက်သာအရေးကြီးပေမယ့် ချစ်ရသူစိတ်ထိခိုက်မှာဆိုးလို့ ဘာမှမပြောပဲငြိမ်နေခဲ့သည်။

ခုတော့ ဖွင့်ပြောချလိုက်မည်၊လက်ထပ်ခွင့်တောင်းမည်၊ဒီနှစ်တိုက်ပွဲအပြီးဝင်ကာ နောက်နှစ်မှာဆရာဝန်လောင်းလျာလေးကို လက်ထပ်ယူကာ နယ်မြို့လေးတစ်ခုမှာပဲဆေးခန်းဖွင့်ကြမည်။ ကိုယ်တိုင်သည်လည်းစတော်ဘယ်ရီပင်တွေစိုက်ကာအသက်မွေးဝမ်းကြောင်းပြုမည်။

တွေးကြည့်တိုင်းပြုံးရတဲ့ သူ့ရဲ့စိတ်ကူးလေးကိုအကောင်အထည်ဖော်ရန်ပထမဆုံးခြေလှမ်းမှာ မိဘတွေကိုဖွင့်ပြောဖို့သာ။

မျက်ဝန်းတွေပြူးကျယ်ကာ ဂျီမင်သည်အံ့ဩနေမိသည်။ ကိုကိုငယ်ပြောမယ့်အချိန်ကိုစောင့်နေတာ။ ခုလည်းအတူတူနေနေရတယ်ဆိုပေမယ့် မေမေတို့ကိုအသိပေးကာ တရားဝင်ချစ်သူတွေဖြစ်ချင်မိပါသည်။ လက်ထပ်ကြမယ်ဆိုလည်း ကိုကိုငယ်ပြောတာနဲ့သူကိုယ်တိုင်မှာခေါင်းငြိမ့်ဖို့အသင့်ရန်သာ။

ချစ်သူသက်တမ်းမကြာပဲလက်ထပ်ကြတယ်ဆိုတဲ့ ပုတ်ခတ်တတ်တဲ့စကားတွေကို ပြန်ခုခံရမယ်ဆိုရင် အရမ်းချစ်နေကြတာပဲ ဒီလူနဲ့ပဲဒီတစ်သက်လက်တွဲတော့မှာသိပ်ကိုသေချာနေရင် လက်ထပ်တယ်ဆိုတာကြာတယ်မကြာဘူးမရှိပါဘူး ကိုယ်တိုင်ဟာဒီလူနဲ့လက်တွဲမှာသေချာနေပြီမို့ လက်ထပ်ကြ‌ရအောင်ဆိုလည်း အင်း လို့ပြောဖို့ဂျီမင်တိတ်တိတ်လေးစဉ်းစားရင်းရယ်နေသည်။

သူ့ရဲ့လက်ဖဝါးနွေးနွေးအိအိတို့ကတော့ နှုတ်ခမ်းပါးရဲ့ခစားရာမှာမျောလွင့်နေခဲ့တော့သည်။ ထိုညက ကြယ်တွေလည်းစုံတယ် ရာသီဥတုလည်းလှနေသလို နက္ခတ်တာရာတွေလည်းပြောင်းလဲနေခဲ့တယ်။

Has llegado al final de las partes publicadas.

⏰ Última actualización: Aug 14, 2022 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

° ချစ်လှစွာသော °{𝓛 𝓸 𝓿 𝓮 𝓵 𝔂 }Donde viven las historias. Descúbrelo ahora