Unicode
ချစ်ခြင်းတစ်ခုသည် ကံကြမ္မာအရစတင်ခဲ့သော် ကံကြမ္မာအရဝမ်းနည်းစရာလေးတွေတော့ကြုံတွေ့ရအုံးမည်။
^^^^^^
"ကျွန်တော်တို့ မေမေ့တို့ကိုဖွင့်ပြောလိုက်ကြမလားဟင်?"
"ဖြစ်ပါ့မလား တော်ကြာ ကိုကိုငယ်တို့ကိုခွဲရင်ရော"
ဆိုဖာတွင် ထယ်ယောင်းကထိုင်နေပြီး ထယ်ယောင်းရင်ခွင်ထဲတွင်ဂျီမင်ကကျောပေးကာထိုင်နေသည်။ ထယ်ယောင်းကအလိုက်သင့်လေး ဂျီမင်အားဖက်ထားပေးကာ တီဘီရွိ အဖြူအမည်းကာလာနဲ့ပြဇာတ်တစ်ခုအားကြည့်နေသည်။
သို့သော်အခုဂျီမင်အနေနဲ့ပြဇာတ်ကိုအာရုံမရ။ မိဘတွေသိသွားမှာကိုလည်းစိတ်ပူနေရသည်။ ဖေဖေကစည်းကမ်းတင်းကျပ်တယ်လေ အဆင်မပြေမှာကိုလည်းအတော်ကြောက်နေမိပါသည်။
"စိုးမရိမ်ပါနဲ့ကိုကိုငယ်.....ပြောကြည့်ရင်တော့အကောင်းဆုံးပဲမလား?"
"အင်း နောက်ရက်မြို့ကိုတက်ပြီး မေမေလေးတို့ဆီသွားကြမယ်နော်"
ပါးလေးတစ်ဖက်ကိုငုံ့နမ်းကာထယ်ယောင်းကဆိုလိုက်သည်။ ဒီကောင်လေးကစိတ်ဓာတ်သန်မာသလောက် မျက်နှာလေးနဲ့အပြုအမူတွေကနူးညံတတ်သေးသည်။
အင်းးးးး လက်ဖဝါးနုနု လက်ချောင်းအုအုလေးတွေ၊ ခြေဖဝါးရဲရဲ ခြေချောင်းနီတာရဲနဲ့ ခြေထောက်ဖောင်းဖောင်းလေးတွေ၊ ဆူထော်နေတတ်သေးသောနှုတ်ခမ်းနီရဲရဲလေးတွေကလည်းမေ့မရသောတကယ့်အစိတ်အပိုင်းများ....
ဆန်မုန့်လုံးလေးလိုမျိုး ဖောင်းဖောင်းလုံးလုံးပါးနှစ်ဖက်သည် မြင်တိုင်းနမ်းချင်တာထပ်ကိုက်ပလိုက်ချင်စရာကောင်းသည်....ဘာလို့အဲ့လောက်အသည်းယားစရာကောင်းလှတာလဲ?
အနောက်ကနေရင်း ရှေ့ကပြဇာတ်ကိုတစ်မိန့်တစ်မောကြည့်နေသူလေးရဲ့ ဘေးဖက်ထွက်နေသော ပါးတွေသည်ကိုက်ချင်စရာ
စိတ်ထိန်းထယ်ယောင်း စိတ်ထိန်း မင်းကိုအော်လိမ့်မယ်!
မင်ယောင်းသည်စာရင်းဇယားတွေအတွက်လာရင်း ဧည့်ခန်းကမြင်ကွင်းလေးအားတွေ့သောအခါ နောက်ကြောင့်ပြန်လှည့်ကာ စတော်ဘယ်ရီတွေစိုက်ထားသောမှန်အိမ်ထဲက စားပွဲခုံထားရာနေရာတွင်သာလာထိုင်နေလိုက်သည်။ စာအုပ်တွေစားပွဲပေါ်တင်ရင်း
YOU ARE READING
° ချစ်လှစွာသော °{𝓛 𝓸 𝓿 𝓮 𝓵 𝔂 }
FanfictionWarning * ဤထဲမှ ဖြစ်ရပ်အားလုံးသည် စာရေးသူ၏ပုံဖော်ခြင်းသပ်သပ်သာဖြစ်သည်။ထိုခေတ်ထိုအခါက ပုံစံအားယူ၍ရေးသားထားခြင်းမျိုးမဟုတ်တာကြောင့်မတူညီနိုင်ပါ။ START-10/5/2021 END - ✓Mostersue_Ei✓