Unicode.....
{ကိုကိုငယ်ကိုရှာတွေ့ပြီ!}
စတော်ဘယ်ရီတွေလည်းခူးပြီးရေသေချာဆေးကာ....နှီးခြင်းလေးတွေနဲ့ထည့်ကာရေခဲသေတ္တာထဲထည့်လိုက်သည်....ပိုသည်တွေကိုဖျော်ရည်စက်ဖြင့် ဖျော်ကာ...ပုံစံခွက်လေးတွေထဲထည့်နေသူ...ပြီးတော့ရေခဲသေတ္တာရဲ့အပေါ်အံထဲထည့်လိုက်သည်...စတော်ဘယ်ရီရေခဲတုံးလေးတွေရတော့မှာ......
ပြီးသည်နှင့်.......
ညနေစောင်းနေသည်မို့အပင်တွေရေနည်းနည်းပါးပါးလောင်းရန်ဆုံးဖြတ်လိုက်သည်...ပန်းပင်လေးတွေ....
ဂြီိလုံးကိုတော့မခိုငျးတော့ပါ....
ဂျီလုံးသည်ဧည့်ခန်းဆိုဖာမှာထိုင်ပြီး တီဘီသေးသေးဆီက အဖြူအမဲကာလာနဲ့ဇာတ်ကားကိုကြည့်နေသည်.....တစ်ချက်တစ်ချက်ရီနေသေးသည်မို့ဘာတွေရီစရာပါလဲမသိပေမဲ့အသံလေးကအေးချမ်းသည်....။
"ငါအပင်ရေလောင်းအုံးမှာမို့တီဘီကြည့်ပေါ့....စားချင်ရင်တော့ရေခဲသေတ္တာထဲစတော်ဘယ်ရီတွေရှိတယ်...သကြားနဲ့စားချင်ရင်စား....ဖျော်သောက်ရင်သောက်"
"အင်းအင်း..."
တီဘီကိုသာစိတ်ဝင်တစားကြည့်နေပြီးမျက်နှာတောင်ပြန်မကြည့်ပဲဖြေနေတာမို့ထပ်မပြောပဲသူရေဆင်းလောင်းရန်သာဆုံးဖြတ်လိုက်သည်....။
ထယ်ယောင်းထွက်သွားတာနဲ့အပေါ်ထပ်ကိုအပြေးတတ်သွားလိုက်သည်....ထယ်ယောင်းအခန်းကိုဖွင့်လိုက်ပြီးကုတင်နားကစားပွဲခုံနားသွားလိုက်တော့.....
တွေ့ပြီ!ငါရှာနေတာတွေ့ပြီ!
အပျော်လုံးစို့ပြီးအော်လိုက်ချင်ပေမဲ့အောက်ကကြားသွားလျှင်ရိပ်မိကုန်မှာစိုးတာကြောင့်စိတ်ထဲကသာအော်လိုက်သည်...ဓာတ်ပုံမှန်ဘောင်လေးကိုလက်လေးနဲ့တို့ထိပြီးမျက်ရည်တောင်ဝဲမိသည်...မကြာပါအသံတိတ်ငိုကြွေးရပါသည်....
အကြာကြီးရှာနေခဲ့တာကိုကိုငယ်ရဲ့ ....သူ့အခန်းထဲကဓာတ်ပုံနဲ့ဆင်တူသည့်ထိုဓာတ်ပုံလေးသည်သူတို့နှစ်ယောက်၏အမှတ်တရတစ်ခုသာဖြစ်သည်.....ဘောင်ကအစကိုကိုငယ်ကိုယ်တိုင်လုပ်ပေးထားခဲ့တာ....
STAI LEGGENDO
° ချစ်လှစွာသော °{𝓛 𝓸 𝓿 𝓮 𝓵 𝔂 }
FanfictionWarning * ဤထဲမှ ဖြစ်ရပ်အားလုံးသည် စာရေးသူ၏ပုံဖော်ခြင်းသပ်သပ်သာဖြစ်သည်။ထိုခေတ်ထိုအခါက ပုံစံအားယူ၍ရေးသားထားခြင်းမျိုးမဟုတ်တာကြောင့်မတူညီနိုင်ပါ။ START-10/5/2021 END - ✓Mostersue_Ei✓