ချစ်လှစွာသော💛💚(အပိုင်း-၁၈)

518 29 2
                                    

အပိုင်း ၁၈ (ပထမပိုင်း)

ရွေးကောက်ပွဲတွေကျင်းပချိန်ရောက်လာတော့ ပါတီရှိကြတာပဲမို့မဲဆွယ်တဲ့ အခမ်းအနားတွေလုပ်ရင်းအလုပ်ရှုပ်နေဆဲ။ဆန့်ကျင်သူနဲ့တိုက်ခိုက်သူကြား ထိခိုက်ဒဏ်ရာရတဲ့ပြည်သူတွေလည်းအများကြီး။

မရလို့သာသည်းခံအောင့်အီးရင်းတစ်ကျော့ပြန်ကြ အကျဆိုးစွာ အဆတစ်ရာလောက်ဆိုးအောင် လုပ်ဖို့ထယ်ယောင်းတို့သေသေချာချာကြိုးစားနေရသည်။ နှစ်တွေကမနည်းတော့။ ဘယ်ချိန်တွေထိ တစ်နိုင်ငံထဲက အာဏာရှိသူတွေကြားအာဏာမရှိစွာနှိပ်စက်ခံနေရမှာလဲ?

ခုနှစ်ပေါင်းကိုးထောင်ကျော်။ ရာစုနှစ်တစ်ခုက ဘဝတွေဟာခက်ခဲနေခဲ့ပြီးကိုယ့်အသက်ထပ်အားလုံးရဲ့အသက်စည်းစိမ်တွေအတွက်ကြိုးစားပမ်းစားလုပ်နေကြတဲ့သူတွေ။ ငါသေသွားရင်တောင် ငါဒီလိုလုပ်ရပ်တွေလုပ်ခဲ့ပေးသေးတာပါလားဆိုပြီး သေပျော်ရတော့မှာပဲ။

ချစ်ရသူရော..ချစ်ရသူကတော့ သူကြိုးစားခဲ့ပေးတဲ့လွတ်လပ်ရေးလို့ခေါင်းစဥ်တပ်မရနိုင်တဲ့ တစ်ထောင့်တစ်နေရာကကြိုးစားပေးခဲ့တဲ့ဒီမိုကရေစီမှာ ပျော်ရွှင်စွာနေရမယ်ဆိုရင်သိပ်ကောင်းမှာပဲ။

ကိုကိုငယ်ကချစ်ရုံပဲချစ်တတ်တာလို့ စွာစွာလေးပြောလာရင် ကျွန်တော်ကဖြင့် ဦးနှောက်ထဲမှာအများသူငှာအသက်အိုးအိမ်ဖို့စဥ်းစားပြီးရင် မင်းမှမင်း ကိုယ်ကမင်းလေးကောင်းဖို့သာစဥ်းစားပါတယ်ဂျီလုံးငယ်ရယ်။ နှလုံးသားမှာဖြင့်တော့ ငယ်ရွယ်စဥ်ခုနှစ်ကာလတစ်ခုထဲက ပထမအထက်တန်းစားနေရာကနေ အဆင့်နေရာတိုင်းကမင်းပဲရှိတာပါ။ ကိုယ်ဖြင့်ကိုယ့်ကိုယ်ကိုယ်ချစ်ဖို့တောင်မေ့ပြီး မင်းအတွက်ပဲနှလုံးသားကိုခုန်စေခဲ့တာပါ။ ရှင်သန်ရခြင်းဟာမင်းကြောင့်ပါဂျီလုံးငယ် လို့တစ်သီးကြီးဖွဲ့သီပြချင်လိုက်တာ။

ယောကျ်ားလေးခြင်းကြိုက်နှစ်သက်ခြင်းတဲ့။ ဝမ်း နိုင်း အိတ် ဖိုက်(1985) မှာမဖြစ်နိုင်စရာရယ်။ ကျွန်တော်တို့အချစ်တွေက အများမြင်မှာညီအစ်ကိုသံဃောဇဥ်သာသာပဲရှိတယ်။ ဘယ်သူမှလက်မခံနိုင်လောက်ကြဘူး။ ခိုးချစ်ရတာလို့ခေါင်းစဥ်တပ်လို့ရတဲ့အချစ်ရေးမှာ ဒါတွေပြီးသွားရင်လည်း တရားဝင်ချစ်ပြနိုင်ဖို့အားတင်းထားပြီးသား။

° ချစ်လှစွာသော °{𝓛 𝓸 𝓿 𝓮 𝓵 𝔂 }Where stories live. Discover now