ထင်ထားသည့်အတိုင်းပင် Lou Gao Shanမှာ Datongရဲ့ဧကရာဇ်အားလုပ်ကြံရန်စေလွှတ်ခံရသော သူဖြစ်ပါသည်။
မိန်းကလေး Xia ကိုလည်းသိနှင့်နေပြီးသား...ဧကရာဇ်ရဲ့ အနှစ်သက်ဆုံးသောကိုယ်လုပ်တော် မိန်းကလေးဖြစ်ပြီး မွေးရပ်သို့အလည်ပြန်သည်ကိုလည်းသိထားနှင့်ပြီးသား ဖြစ်သည်။ သူဒီ အနောက်ဘက်အရပ်ဒေသကို လာရတဲ့ကိစ္စသည်လည်း ဒီအကြောင်းကြောင့် ဖြစ်ပါသည်။ ပြီးတော့
သွားခဲ့သမျှ လမ်းတစ်လျှောက် လာရောက် တိုက်ခိုက်ကြတဲ့ တိုက်ခိုက်ရေးသမားတွေကိုလည်း သူပဲစေလွှတ်ထားတာဖြစ်ပြီး သွားမည့်လမ်းကြောင်းအားလုံးကိုလည်းသူကပဲ အသိပေးထားတာပဲဖြစ်ပါလေသည်။သူတို့ရဲ့ ပထမဦးဆုံး လုပ်ကြံရေးကအစီစဉ်က ကံလုံးဝမကောင်းခဲ့ကာ ပျက်ယွင်းခဲ့လေသည်။ ဒါပေမဲ့လို့ အကို Lu အနောက်ကိုလိုက်လာရင်းနဲ့ အဆိုပါမိန်းကလေး Xia Ju Weiကို တောလမ်းတနေရာ၌တွေ့လိုက်ရတာမို့လို့ Lou Gao Shanသူ့ရဲ့ ကံကောင်းမှု့အား အရမ်းကိုအံ့အားသင့်နေရသလို ကျေနပ်နေမိသည်။
ဘယ်သူမှ သူ့အားအထင်လွဲ၊သံသယ မဝင်စေရန်
လိမ္မာပါးနပ်စွာနဲ့ တချိန်လုံး အကို Lu အနားကိုပဲကပ်နေကာ လူအများအမြင်မှာ သူဟာ အကို Lu နောက်လိုက်တဲ့သူအဖြစ်မြင်အောင် တမင်နေထိုင်ခဲ့သည်။ နောက်ပြီး အကို Luဆိုသည်မှာလည်း အားနွဲ့သော မိန်းကလေးတစ်ယောက်လုံးအား မျက်ကွယ်ပြုမသွားနိုင်မယ်မှန်းလည်း သူသိတာမို့ဖြစ်သည်။ဒါပေမဲ့သူမသိလိုက်တာက ထိုသို့ ဟန်ဆောင်ရင်းကနေ
အကို Luအပေါ် အမှန်တကယ် ရင်ခုန်မိကာ ချစ်သွားမိလိမ့်မည်ဆိုတာကိုပင်။ထိုသို့ စိတ်ခံစားချက်တွေရှိလာတော့ သူလုပ်ရမဲ့တာဝန်ဖြစ်တဲ့ Datongအင်ပါယာရဲ့ ဧကရာဇ်ကို လုပ်ကြံရမည့်ကို
လုံးဝ လက်လွှတ်လိုက်ကာ အကို Lu လက်တွဲကာကမ္ဘာအနှံ့ လျှောက်သာသွား လိုက်ချင်မိတော့တယ်။အခုလက်ရှိကတော့ ထိုချောမောလွန်းတဲ့ ဧကရာဇ်က အကို Luကို လွယ်လွယ်လေးနဲ့ပဲ ခေါ်ဆောင်သွားခဲ့တယ်..
သူ့အကိုအရင်းတုန်းကလည်းပဲ ထိုနည်းတူစွာပဲ...အမှန်မှာတော့ သူ ဒီ Datongရဲ့ ဧကရာဇ်ဆိုသူကို လုပ်ကြံဖို့ တာဝန်ကို သူယူခဲ့တာက သူ့ရဲ့အကိုအတွက် လက်စားချေ
ချင်တာမို့လို့ဖြစ်တယ်။ အချိန်အကြာကြီးယူကာ နက်နက်နဲနဲ လိုက်လံရှာဖွေစူးစမ်းပြီးနောက် သူသိလာရတာက သိုင်းလောကရဲ့ သူရဲကောင်းတစ်ချို့ ထူးဆန်းစွာပျောက်ဆုံးရခြင်းက အဲ့ဒီ့ Datongဘုရင်နဲ့ တစ်ခုမဟုတ်တစ်ခု သက်ဆိုင်နေတယ်ဆိုတာပင်။ တကယ့် အကြောင်းပြချက်ကတော့
ထိုဘုရင်နဲ့ ကောင်းကင်ဘုံကသာလျှင်သိလိမ့်မယ်။
သန်မာကြံခိုင်မှု့တွေနဲ့ တည်ငြိမ်အေးဆေးစွာနေတတ်တဲ့
ပုံစံခြင်းတူတာတွေ နောက်ပြီး စကားနည်းကာ အမှန်တရားကိုပဲ မြတ်နိုးတတ်တဲ့ သူ့ရဲ့ အကိုအရင်းဟာ အကို Lu နဲ့တပုံစံတည်း၊တထေရာတည်းပင်။
YOU ARE READING
HHYL Fanfic : Red Thread of Fate { Myanmar Translation} *Completed*
Исторические романыHuaHuaYouLong fanfic 'Red Thread of Fate' Myanmar Translation Written in both zawgyi and unicode Story belongs to author Luxiufer Already have permission from original author Luxiufer