Red Thread of Fate 3

3.7K 314 0
                                    


သူတို့နှစ်ဦးစလုံး မတ်တပ်ရပ်လိုက်တဲ့အခါ ထိုလူဟာ
Lou Gao Shan ထက်အရပ်ပိုမြင့်တယ်၊ သိပ်ပြီး
အရမ်းကြီးမသိသာပေမယ့် အဲ့ဒိလူဟာ သူ့ထက်အရပ်
ရှည်တယ် ပြီးတော့ ထိုသူ့ရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံကလဲလည်း အရမ်းကြီး ကြီးမားတုတ်ခိုင်နေတာမျိုးလည်း
မဟုတ်ပဲ ပြေပြေပျစ်ပျစ်နှင့် ယောက်ျားပီသစွာ ရှိလို့နေတယ်။ Lou Gao Shan ထိုအချင်းအရာ ကိုကြည့်ပြီး
ကိုယ့်ကိုကိုယ် ခေါင်းအသာငြိမ့်လိုက်တယ်။
သူ့ကိုစိတ်ပျက်တဲ့ အမူအရာ ပုံစံပြနေပေမဲ့လို့ ထိုသူဟာ
တကယ့်ကိုလူတော်တစ်ဦးဖြစ်တယ်ဆိုတာကို
Lou Gao Shan ပွင့်ပွင့်လင်းလင်း ဝန်ခံမိသလို
လေးလဲလေးစားမိတယ်။ ထို့နောက် ထိုလူဟာ
ထုံးစံအတိုင်း ဂရုမစိုက်တဲ့ မျက်နှာပေး ပြန်မဖမ်းခင်
ခဏတာအချိန်လေးမှာ သူ့အား မျက်မှောင်ကျုံ့ကာ
ကြည့်လာတာကိုသူတွေ့လိုက်ရတယ်။

Lou Gao Shan အနေနဲ့ အစားအစာ စားဖို့တောင်
သတိမရတော့တဲ့အထိ အသိလွတ်ကာထိုလူနောက်ကို နောက်ယောင်ခံလိုက်လာမိတယ်။
အခုချိန်မှာ သူသိတာက ထိုလူဟာ သူ့ကိုလိုလားတဲ့
ပုံမပြပေမဲ့လို့ သူကိုယ်၌က ထိုသူ့အကြောင်း
သိချင်တဲ့စိတ်ကအလေးသာနေတာမို့ အခုလိုမျိုးတွေ
သူလုပ်နေခြင်းပင်။

အစပိုင်းမှာတော့ ထိုလူဟာ Lou Gao Shan သူ့နောက်ကို နောက်ယောင်ခံလိုက်နေတာကို ထိုသူမသိတာလား
ဒါမှမဟုတ် သိပေမဲ့ ဂရုမစိုက်တာလား မပြောတတ်ပေ။
ခဏကြာတော့သူတို့ နှစ်ဦးစလုံး ထိုမြို့လေးရဲ့
အစွန်နယ်စပ်ကို ရောက်လာချိန်မှာတော့ ထိုလူဟာ
လှမ်းနေတဲ့ခြေအစုံကိုရပ်ကာ သူရှိတဲ့နောက်ကို
ပြန်လှည့်လိုက်ပြီး Lou Gao Shan အား ကြည့်လိုက်ပြီး

" ငါ့အနောက်ကို လိုက်နေတာလား?".....လို့မေးလာတယ်။

Lou Gao Shan လဲမမျှော်လင့်ပဲ ရုတ်တရက် မေးလာတဲ့အမေးကြောင့် ပါးစပ်အဟောင်းသားနှင့် ခဏတာ
ကြောင်သွားကာ နောက် ချက်ချင်းဆိုသလိုပဲ

" အာ....အဲ့လိုမဟုတ်ရပါဘူး၊ သွားနေတဲ့ ဦးတည်ရာလမ်းကြောင်းတူနေတာ ဖြစ်မှာပါ"..

"အဲ့ဒါဆိုရင်မင်းက ဘယ်ကိုသွားမှာလဲ?"....

Lou Gao Shan ဘာပြန်ဖြေရမှန်းချက်ချင်းမသိတာနဲ့ ဘေးပတ်ဝန်းကျင်အားတချက်ကြည့်လိုက်ရာ စောစောနက သူစားသောက်ဆိုင်ကို လာခဲ့တဲ့လမ်း ဖြစ်နေတာကို
တွေ့လိုက်ရတယ်။ အဲ့ဒါနဲ့ပဲ သူလဲ

HHYL Fanfic : Red Thread of Fate  { Myanmar Translation} *Completed*Where stories live. Discover now