Red Thread of Fate 8

2K 192 0
                                    

အိပ်ပျော်နေသော အစ်ကို Lu ရဲ့ မျက်နှာမှာ လွန်စွာမှ ငြိမ်းချမ်းနေပြီး ထိုမျက်နှာအား Lou Gao Shan ထိ၊ကိုင် ချင်စိတ်တို့အား ထိန်းမရနိုင်ပေ။

နိုးမသွားစေရန် သတိကြီးကြီးထားကာ ဖြေးညှင်းစွာဖြင့် လက်ကို ဆန့်ထုတ်ကာ Lu Tian Ying ၏ချောမောနေသော မျက်နှာအားထိတွေ့လိုက်သည်။

အသားရည်နူးညံ့နေသည်မှာ ငှက်မွှေးအလားပင် ရှိချေသည် ထို့နောက် အနည်းငယ်တုန်လှုပ်နေသော လက်အားအသာထိန်းကာ နူးညံ့၍စိုစွတ်နေသော နုတ်ခမ်းဖျားအားအသာထိ‌လိုက်လေသည်။ ထိုသိုထိလိုက်သောကြောင့် နုတ်ခမ်းမှာ အသာဟသွားလေသည်။ သူ၏လက်ချောင်းတို့အား လာရောက် ထိခပ်နေသော Lu Tian Ying ၏နွေးထွေးလှသော ဝင်သက်ထွက်သက်တို့မှာ သူအား ထိတ်ချုပ်ရသောစိတ်အစဉ်တို့အားဖြစ်ပေါ်လာစေလေသည် ထို့ပြင် ခပ်ဟဟ ရှိနေသော နုတ်ခမ်းအစုံ ကလည်း သူ့အား အရူးအမူး ဖြစ်အောင် စွဲဆောင်မှုပြုနေသလိုပင် ရှိနေလေသည်။

Lou Gao Shan အရင်တုန်းက ဘဝမှာ တခါမှ မည်သည့်လူတစ်ဦးတစ်ယောက်ကိုမှ ပြင်းပြစွာ စိတ်ဝင်စားခြင်း မရှိခဲ့ဘူးပေ။ မိန်းကလေးဖြစ်စေ ယောက်ျားလေးဖြစ်စေ အားလုံးကို တန်းတူညီမျှသာ ဆက်ဆံခဲ့ပါသည်။ သူ၏ အိမ်သူသက်ထား အဖြစ် ဖြစ်ချင်ကြသူတို့မှာ မရေမတွက်နိုင်အောင် ရှိပေမဲ့ သူဘယ်တော့မှ အရေးမစိုက်ခဲ့ပေ။ ယောက်ျားလေး ဆိုပို၍ဝေးသေး။ ငယ်ရွယ်ပြီး ချောမောလှပတဲ့ မိန်းမပျိုလေးတွေကိုတောင်မှ သူစိတ်မဝင်စားသေးတာ ဒီလိုမျိုး တောင့်တင်း ကြံ့ခိုင်သော ခန္ဓာကိုယ်ပိုင်သည့် ယောက်ျားလေးအပေါ် ဘယ်လိုလုပ်ပီး သူစိတ်ဝင်စားမိနိုင်ပါ့မလဲ ဟုတွေးနေမိသည်။
အခုအချိန်ထိလည်း သူ့ကိုယ်သူငြင်းချက်များပေးနေမိသည်။

သူ့ရဲ့ အတွင်းခံစားချက်တို့အား Lu Tian Ying မှ နိုးစွပေးခဲ့သည်။ အဖြစ်နိုင်ဆုံးကတော့ သူ့ရဲ့ အေးတိအေးစက်နိုင်သောအကြည့်တို့အောက်တွင် သူနှလုံးသားစည်းချက်မမှန်ခြင်း တို့ဖြစ်ခဲ့ရသည်မှာ အသေအချာပင်။ ပုံမှန်အားဖြင့် အခြားလူတို့မှာ Lou Gao Shan အားကြည့်လျှင် အံ့ဩခြင်း၊ အထင်ကြီးလေးစားခြင်းတို့ ပါသောအကြည့်တို့ဖြင့်သာကြည့်ကြလေသည် သို့ပေမဲ့ အစ်ကို Lu ကသာလျှင် သူ့အား သာမာန်လူအားကြည့်သည့် အကြည့်ဖြင့် ကြည့်လေသည်။

HHYL Fanfic : Red Thread of Fate  { Myanmar Translation} *Completed*Where stories live. Discover now