Red Thread of Fate 4

2.9K 332 11
                                    


"ဆိုတော့ မင်းက ငါ့အနောက်ကို သေချာပေါက် လိုက်နေခဲ့တာပဲ၊ မင်းဘာလိုချင်လို့လဲ...ဘာအကြောင်းရှိလို့လဲ"....

ဘယ်အချိန်ကတည်းက ထိုလူ သူ့အနောက်ရောက်နေမှန်းသူမသိချေ။ ငွေရောင်အလင်းတချက် သူ့မျက်ဝန်းအိမ်ကနေ‌ဖျတ်သွားတဲ့နောက် သူ့လည်ပင်းမှာ ဓားရဲ့အေးစက်တဲ့ အထိအတွေ့တခုကို သူခံစားလိုက်ရတယ်။

မမျှော်လင့်ထားတဲ့ အခြေအနေကြောင့် Lou Gao Shan တကယ့်ကိုတုန်လှုပ်သွားခဲ့တယ်၊ အလိုအလျှောက်စိတ်ထဲမှာလည်းပဲ တွေးလိုက်မိတယ်ထိုသူဟာထင်ထားတဲ့အတိုင်းကိုပဲ သိုင်းပညာအဆင့်မြင့်တဲ့သူတစ်ယောက်ဖြစ်တယ်ဆိုတာပင်။ ဒါပေမဲ့ သူ့ထက်သာလွန်ပြီး မြင့်မာတဲ့သူဖြစ်နေလိမ်မယ်လို့ သူယောင်လို့တောင်မှ မတွေးမိ၊ မစဉ်းစားမိပါချေ။

ခေတ္တမျှပြောစရာစကားတို့ပျောက်ဆုံးလျှက် ဆွံ့အနေမိပြီးရုတ်တရက်မို့ လန့်သွားကာ မျက်လုံးအဝိုင်းသားနှင့် ထိုသူ့အားကြည့်နေမိတယ်။ ထိုသူ့ထံမှာ လူသတ်တော့မဲ့ အရိပ်‌အယောင်တွေ အတိုင်းသားမြင်နေရတာမို့ သူတုပ်တုပ်မျှ မလှုပ်ရဲ..
ပြီးတော့ ထိုသူက Lou Gao Shan ကို အခုထက်ထိ အေးစက်တဲ့ အကြည့်တိုနဲ့ကြည့်ကာ သူ့ထံမှ ပြန်လာမဲ့ အဖြေကိုစောင့်နေလေတယ်။
"...ကျွန်တော်....ကျွန်တော်က..."
Lou Gao Shan ဘာမှဆက်မပြောရသေးခင်မှာကိုပဲ ရုတ်တရက်ဆိုသလို ကောင်းကင်ထက်မှာ တိုက်ခိုက်သံတွေ ဆူညံစွာထွက်ပေါ်လာတာမို့နှစ်ဦးသားအချင်းချင်းတစ်ချက်ကြည့်ကာ အသံလာရာကို သွားလိုက်ကြတယ်။

တိုက်ခိုက်နေတဲ့ တိုက်ပွဲဖြစ်ရာနေရာကိုရောက်တော့ တွေ့လိုက်ရတာက အားနွဲ့တဲ့ မိန်းကလေးတစ်ဦးကို လူတစ်စုတ
သတ်ဖြတ်ရန်ကြိုးစားနေခြင်းပင်။ ထိုမိန်ကလေး ခေါင်းနဲ့ ကိုယ် တခြားဆီ မဖြစ်ခင်လေးမှာတင် သူတို့ နှစ်ဦးရောက်လာတာဖြစ်တယ်။ ထိုသူဟာ Lou Gao Shan ကို အခုထိမယုံကြည်သေးပေမဲ့လို့ အချိန်ဆွဲ‌မနေပဲ အမြန်လာခဲ့လိုက်တာမို့ ထိုမိန်းကလေး အသက်ဘေးမှ ကံကောင်းစွာ လွတ်သွားတာဖြစ်တယ်။

သာမန်လူဆို မြင်ဖို့မလွယ်ကူတဲ့ လှုပ်ရှားနည်းမျိုးနဲ့ ထိုသူဟာ မိန်းကလေးကို ဓားနဲ့ ရွယ်ထားသူရဲ့ရှေ့ကိုသွားပြီး သူ့ရဲ့ဓားဖြင့် ဟန့်တားလိုက်တယ်။ ထိုအခြင်းအရာကိုကြည့်ပြီး တိုက်ခိုက်နေတဲ့သူတွေအားလုံး အကြီးအကျယ်ကိုတုန်လှုပ်သွားခဲ့ရတယ်။ထိုသူဟာ လုပ်ကြံသူအုပ်စု အားဝင်ရောက်တိုက်ခိုက်နေစဉ်မှာ Lou Gao Shan လည်းမိန်းကလေးအားခေါ်ကာ တိုက်ပွဲနှင့် ခပ်လှမ်းလှမ်းရှိရာနေရာကို ခေါ်သွား နေရာချထား‌ပေးလိုက်လေတယ်။ ထို့နောက် တိုက်ပွဲရှိရာကိုပြန်လာပေမယ့်သူဝင်ရောက်မတိုက်ပဲ ဘေးကနေ ထိုသူရဲ့ ဓားရေးစွမ်းရည်ကို ကြည့်ကာ အကဲဖြတ်နေလိုက်တယ်။

HHYL Fanfic : Red Thread of Fate  { Myanmar Translation} *Completed*Where stories live. Discover now