Red Thread of Fate 2

6.4K 357 0
                                    


ထိုသူရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံကိုဝေဖန်ကြည့်ရင်
သူဟာ သိုင်းပညာကိုvလေ့လာလိုက်စားသူ တစ်ဦးဖြစ်တယ်
ဆိုတာ အတတ်သိ နိုင်ပါတယ် ဘာလို့လဲဆိုတော့ စားပွဲရဲ့အစွန်းမှာတင်ထားတဲ့ ဓားရှည်တစ်လက်က သက်သေ
ပြလို့နေတာမို့။ နောက်ပြီး သူ့ရဲ့ အပြုအမူ၊နေထိုင်စားသောက်မှု့ပုံစံကို ကြည့်ခြင်းကလည်း သူဟာ အဆင့်အတန်းမြင့်မားတဲ့ အသိုင်းအဝိုင်းထဲကဆိုတာသိသာလွန်းလှတယ်။
ညှို့ယူဖမ်းစားထားခြင်းခံရသလို ထိုအရပ်ရှည်တဲ့သူဟာ
သူ့ရှေ့ကလူရယ် သူစားနေတဲ့ အစားသောက်ရယ်ကို မျက်တောင်မခတ်တမ်း ကြည့်လို့နေမိ‌လေတယ်။

ထိုချောမောတဲ့လူဟာ သူကိုတစ်စုံတစ်ယောက်က အသေအချာစိုက်ကြည့်နေသလိုခံစားရတာမို့ စားနေတဲ့ အစား‌အသောက်စီကနေ မျက်လွှာကို တစ်ချက် ပင့်ကြည့်လိုက်တယ်။ မျက်ခုံးနှစ်ဖက် တွန့်ချိုးသွားသည့်တိုင်
ဘာစကားတစ်ခွန်းမှမဆိုချေ။

"အာ.....တောင်းပန်ပါတယ်၊ ကျွန်ုပ်ရဲ့ ရိုင်းပြတဲ့ အပြုအမူကိုခွင့်လွှတ်ပေးပါ။ ကျွန်ုပ် နာမည် Lou Gao Shan ပါ၊ ကျေးဇူးပြုပြီး ဟောဒီက ခင်ဗျားနဲ့ မိတ်ဆွေဖြစ်ခွင့်ရနိုင်မလား"..လို့ သူကိုယ့်ကိုကိုယ် မိတ်ဆက်ရင်း ခင်မင်မှုတောင်းခံလိုက်တယ်။ နောက်ပြီး စိတ်ထဲမှာလည်း ဘာရယ်မဟုတ် အကြောင်းပြချက်မရှိ ထိုသူရဲ့ အကြောင်းအရာ ဘယ်သူ၊ဘာဆိုတာကို ချက်ချင်းကြီးသိချင်လာမိတယ်။

သို့သော် Lou Gao Shan ‌ရဲ့ အရှေ့မှာထိုင်နေတဲ့ ထို ကိုလူချောကဘာတစ်ခုမှ တုန့်ပြန်လာခြင်းမရှိ၊ ဒီတိုင်းမျက်ခုံးတွန့်ချိုးကာ စားလက်စ အစား ကိုသာဆက်၍စားနေလေတယ်။သူ့‌အကြောင်းကို ပြန်ပြီး မိတ်ဆက်ဖို့နေနေသာ သူ့ကိုပြောနေတာကိုပင်အာရုံမရှိ၊ စိတ်မဝင်စားချေ။

အခုလို အေးစက်ကာ စိမ်းကားပြီး အဖက်မလုပ်တဲ့ ပုံစံချိုးပြနေပေမယ့်လို့ ထိုသူ့ကို စိတ်ဆိုး၊ဒေါသထွက်ရမယ့်အစား Lou Gao Shan တစ်ယောက် ထိုအရှေ့ကထိုင်နေတဲ့ ကိုလူချောကို ပိုလို့စိတ်ဝင်စားခြင်းပဲ စိတ်ထဲမှာ ဖြစ်လို့နေတယ်။ ဧကန်န *မဟုတ်မှ လွဲရော သူထိုလူ့ကို စိတ်ဝင်စားနေမိပြီလား* လို့ စိတ်ထဲတွေးနေမိလာတယ်။

HHYL Fanfic : Red Thread of Fate  { Myanmar Translation} *Completed*Where stories live. Discover now