Red Thread of Fate 6

2.2K 248 4
                                    

လပြည့်ည ဖြစ်တာမိူ့ ကောင်းကင်ယံထက် လဝန်းကြီးက
လုံးကာပြည့်တင်းလျှက်။ နွေးထွေး‌တဲ့ အလင်းတန်းတချို ယှက်ဖျာကာကျ‌ဆင်းနေပေမဲ့လို့ ညင်သာစွာ တိုက်ခတ်လာတဲ့ ညလေအေးက အချမ်းဓတ်မလျှော့ပေ။

ပြတင်းတခါးဘောင်မှာထိုင်နေရင်း ထိုဖြာကျနေတဲ့လရောင်ကို Lu Tian Ying အကြောင်းမဲ့ ထိုင်ငေးနေမိတယ်။

လပြည့်ညတွေ ဘယ်နှစ်ကြိမ်များဖြတ်ကျော်ခဲ့ပြီးပြီလဲ။ ခြောက်ကြိမ်လား၊ ခုနှစ်ကြိမ်လား သူမသိတော့ အဲ့ဒီ့ထက်လည်းပိုချင်ပိုမှာပေါ့။
အရင်ကဆို အမြဲလိုလို လပြည့်ညတိုင်း ချစ်သူနဲ့ ထိုင်ကာ အချိန်ဖြုန်း ခဲ့တာ ဒါပေမဲ့ အခုတော့ အာ...အခုချစ်သူမှမဟုတ်တော့သည်ပဲ အဆက်ဟောင်း‌တစ်ယောက်ဖြစ်သွားပြီပဲလေ။

အချိန်တွေကုန်ဆုံးလာတာနဲ့အမျှသူလည်းနာကျင်ခံစားရတယ်။ လပြည့်ညရဲ့ အလှအပတို့ကို ချစ်သူနဲ့ ကုန်ဆုံးနိုင်မဲ့ အခွင့်အရေးသူ့မှာမရှိတော့ဘူး။ ထပ်မရနိုင်တော့တဲ့ပြင်းရှတဲ့ အနမ်းတွေ၊ ပြန်မရနိုင်တော့တဲ့ ချမ်း‌အေးညတွေမှာ ထွေးပွေ့ပေးမဲ့ နွေးထွေးတဲ့ ရင်ခွင်ကျယ် နောက်ပြီး ပျားသကာလို ချိုမြတဲ့ ပြောစကားတွေ သူကြားရဖို့မလွယ်ကူတော့ပါလေ ဒါတွေဟာ တကယ်ကိုပဲ ခါးသီးတဲ့အမှန်တရားတွေပင်။
အဆက်ဟောင်းကိုမေ့ပစ်လိုက်ဖို့ သူဒီမြို့တော်ကနေထွက်လာခဲ့ပြီး တခြားနေရာအနှံ့ခရီးဆက်ဖို့ ရည်ရွယ်ထားတာ။ ဒါပေမဲ့မြို့‌တော်ကနေ ထွက်လာတာ တလခွဲလောက်သာရှိသေးတာကို သူဘာအမှာများလုပ်မိလို့ ကံကြမ္မာ နတ်ဘုရားက သူ့ကို ဒီမြို့တော်ရှိရာကိုပဲ ပြန်ရောက်အောင်ဖန်တီးနေတာလဲ သူမတွေးတတ်တော့ဘူး။ အဆက်ဟောင်းရှိရာ နေရာကို ပြန်ရတာ.....ထိုအဆက်ဟောင်းဆိုသူက သူ့ကိုစွန့်ပစ်ထားလို့ မေ့တောင်မေ့နေလောက်ပါပြီ သူကသာခံစားနေရတာ။ အခုတော့သူ့ပုံစံက အဆက်ဟောင်းရဲ့ ကွန်ယက်ကနေမလွတ် မြောက်နိုင်တဲ့လူလိုပဲ။ လွတ်မြောက်ဖို့ ထွက်လာကာမှပဲ ပြန်ပြီး ညွှတ်ကွင်းထဲဝင်နေမိသလိုပဲ။
သူ့ရဲ့ မျက်ဝန်းထက် ပူနွေးမှု့ကိုတောင်သတိမထားမိလိုက်ပဲ သက်ပြင်းရှည်တချက်ချလိုက်မိတယ်။
"အကိုကြီး...."
ပုခုံးကို ညင်ညင်သာသာပုတ်ကာ ခပ်တိုးတိုးအသံနှင့် ခေါ်လာပေမဲ့လို့ သူရုတ်တရက်မို့ လန့်ကာထခုန်သွားမိတယ်။ အတွေးရေယဉ်ကြောမှာ နစ်မြာနေတာမို့ ဘေးနားကိုလူရောက်လာတာတောင်သူသတိမမူမိပါလေ။
"Lou Gao Shan မင်းအခုထိမအိပ်သေးဘူးလား.."
မျက်ဝန်းထောင့်မှ ကျလုဆဲဆဲ အရည်ကြည်တချို့အားဖုံးကွယ်ကာ သူမေးလိုက်တယ်။
မမျှော်လင့်ပါပဲ သူတို့ မြို့တော်ကို သွားရတဲ့ခရီးက ထင်သလိုမချောမွေ့ပါချေ။ ပုံမှန်ဆို သူတို့စပြီး ထွက်လာတဲ့နေရာကနေ မြို့တော်ကို ခြေလျှင်ပဲလမ်း‌ေလျှာက်သွားတောင်မှ အလွန်ဆုံးကြာ အချိန်တစ်လခန့်ပေါ့ ဒါပေမဲ့အခု သူတို့ခရီးစဉ်ကလမ်းတစ်ဝက်ပဲရှိသေးပေမဲ့ အချိန်တစ်လ ကုန်ပြီးနေပြီ၊ မြို့တော်ကို ရောက်ဖို့ဆိုနောက် တစ်လလောက်ထပ်ကြာဦးမှာ။
ဘာလို့လဲဆိုတော့ ပြောစရာကိုမလိုအောင်ပင် တနေ့တမျိုးမရိုးနိုင်အောင် ဓားပြ‌တွေ တစ်အုပ်စုပြီးတစ်အုပ်စု Xia Ju Wei ကိုလက်စဖြောက်ဖို့ ကြိုးစားနေတာမို့လို့ သူတို့ တောကိုဖြတ်ပြီးသွားရတဲ့ ဖြတ်လမ်းတိုကို သုံးမရဘဲ မြို့ငယ်တွေရွာငယ်တွေကို ကွေ့ပတ်ကာ သွားရတာမို့ ခရီးက လိုတာထက်ပိုရှည်ကြာနေခြင်းဖြစ်တယ်။

HHYL Fanfic : Red Thread of Fate  { Myanmar Translation} *Completed*Where stories live. Discover now