Red Thread of Fate 10

1.5K 104 4
                                    

Lu Tian Ying အရှင်မင်းကြီး၏ လာရောက်ထိတွေမှုကို ငြင်းပယ်ရန်အလိုငှာ ခန္ဓာကိုယ်ကို ‌အနောက်သို့လက်မအနည်းငယ် ဆုတ်လိုက်ပြီး ရှောင်လိုက်သည်။

"ကိုယ့်ကို ကိုယ် ဒါဘယ်လိုအပြုအမူလုပ်နေတယ်ဆိုတာ သိရဲ့လား.."

ပြောဆိုလိုက်တဲ့ မင်းကြီးရဲ့ အသံမှာ နူးညံ့မှု့ တို့ အတိုင်းသားပါဝင်နေတာမို့ လူအများမှာ ပါးစပ်အဟောင်းသားနှင့်။

Lu Tian Yingဘာမှတုန့်ပြန်ခြင်းမပြု..၊ နေမြဲအတိုင်းမြေပြင်ပေါ်ဒူးထောက်ကာ ခေါင်းအားငုံ့ထားသည်မှာ ကျောက်ရုပ်တစ်ရုပ်ချထားသည့်နှယ်..

အနည်ငယ် တုန်ရင်နေသော လက်ဖြင့် မင်းကြီးသည် Lu Tian Ying၏‌ မေးစေ့အားအသာထိကိုင်ကာ သူနှင့် မျက်နှာချင်းဆိုင်ဖြစ်စေရန် မျက်နှာအားအပေါ်သို့ဆွဲယူမော့‌ လိုက်သည်။
မင်းကြီးထံမှ အကြည့်တို့ ရှောင်လွှဲရန်အလို့ငှာ Lu Tian Ying မျက်လုံးအားတစ်ဖက်သို့ အကြည့်လွှဲလိုက်လေသည်။

"မင်း တကယ့်ကိုပဲ ကိုယ်တော့်ကို လုံးဝမကြောက်ဘူးလား!!...၊ခေါင်းမာလွန်းအားကြီးလိုက်တာ!!!.." Lu Tian Ying၏ သူ့အ‌ပေါ် မလျှော်ကန်တဲ့ အပြုအမူ ကို ပြုနေခြင်းကြောင့် မင်းကြီး တိကျပြတ်သားစွာ ပြစ်တင်ကြိမ်းမောင်းလိုက်လေသည်။ သို့သော် ထိုသို့ပြောဆိုသည့် အသံထဲ၌ ပင် နူးညံ့ငြင်သာမှု့ ၊ကြင်နာမှု့တို့အား အတိုင်းသား တွေ့နေရပေသည်။

Xia Ju Wei ကိုယ့်နားကို ပင် မယုံနိုင်ချေ။ သူမဟာ အရှင်မင်းကြီးရဲ့ အနှစ်သက်ဆုံး ကိုယ်လုပ်တော်‌တစ်ယောက်ဖြစ်ခဲ့တာတောင် မှ ယခုကဲ့သို့ နူးညံ့သော လေသံဖြင့် ပြောဆိုခြင်း တခါမှ မခံယူခဲ့ရဖူးပေ။

"စစ်သူကြီး Ding!!.." မင်းကြီး၏ ရုတ်တရက်အော်ကာ‌ခေါ်လိုက်ခြင်းကြောင့် လူ‌အပေါင်းမှာ အနောက်သို့ လန့်ကာဆုတ်သွားကြလေသည်။ "တပ်ဖွဲ့တစ်ခုကို ဦးစီးပြီး အဲ့ဒီအရိုင်းစိုင်းကောင်တွေကို ဖမ်းခဲ့..၊ ဘယ်လိုနည်းနဲ့သုံးပြီး ဖမ်းဖမ်း ငါဂရုမစိုက်ဘူး ရအောင်ဖမ်းခဲ့ ပြီးတော့ ဘယ်သူလွှတ်လိုက်တာလဲဆိုတာပါ သိအောင်လုပ်ခဲ့..."

"အမိန့်တော်အတိုင်းပါ..အရှင်မင်းကြီး.."

Ding Peng တုံ့ဆိုင်းခြင်းမရှိ မင်းကြီးအား အလေးပြုကာ ချက်ချင်းပဲ တိုက်ခိုက်သူတို့အားဖမ်းဆီးရန် ဦးတည်လိုက်သည်။

HHYL Fanfic : Red Thread of Fate  { Myanmar Translation} *Completed*Where stories live. Discover now