Red Thread of Fate 7

2K 235 3
                                    

"ကောင်းတယ်...အခုမှပဲ စိတ်ကုန်စရာနဲ့ ပျင်းဖို့ကောင်းတဲ့
မြို့တွေကနေမသွားရတော့ဘူး.."

ထိုသို့အနောက်မှ သူတို့ဖြစ်တာဖြစ်ရလို့ မြူးထူးစွာပြောဆိုနေတဲ့ ‌နှစ်ယောက်ကြောင့် Lu Tian Ying တဖြည်းဖြည်းနဲ့ မျက်နှာထားမှာ တင်းလို့လာလေသည်။

" ဟေး မင်းတို့နှစ်ယောက်သိဖို့ ငါတို့အခုကပျော်ပွဲစားထွက်လာတာမဟုတ်ဘူး။ ပြီးတော့ ဒီအခြေအနေမှာ မင်းတို့ကပိုပြီး ဂရုတစိုက်နဲ့နေရမှာ ရန်သူက အချိန်မရွေးနေရာမရွေး လာပြီးတိုက်ခိုက်နိုင်တာ‌ကြောင့် မင်းတို့သိထားရမှာမဟုတ်ဘူးလား!".

"ကျွန်တော်တို့မှာ အစ်ကိုကြီး Lu ရှိနေတာပဲ ဘာစိုးရိမ်စရာလဲ".. ဟု၍ အဖြေသာ Lu Tian Ying ထိုနှစ်ယောက်ထံမှပြန် ရလေသည်။

ထိုနှစ်ယောက်အား Lu Tian Ying တကယ်ကိုပင် လက်လန်သွားပါသည်။ ၎င်းတို့အား ကူညီမည်ဟု မိုက်မဲစွာ ကတိပေးခဲ့သည့် ကိုယ့်ကိုကိုယ်သာ စိတ်ပျက်ပျက်နဲ့ ခေါင်းခါမိသွားလေသည်။

ထို‌ အရူးနှစ်ယောက်မှာ သွားလေရာ တောလမ်းတစ်လျှေက်လုံးပျော်ရွှင် မြူးထူးကာ နေပေသည်။ Xia Ju Wei မှာမူ လမ်းတစ်လျှောက် သားရဲတိရစ္ဆာန်များနှင့်တွေ့ရတိုင်း စိတ်လှုပ်ရှားကာ ကျယ်လောင်စွာ အလန့်တကြား အော်ဟစ်တတ်လေသည် ထိုအရာကိုသိသည့်တိုင် Lou Gao Shan မှာလည်း တွေ့သမျှပိုးကောင်ငယ်တို့ကို ဖမ်းကာ သူမအားလိုက်၍ ခြောက်လှန့်ကာ စ လေသည်။

တိုက်ခိုက်သူ ရန်သူများရောက်လာပါက ထိုနှစ်ယောက်မှာ ခပ်လှမ်းလှမ်းတနေရာမှနေကာ Lu Tian Ying သူတို့အတွက်တိုက်ခိုက်နေသည်ကို ကြည့်ကာနေလေသည်၊ နောက်ပြီး Lu Tian Ying မှ ရန်သူတိုက်ခိုက်သူတို့အား အနိုင်ယူ တိုက်ခိုက်နိုင်ပြီဆိုလျှင် နှစ်ယောက်သားမှ လက်ခုပ်တီးကာ အပြတ်သတ် အားပေးကြလေတော့သည့်။ သူတို့ရဲ့ သေရေးရှင်ရေး အတွက် တိုက်ခိုက်ပေးနေသည်ကို သူတို့နှစ်ယောက်မှာ သူတို့ရှေ့ ဓားရေးပြ ကစားနေသလိုပင် မှတ်ကာနေလေသည်။ ကြာလာတော့ Lu Tian Ying လည်းတိုက်ခိုက်ရတာနှင့် ပင်ပန်းသောကြောင့် ထိုနှစ်ယောက်အား ဘေးမဲ့သာပေးထားလ်ုက်လေတော့သည်။

HHYL Fanfic : Red Thread of Fate  { Myanmar Translation} *Completed*Where stories live. Discover now