Red Thread of Fate 9

2.1K 215 5
                                    

ဒါဏ်ရာရနေတဲ့ Lu Tian Ying အား မြို့တော်ဂိတ်ပေါက်ဆီသို့ ဆွဲခေါ်လာပြီးနောက် Lou Gao Shan စိတ်ချသွားသည်မို့ သက်ပြင်းတချက်ချလိုက်လေသည်။

အစ်ကို Lu အားကူရန်အချိန်မီ ရောက်လာလိုက်သည် ရောက်လာတော့ အစ်ကို Luမှာ ပြင်ပဒါဏ်ရာ အနည်းငယ်သာရှိပြီး အတွင်းအားတို့ အကုန်သုံးထားသည်မို့ အားနည်းနေလေသည်။

"ငါအ‌ဆင်ပြေတယ် ...အခုငါ သွားတော့မယ်.." လို့ ဒါဏ်ရာရနေရက်သားနှင့် မြို့အတွင်းဝင်ရန်ငြင်းကာ ပြောလေသည်။ ကတိပေးထားသည့် ကို ဖြည့်စီးပေးပြီးပြီမို့ ထွက်သွားဖို့သာပြင်နေလေသည်။

"အစ်ကိုကြီး..ကျေးဇူးပြုပြီး ရနေတဲ့ဒါဏ်ရာတွေကို ကုပေးပါရစေ၊ အစောင့်တွေကိုလည်း ကျွန်မ ယောက်ျားဆီကို သတင်းပို့ခိုင်းလိုက်ပါပီ၊ ခဏလောက်နေရင် အထိန်းတွေ လာကြိုပါလိမ့်မယ်.."ဟူ၍ Xia Ju Wei မှ Lu Tian Ying ၏လက်အားဆုပ်ကိုင်ကာပြောလိုက်လေသည်။

ဟုတ်ပါသည် သူမအားစောင့်ရှောက်ပေးရင်း အခုလိုဒါဏ်ရာရနေသည်ကို သူမမျက်ကွယ်မပြုချင်ပေ ထို့ကြောင့် သူမအစ်ကိုကြီး Luအားအတင်းပြောနေမိလေသည်။

"အထိန်းတွေ..မင်းရဲ့ယောက်ျားကလာမကြိုဘူးလား.."ဟုမေးရင်း Lou Gao Shanမျက်နှာထက်ဝယ် ဖတ်၍မလွယ်သော အမူအရာ တို့ရုတ်ချည်းပြောင်းသွားလေသည်။
Xia Ju Wei ခေါင်းငြိမ့်ကာ "ဟုတ်တယ် သူကအလွယ်မလာနိုင်တဲ့လူလေ အဲ့ဒါမို့ အထိန်းတွေကိုပဲလွှတ်ပေးနိုင်တယ်.."

ယခုမှာ Xia Ju Wei ထက် Lou Gao Shan ကပို၍ပင်ဒေါသထွက်နေ‌ပြီး
"..တကယ်ဆို သူလာကြိုသင့်တယ်မဟုတ်ဘူးလား၊..
သူမင်းနဲ့မတွေ့တာဒီလောက်ကြာနေပီပဲ
သူကိုယ်တိုင်လာကြိုသင့်တယ်မဟုတ်ဘူးလား!.
သူမင်းအတွက်စိတ်မပူဘူးလား.."

Xia Ju Wei ခါးသက်စွာ ပြုံးလိုက်ပြီး " သူကအရမ်း‌အရေးကြီးတဲ့ လူလေ၊ ဒီလိုမျိုးအပြင်ကို ဂရုမစိုက်ပဲဘယ်‌တော့မှ ထွက်မလာနိုင်ဘူး.."

"ချစ်တဲ့ မိန်းမကိုတောင်မှ လာမကြိုနိုင်ဘူးတဲ့လား.."

ဒီတခါမှာတော့ Xia Ju Wei ခါးသက်စွာ အသံထုတ်ကာရယ်လေသည် ထို့နောက်
"ကျွန်မပြောတာမေ့သွားပြီလား ..သူ့မှာ ကျွန်မအပြင် တခြားလူတွေအများကြီးရှိတယ်၊..အဲ့အချိန်တုန်းကကျွန်မသူ့ရဲ့ သဘောအကျဆုံးသူ ဖြစ်ပေမဲ့ အခုတော့မသေချာ‌ဘူးလေ...ကျွန်မ ဒီလိုအလည်ပြန်တုန်း တခြားနှစ်သက်တဲ့သူရှိချင်ရှိနေနှင့်ပြီလေ။ နောက်ပြီး ကျွန်မနေရာ ကျွန်မသိတယ် ဘာမှလည်းထပ်ပြီး အလိုမကြီး တော့ပါဘူး ..."

HHYL Fanfic : Red Thread of Fate  { Myanmar Translation} *Completed*Where stories live. Discover now