Red Thread of Fate 11

2.7K 263 9
                                    


ဆက်ပြီးပြောလို့မရအောင် Jing သည် သူ့နုတ်ခမ်းအား လက်ညှိုး ဖြင့် အသာဖိပိတ်လိုက်ပြီးနောက် လက်မဖြင့် နုတ်ခမ်းသားလေးအား ပွတ်ဆွဲနေလေသည်။

"မင်းထွက်သွားလို့ ငါ မတရား စိတ်ဆိုးပြီး ဒေါသထွက်နေ‌ပါစေဦး...ငါနေမြဲအတိုင်းဆက်ပြီးနေရမှာပဲ..မဟုတ်ရင် သူတို့ အကုန်ရိပ်မိသွားနိုင်တယ်လေ..၊ နောက်ပြီး ဒီ လုပ်ကြံဖို့ လူလွတ်တဲ့ ကိစ္စ အားလုံးဖြေရှင်းပြီးတညနဲ့ မင်းကို ရှာဖို့ တပ်ဖွဲ့တစ်ခုစေလွှတ်ဖို့ထိ စီစဉ်ထားပြီးသား..."

"ဒါပေမဲ့ သိလား...မင်းက ကိုယ်တော့်ကို အံ့ဩသွားရစေပြန်တယ်.." ဧကရာဇ် Jing တချက်ရယ်လိုက်ကာ..
"အဲ့ဒါက မင်းက တစ်ဖွဲ့လုံးနဲ့ ပြန်လာခဲ့တာပဲ...ကိုယ်တော်လွှတ်လိုက်တဲ့ တည်ကြက်ရော..လုပ်ကြံဖို့လာတဲ့သူနဲ့ပါ အားလုံးတစ်စုတစည်းထဲနဲ့လေ.."

"လုပ်ကြံသူ!!.."

"မိန်းကလေး Xia အပြန်လမ်းမှာ တိုက်ခိုက်ခံရပြီး ပြန်လာရာမှာ ကူညီပြီး လိုက်ပါပို့ဆောင်ပေးတဲ့သူရှိတယ်လို့ သတင်း ကြားရကတည်းက ထင်တော့ထင်လိုက်တယ်..ဒါပေမဲ့သိပ်တော့ မင်းဖြစ်‌နေလိမ့်မယ်လို့တော့မှန်းထားဘူးလေ..
သူမကို အဲ့လိုပြန်လွတ်တာကလည်း အဲ့လိုမျိုးဖြစ်လာအောင်သေချာကို အစီစဉ်နဲ့ မို့ ဒီတိုင်းလွှတ်ထားလိုက်တာ.."

"ဒါပေမဲ့ တိုက်ခိုက်ခံရတာတွေကကြတော့ရော....မရပ်သွားဘူးလေ..အမြဲဆက်တိုက်လိုပဲ....."

"အဲ့ဒီတိုက်ခိုက်တဲ့သူတွေ မိန်းကလေး Xia ကို ပြင်းပြင်းထန်ထန်ထိခိုက်အောင် လုပ်တာများတွေ့ရဘူးသလား..."

Lu Cangသည် ပြီးခဲ့သည့် ခရီးစဉ်တစ်လျှောက်လုံး၏ အဖြစ်အပျက်တို့အား အစီအရီ ပြန်ကာစဉ်းစားနေလိုက်သည်။

"ပထမဦးဆုံး..တိုက်ခိုက်တုန်းကလွဲလို့ နောက်ပိုင်း တခါမှ..မတွေ့ဖူးဘူး...သူတို့ထဲကလူ တစ်ယောက် နှစ်ယောက်လောက် ဒါဏ်ရာရတာနဲ့ ချက်ချင်းပဲ နောက်ဆုတ်သွားတော့တာပဲ.."

"နောက်ပြီး...မင်းတို့သွားသမျှ လမ်းကြောင်းအကုန်သိနေတာ ထူးဆန်းတယ်လို့မထင်ဘူးလား..."

"အင်း..အဲ့ဒါလည်း ငါတွေးမိတယ်...ဒါပေမဲ့..."

"အဲ့ဒီတောက်လျှောက် တိုက်ခိုက်မှု့အားလုရဲ့ အဓိကရည်ရွယ်ချက်က နှစ်ခုပဲရှိတယ်။ နံပတ်တစ်က ယုံကြည်မှုရယူဖို့ ၊ နံပတ်နှစ်က လက်ရှိရဲ့အမြင်ကိုပြောင်းသွားဖို့....တကာ်လဲပဲ သူတို့ အဲ့နှစ်ခုလုံးလုပ်နိုင်ခဲ့တယ်...ကြည့်ပါ့လား
မင်းသူ့ကို ဘယ်လောက်တောင်ယုံကြည်လိုက်သလဲ..၊ အခုဆိုနဂို ဦးတည်ချက် ကိုယ်လုပ်တော်ကနေ အခု အကျင့်မကောင်းတဲ့ မြို့စားဆိုတဲ့သူဆီကို ပြောင်းသွားတာပဲ ကြည့်လေ..."

HHYL Fanfic : Red Thread of Fate  { Myanmar Translation} *Completed*Where stories live. Discover now