သေးငယ်လှသောမြို့လေးတစ်မြို့ ပင်ဖြစ်လင့်ကစား လှပတင့်တယ်နေပြီး ဟိုဟိုဒီဒီ သွားလာ လှုပ်ရှားနေသော
လူများသည်လည်း ပျားပန်းခတ်တမျှပင် ရှိနေ၏။
ကုန်သည်၊ပွဲစား အစရှိသည့်ရပ်နီးရပ်ဝေး ကူးသန်းရောင်းဝယ်ဖောက်ကားနေကြသူများသည်လည်းပဲ သွားလိုက် ပြန်လိုက်နှင့်စည်းကားလို့နေပေသည်။ ထို့ပြင်ထိုမြို့ငယ်လေး၌ရှိရှိသမျှသော လမ်းကျဉ်းလေးပင်မကျန် လူအများဟာ ဥဒဟိုသွားလာနေကြကာ ထိုသူအများမှာလည်းဝတ်ကောင်းစားလှ များဝတ်ဆင်ထားသောကြောင့် ထိုမြို့ငယ်လေးရှိ လူနေမှု အဆင့်အတန်းမှာ နိမ့်ကျချင်းမရှိကြောင်းပေါ်လွင်လို့နေပေသည်။Datong အင်ပါယာကြီးရဲ့ ကြွယ်ဝချမ်းသာမှု အရှိန်ဟာ မြို့ကြီးနှင့်ဝေးလံခေါင်ဖျားပြီး သေးငယ်လှသည့်မြို့ ငယ်လေးတွေသည်ပင် မြို့ပြကြီးများ၏ နောက်ကျကျန်ခဲ့ခြင်းမရှိပေ၊ စည်ကားသိုက်မြိုက်လို့ပင်ရှိချေသည်။
နေ့တစ်နေ့ရဲ့ ညနေခင်းအချိန် နေပင်အတော်စောင်းနေချေပြီ၊ ထိုအချိန် ကြက်ပျံမကျ စည်ကားသိုက်မြိုက်ကာ ဆူညံလျှက်ရှိသော စားသောက်ဆိုင်အတွင်း မျက်ခုံးနှစ်ဖက်အား တစ်တန်းတည်းအလားတွန့်ချိုးလျှက် မျက်နှာအမူအရာရှိပြီး ရှည်လျှားသွယ်လျှသောအရပ်အမောင်းနှင့် လူတစ်ယောက် ချဉ်းနင်းဝင်ရောက်ကာလာလေသည်။ ဆိုင်အတွင်းဘေးဘီဝဲယာကို လှည့်ပတ်ကြည့်လိုက်တော့ တစ်ဆိုင်လုံးမှာမှ လွတ်နေတဲ့ခုံတစ်နေရာဟာ ဆိုင်ရဲ့ အလည်ကျကျနေရာမှာရှိနေတာကိုတွေ့လိုက်ရတယ် ဒါပေမယ့် လူတစ်ဦးဟာထို နှစ်ယောက်စာနေရာကို ယူပြီးထိုင်နေပေမဲ့ ထိုသူရဲ့ မျက်နှာချင်းဆိုင်နေရာမှာ တစ်ယောက်စာနေရာဟာ လွတ်နေတာတွေ့ရတာကြောင့်ရယ် ပြီးတော့ဆိုင်ရဲ့ တခြားနေရာတွေမှာလည်း နေရာလွတ်, တစ်နေရာမှာမှ မရှိတာကြောင့် ရွေးချယ်စရာမရှိ သူထိုနေရာကို သာလာခဲ့လိုက်တယ်။
"မိတ်ဆွေ, ကျေးဇူးပြုပြီး ဒီနေရာဟာလွတ်နေတယ်ဆိုရင် ကျွန်ုပိ ထိုင်လို့ရနိုင်မလား" လို့ သူယဉ်ကျေးစွာဖြင့်ဆိုကာ အဆိုပါထိုင်နေသူထံ ခွင့်တောင်းလိုက်တယ်။ ကြည့်ရတာ စကားအတော်နည်းမည့် ပုံစံရှိသော ထို ထိုင်နေသူကသူ့အားစကားတစ်ခွန်းမပြော တစ်ချက်မျှသာကြည့်လိုက်ပြီး ခေါင်းအသာငြိမ့်ပြကာ သူရဲ့ရှေ့မှာရှိတဲ့စားသောက်ဖွယ်ရာဆီသို့သာအကြည့်ပြန်ရောက်သွားလေတယ်။ ထိုသူဟာတခြားလှုပ်ရှားမှုလည်းမရှိကာ ပကတိတည်ငြိမ်မှု့အပြည့်နှင့်။
"ကျေးဇူးအများကြီး တင်ပါတယ်၊ မိတ်ဆွေ..."
ထို့နောက် သူဟာထိုနေရာမှာဝင်ထိုင်လိုက်ပြီး စားပွဲထိုး တစ်ယောက်ယောက်အား ခေါ်ရန်ဘေးပတ်လည်အား ကြည့်လိုက်တယ်။ ဝမ်းဗိုက်ပြည့်ဖို့ရာ အစားအသောက်တချို့ ရယ် ၊ ခြောက်သွေ့နေတဲ့အာခေါင်ကို စိုစွတ်သွားစေဖို့ရာ သောက်စရာတမျိုးမျိုးမှာယူရန် သူအသင့်ဖြစ်လိုနေပေမဲ့ သူ့အားလာရောက်မေးမြန်းကာဝန်ဆောင်ပြုမဲ့ စားပွဲထိုး တစ်ယောက်တစ်လေမှ ပေါ်မလာတာကြောင့် စိတ်အလိုမကျမှုနဲ့ဒေါသတစ်ချို့ပဲ မျိုချနေရလေတယ်။
ထိုစားသောက်ဆိုင်ဟာ ဒီဒေသရဲ့ အကောင်းဆုံး စားသောက်ဆိုင်ဖြစ်တာမို့ စားသုံးသူလူအများနှင့်ပြည့်နှက်ကာ စားပွဲထိုးများမှာလည်း အားလုံးပင်မအားလပ်ကြတာကြောင့် သူ့အားသတိထားမိသူမရှိချေ။စားပွဲထိုး လာရောက်ဝန်ဆောင်မှု့ပေးဖိုရာ ရောက်မလာခင် အချိန်စပ်ကြား ခဏတာစောင့်ဆိုင်းနေတုန် သူ့ရဲ့မောပန်းလာတဲ့ ကိုယ်ခန္ဒာကို ခဏတာအနားယူဖို့ပြင်ကာ ရှေ့၌ ငြိမ်စိမ်အေးချမ်းစွာ ထိုင်နေသော ထိုသူအားအာရုံမစိုက်ပဲ နဂိုထိုင်နေရာမှ သက်တောင့်သက်သာအနေအထားပြင်ကာ ထိုင်လိုက်လေတယ်။
တကယ်တမ်းမှာတော့ဖြင့် သူ့ရဲ့အရှေ့မျက်နှာချင်းဆိုင်တွင်ထိုင်နေတဲ့ ထိုသူဟာ အမှန်တကယ်ကိုပင်အလွန်ကြည့်ကောင်းသောရုပ်ရည်ပိုင်ရှင်ဖြစ်တယ်။ ကြီးမားပြီး ဝိုင်းစက်ကာ တောက်ပနေတဲ့ မျက်ဝန်းတစုံ နှင့်အတူ ဖြောင့်တန်းပြေပြစ်တဲ့ မျက်ခုံး တစ်စုံဟာလည်း လိုက်ဖက်ညီစွာရှိနေကာ လူတကာ သဘောကျတဲ့ ပုံစံ ဖြစ်သော မကြီးလွန်းသလို သိပ်ပြီးလည်းမသေးလွန်းပဲ မနိမ့်၊မမြင့်သွယ်လျဖြောင့်တန်း နှာခေါင်း သည်လဲပဲ ပါးလျတဲ့နုတ်ခမ်းတစ်စုံနှင့် ပနံသင့်ကာလိုက်ဖက်လို့ရှိနေတယ်။ တကယ်ပါ ဒီလူပုံစံဟာ တော်ယုံမျှနှင့် တွေ့ရတတ်သော သာမာန်ပုံစံလူမဟုတ်သလို တစ်ကြိမ်တခါတွေ့ပြီးရင်လည်းပဲ တသက်မမေ့နိုင်သော ရုပ်ဆင်းအင်္ဂါ ကိုပိုင်ဆိုင်ထားသောပိုင်ရှင်ပင်။
________________________________
စစဦးဆုံး ဘာသာပြန်ဆိုမှုဖြစ်တာကြောင့်
ဖတ်ရတာမပြေပြစ်တာမျိုးရှိမှာပါ၊
သည်းခံပြီးဖတ်ပေးကြပါလို့ 😬😬😬
လိုအပ်ချက်လေးတွေရှိရင်လည်း ထောက်ပြပြောဆိုပါလို့ Jae ကတောင်းဆိုပါတယ်...
၅ ရက်တခါ ဒါမှမဟုတ်တပတ်တစ်ခါ အပိုင်းသစ်တင်ပါ့မယ်
စောင့်မျှော်အားပေးကြပါဦး readernim အချစ်ကလေးတို့
ချစ်တဲ့ Jae,
YOU ARE READING
HHYL Fanfic : Red Thread of Fate { Myanmar Translation} *Completed*
Ficción históricaHuaHuaYouLong fanfic 'Red Thread of Fate' Myanmar Translation Written in both zawgyi and unicode Story belongs to author Luxiufer Already have permission from original author Luxiufer