"ရှင် ကျွန်မကိုကူညီမယ်လို့ ကတိမပေးမချင်း ရှင့်ကိုပေးမသွားဘူး၊ လက်ကိုလဲလွှတ်ပေးမှာမဟုတ်ဘူး" လို့ ထိုမိန်းမငယ်မှ ခြိမ်းခြောက်ခြင်းတစ်ဝက်ဖြင့် တောင်းဆိုမှုပြုလိုက်လေတယ်။
"ဒီမှာ မိန်းကလေး၊ စိတ်ပျက်စရာကောင်းလွန်းတယ်။ ငါ့မှာ မင်းကို ကူညီဖို့ရာ တာဝန်မရှိဘူးပြီးတော့ မင်းကိုသိလည်းမသိသလို မင်းဆီမှာလည်း အကြွေးတင်နေတာမျိုးလဲ ငါ့မှာမရှိဘူး" ဟုပြောလာတဲ့ ထိုသူ့အသံဟာ တည်ငြိမ်နေပေမဲ့လို့ စိတ်ပျက်ခြင်း၊အလိုမကျခြင်းအရိပ်အယောင်တို့ပါနေလေတယ်။ " နောက်ပြီး ငကြောက်ကောင်၊ ငါ့လက်ကိုလွှတ်စမ်း" လို့ပြောလိုက်ပေမဲ့လို့ Lou Gao Shan ကတော့ သူ့လက်အားပြုံးလို့ပျော်လို့ပင် မလွှတ်တမ်းဆွဲထားတာမို့ သူနဲနဲတော့ခပ်လန့်လန့်ပင်။
"ဟင့်အင်း...,ခင်ဗျားနောက်ကိုပေးမလိုက်ဘူးဆိုရင် လုံးဝမလွှတ်ဘူး" လို့ Lou Gao Shan ရှင်းရှင်းလင်းလင်း ပဲပြန်ဖြေလိုပ်တယ်။ တကယ်ပါ စိတ်မသက်မသာဖြစ်ကာ အီလည်လည်ဖြစ်နေတာတောင်မှ ချောမောမှု့ကပျောက်မသွားတဲ့ ထိုသူ့ကို သူသဘောကျနေမိပါပြီ။ ဒါပေမယ့် ဖော်မရတဲ့ အဓိပ္ပါယ်တချို့ပါတဲ့ အကြည့်တစ်ချက်ကြောင့် သူစိတ်ထဲလွမ်းမောသွားခဲ့ရတယ်။
နောက် ထိုသူဟာ စိတ်ဆိုးစွာနဲ့ အံကိုကြိတ်ကာ ဒေါသတို့ဖြေလေတယ်။
"ရှင်ဘာလို့ ကျွန်မအပေါ် အကြွေးမတင်ရမှာလဲ၊ စောစောနက လူဆိုးတွေကို ရှင် အလွှတ်ပေးလိုက်တယ်လေ။ သေချာတယ်သူတို့နောက်တခါပြန်လာပြီး ကျွန်မကို သတ်လိမ့်မယ်။ အဲ့ဒါရှင့်အမှားလေ မလွတ်ပါစေနဲ့လို့ ကျွန်မ ပြောတာကိုရှင်ကဂရုမစိုက်ပဲ သွားခွင့်ပေးလိုက်တာ၊ အဲ့ဒါမို့ ရှင်တာဝန်ယူပါ" လို့ထိုမိန်းမငယ်ဟာ ခေါင်းမာစွညနဲ့ အပြင်တင်ပြောဆိုလာလေတယ်။
"ဟုတ်ပါတယ်၊ ခင်ဗျားသူမကို တာဝန်ယူသင့်တယ်။ သူမပြောတာကို လက်မခံဘဲ လွှတ်ပေးလိုက်တာ" ဟု Lou Gao Shan ကပါ ဝင်ပြီး မိန်းကလေးဘက်မှ အလိုတူအလိုပါ ဝင်ပြောလိုက်လေတယ်။
နောက်ဆုံးတော့ထိုသူ သည့်မခံနိုင်တော့တဲ့အဆုံး အတွင်းအားချီ တို့ကို စုစည်းကာ သူတို့နှစ်ယောက်လုံးကို လွှင့်ထုတ်လိုက်တယ်၊ နောက်မြေပြင်ပေါ်လဲကျသွားတဲ့ သူတို့နှစ်ယောက်ကိုလှမ်းကြည့်ကာ ဒေါသတို့မြိုသိပ်လိုက်ပြီး "ငါ့..နောက်... ကို..ထပ်..မလိုက်...ခဲ့နဲ့!!!!..."လို့ စကားကိုတခွန်းချင်းစီအံကြိတ်ကာပြောလိုက်လေတယ်။
YOU ARE READING
HHYL Fanfic : Red Thread of Fate { Myanmar Translation} *Completed*
Fiction HistoriqueHuaHuaYouLong fanfic 'Red Thread of Fate' Myanmar Translation Written in both zawgyi and unicode Story belongs to author Luxiufer Already have permission from original author Luxiufer