ပုံမှန်ရက်တွေဆိုအအိပ်ဆတ်တဲ့ဟယ်ရီ မနေ့ညကတော့ဖြင့်
အတော်လေးကိုမှ နှစ်နှစ်ချိုက်ချိုက် အိပ်ပျော်လို့နေခဲ့သည်။..ပြတင်းပေါက်မှဝင်ရာက်လာတဲ့ နေရောင်ခြည်ခပ်နွေးနွေးကို ခံစားမိတော့မှ ဟယ်ရီ နိုးလာပြီး မျက်လုံးဖွင့်ကာကြည့်တော့ ရှေ့တည်တည့်မှာသူ့ကို ငုံ့ကာပြုံးပြီး ကြည့်နေတယ့် ဒရာဂို ကိုခပ်ဝါးဝါးမြင်နေရလေပြီး ဒရာဂိုမှ
'ထတော့လေ အိတ်ပုတ်လေး...ဘယ်အချိန်ထိအိပ်မှာလဲ...ဒီနေ့ဘာနေ့လည်းသိတယ်ဟုတ်....'
ဟုပြောပြီး အသင့်ပေးလာတဲ့ မျက်မှန်ကို ဟယ်ရီတပ်လိုက်ကာ သမ်းလိုက်ရင်း
'အင်း...ဘယ်အချိန်ရှိပြီလဲ......ပြီးတော့ဒီနေ့ကဘာနေ့လဲ'.... လို့ မသိချင်ယောင်ဆောင်ကာ ပြန်ပီးတော့မေးလိုက်တော့..
'ဘာနေ့မှ မဟုတ်ပါဘူး....ဒီတိုင်းပဲ....
သွားသွား ခြေလက်ဆေးမျက်နှာသစ် ကိုယ်လက်သန့်စင်တာလုပ်တော့....ကိုယ်အိပ်ယာသိမ်းထားမယ်...'လို့ မျက်နှာတည်ကြီးနဲ့ပြန်ပြောလာတာကြောင့် ဟယ်ရီလည်း မျက်နှာသစ်၊ခြေလက်သန့်စင်ရန် သန့်စင်ခန်းလေးထဲဝင်လိုက်သည်၊ထို့နောက် ဘာမှမလုပ်ရသေးခင်မှာ ဘေစင်ရှေ့က မှန်ကိုကြည့်နေရင်း ခေါင်းထဲ * ....ငါက ပစ္စည်း တွေလိုက်ဖွတတ်တဲ့သူ ၊သူက အသန့်ကြိုက်တဲ့သူ..ဆိုတော့က.....မဆိုးပါဘူး...ယူပြီးရင် ငါကဖွမယ် သူကရှင်းပေါ့ လိုက်ဖက်နေမှုကြီးကပြောစရာမရှိ၊ အားလုံးကိုသေသေသပ်သပ် စနစ်တကျရှိတဲ့သူဆိုတော့ အိမ်ရှင်မကောင်း .ဘွာတေးဘွာတေး!!.မှားလို့ အိမ်ရှင်ထီးကောင်း တစ်ယောက်ဖြစ်မှာကတော့ အသေချာပဲ * လို့ တစ်ယောက်ထဲ အတွေးကြီးတွေးပြီး မျက်နှာမှာလည်း အပြုံးကြီးပြုံးကာ ကိုယ်လက်သန့်စင်တာကို စလုပ်လိုက်တော့လေသည်။။
ကိုယ့်ကိုကိုယ်သပ်ရပ်အောင် အားလုံး ပြင်ဆင်ပြီး အပြင်ကိုထွက်လာလိုက်သည့်အခါမှာတော့ ဘယ်အချိန်ထဲက ပြင်ထားလိုက်တယ်မသိ အခန်းထဲတခုလုံးကို ခေါင်မိုးမှာ တွယ်ကပ်နေတဲ့ကြိုးတန်းလန်းနဲ့ လေမှုတ်ပူစီပေါင်းအချို့ရယ် ကြမ်းပြင်ပေါ်မှာ ပန်းအမျိုးစုံရဲ့ ပွင့်ဖတ်တွေ ဖြန့်ကျဲကာရယ်နဲ့ အရှေ့တည့်တည့်မှာရပ်နေတဲ့သူ အမြဲတမ်းတွေ့ရတဲ့သူ့ရဲ့ပုံစံနဲ့မတူ ရိုးရိုးရှင်းရှင်း ကာကီရောင်စတိုင်ပန်ရယ် ရှပ်အဖြူကို အပေါ်ကြယ်သီးတစ်လုံး ဖြုတ်ထားကာ ဝတ်ထားပြီး ပုံမှန်ဆိုနောက်ကိုလှန်ပြီးသိမ်းထားလေ့ရှိတဲ့ဆံပင်ပုံစံကနေ ကပိုကယိုဝေ့ကျနေတဲ့ပုံနဲ့ ဒရာဂို ဟာ လက်နှစ်ဖက်ကိုနောက်ကိုပစ်ကာ ခပ်ပြုံးပြုံးနဲ့ သူ့ကို ကြည့်နေလေသည်။

DU LIEST GERADE
Be My Valentine
Fanfictionအဆုံးသတ်တိုက်ပွဲ ပြီးနောက်ပိုင်းကာလ၌ အခြေခံထားသည့် Drarry fanfiction လေးတစ်ပုဒ်ပါ.. Valentine Day မတိုင်ခင် ရက်အနည်းငယ်အတွင်းမှာ အနှစ်နှစ် အလလ မျိုသိပ်ထားခဲ့တဲ့ အချစ်တွေ နှစ်ဦးနှစ်ဖက်လုံး ပွင့်ပေါ်လာခဲ့သောအခါ.. Could you Be My Valentine Potter..??? ...