Be My Valentine 13

2K 330 12
                                    

ဟယ်ရီ ဒီနေ့ စိတ်တအားလှုပ်ရှားနေတယ် အကြောင်းကတော့ သူနဲ့ ဒရာဂိုရဲ့ နှစ်လပြည့် နေ့လေးလေ၊ စစချင်းတုန်းက daily prophetမှာ ရေးထားတဲ့ သတင်း တွေကြောင့် အတော့ကိုအခက်တွေ့နေခဲ့ရကာ ဒရာဂိုဆို တပတ်နီးပါးလောက်ဘယ်မှ မသွားဘဲနေနေလို့ သူကိုယ်တိုင် စလေသရင်း အဆောင်ကိုလိုက်သွား ပြီးအပြင်ခေါ်ထုတ်ခဲ့ရတာ၊ ပြီးတော့ ဒရာဂို အပြင်ပိုင်းကြည့်ရင်တော့ ဟိတ်ကြီးဟန်ကြီး နဲ့ သိပ်စိတ်မာချင်ယောင်ဆောင် ပေမယ့် အတွင်းစိတ်က တအားနူးညံ့တယ်၊ကြောက်တတ်တယ်၊အဲ့ဒါမို့လို့ သတင်းပြန့်ကာစတုန်းကဆို
ဘယ်မှ သူမသွားရဲတော့ပဲ အခန်းတွင်းပုန်းပြီးနေနေတော့တာ သူ့ကိုတောင်လာမတွေ့ဘဲနေနေလို့ သူကိုယ်တိုင်သွားခေါ်မှရခဲ့တာပဲကြည့်‌လေ။

ဒီနေ့တွေ့ရင် လုပ်စရာ ဘာမှထွေထွေထူးထူး မရှိပေမယ့် နှစ်လပြည့်အထိမ်းအမှတ်လေးတခုတော့သူလုပ်ချင်မိတာမို့ ကိတ်မုန့်လေးရယ် ပူဖောင်းတချို့ရယ်နဲ့ သူ့အတွက်ကိုယ်တိုင်ဟာမီဝန်းဆီကနေ သင်ယူကာ ဘာမှော်အကူညီမှမပါပဲ ထိုးထားတဲ့ သိုးမွေးမာဖလာလေး ကိုလက်ဆောင်ပုံးလှလှလေးထုပ်ကာ သူတို့အမြဲ ဆုံနေရာ နာရီစင်ထပ်ခိုးလေးမှာ သေချာပြင်ဆင်ထားကာ ဒရာဂို ရှိနေမယ့်အခန်းဆီကိုလာခဲ့လိုက်သည်။

ရောက်ရောက်ခြင်းမှာပဲ မြင်လိုက်ရတဲ့ မြင်ကွင်းကိုယ့်မျက်စိတောင်ကိုယ်မယုံလို့ မျက်မှန်ဖယ်ကာပွတ်ကြည့်လိုက်မိတယ်..
အသေချာပါပဲ *ဒရာဂို သူ..သူက မိန်းကလေးတစ်ယောက်နဲ့နမ်းနေတာ... ဘာလဲ ဒါဘာသဘောလဲ ဘာအတွက်ခုလိုလုပ်နေတာလဲ၊ သူ့အပေါ်အမြဲ ချစ်ပြ၊အလိုလိုက်ပြခဲ့တာတွေက အတုအယောင်တွေပါလို့ပြောချင်တာလား၊ မဟုတ်ဘူး ဒါအမှန်တရားမဟုတ်ဘူး..ညာနေတာတမင်သက်သက်လုပ်နေတာ*။။
ဟယ်ရီ ထွက်လာတဲ့မျက်ရည်တွေကို မျက်တောင်နဲပုတ်ကာခတ်ကာ လွဲဖယ်လိုက်ပြီး ထိုနေရာမှအဝေးဆုံးကိုထွက်လာခဲ့လိုက်တော့သည်။
ဦးတည်ရာမဲ့ သွားနေပေမယ့် ‌ခြေထောက်က အလိုလို နာရီစင်ထပ်ခိုးစီသာ လှမ်းနေတာမို့ အဲ့ကိုသွားကာ သူလာမဲ့အချိန်ကိုစောင့်နေမိတယ်......
ည11နာရီထိုးပြီးသည်အထိ သူ‌ရောက်မလာခဲ့၊ ပြီးခဲ့တဲ့ရက်ပိုင်းမှာကိုယ့်ကို သူ့ကိုမိန်းကလေးတစ်ဦးနဲ့ တွဲနေတယ်ဆိုတဲ့သတင်း‌လာပြောခဲ့တာတွေရှိခဲ့ပေမယ့် ဘာကိုမှ ဂရုမစိုက်ခဲ့ပဲသူ့ဘက်မှာနေခဲ့တာ အခုလိုမျိုး ကိုယ့်တိုင်ကိုယ်ကျတွေ့ခဲ့လိုက်ရတော့... သူ‌လုပ်ရက်တာကို တွေးကာငိုထားရတာများလို့ မျက်ရည်ပင်ထွက်မလာတော့။ ရင်တွေနာလိုက်တာ...

Be My ValentineDonde viven las historias. Descúbrelo ahora