ဟယ်ရီတို့ စုပေါင်းနားနေခန်းကို ရောက်တော့
ကွစ်ဒစ်ရှ် အသင်းသား အသစ်တစ်အုပ်စုနဲ့ စကားပြောဆိုနေတဲ့ ဂျင်းနီ ကို အခန့်သားတွေ့
လိုက်ရလေသည်။ ထိုအခါ ရွန်က သူမတို့
အုပ်စုအနားကို သွားကာ'ဂျင်းနီ ခဏလောက်၊..ငါ နင်နဲ့ ပြောစရာရှိလို့.'
'ပြောလေ ဘာပြောမလို့လဲ...'
' ဒီနေရာမှာ ပြော ဖို့ အဆင်မပြေဘူး
ငါနဲ့ ခဏဟိုဘက်ကို လိုက်ခဲ့ ဂျင်းနီ'...'အိုကေ...'
ရွန်တစ်ယောက် ဂျင်းနီကို ခေါ်လာခဲ့ပြီမို့ ဟယ်ရီတို့လည်း စုပေါင်းနားနေခန်းရဲ့ အပြင်ကို ထွက်လာခဲ့လိုက်သည်။ အပြင်ကိုရောက်တော့ အားလုံးအရင်
ရွန် ကနေစပြီး ဂျင်းနီရဲ့အရှေ့ကို ပရော်ဖက်ဆာ့ဆီကနေ ယူလာခဲ့တဲ့ စာရွက်တွေကို ထုတ်ပြလိုက်ပြီးနောက်' ဒီကိစ္စ ငါ့ကို ရှင်းစမ်း ဂျင်းနီ!.လိမ်ဖို့တော့
မစဉ်းစားနဲ့နော် ငါကနင့်အကိုအရင်း
ငါ့လက်ပေါ်မှာ နင်ကြီးလာတာ..' လို့ ရွန်
ဒေါသသံ အနည်းငယ် စွက်ကာမေးလိုက်ရာ'ဟက်. သိနေရင်ဘာလိုလာမေးနေသေးလဲ.
ဘာလဲ.အကိုရွန်. နင်ကပါ အဲ့အကောင် အတွက်စိတ်ပူပေးနေတာလား၊ဘာလဲ အကိုကပါ အဲ့ဒီ အယုတ်တမာကောင်ကိုကြိုက်နေတာလား၊ ဒါမှမဟုတ် ဟာမီဝန်းနဲ့တင် အားမရလို့လား'..'ဘာပြောတယ် ဂျင်းနီ နင်ဘယ်တုန်းက အဲ့လောက်ရိုင်းစိုင်းသွားရတာလဲ ဟမ်'...ရွန်ဒေါသထွက်ကာမျက်နှာတစ်ခုလုံးမှာ ရဲတွတ်နေလေသည်၊ဟာမီဝန်းကတော့ဘာမှဝင်မပြောပေ။
'ဟင်...ပြောစမ်းပါ သူကဘယ်လောက်တောင်များကောင်းနေတဲ့ လူမို့လို့ နင်ကပါ စိတ်ပူပေးနေရတာလဲ နင်လည်းအရင်က သူ့ကိုမုန်းတယ်မဟုတ်လား
ခုကျမှ ဟယ်ရီ တင်အားမရလို့ နင်ကပါ သူ့ဘက်ကဖြစ်သွားတာလား'...'.............................'
ထိုအခါကျမှ ဟယ်ရီမှ
'ကျေနပ်လား..အဲ့လိုမျိုးလုပ်လိုက်ရတော့
စိတ်ချမ်းသာ ပြီလားဂျင်းနီ.ဟမ် ပြောလေ..
အရာရာပြန်ကောင်းအောင် ကြိုးစားနေထိုင်နေတဲ့
သူ့ကို အခုလို လုပ်လိုက်ရတော့ ပျော်ရဲ့လား ဂျင်းနီ ကိုယ်တကယ် မင်းအပေါ်စိတ်ပျက်မိတယ်၊
ကိုယ်သိတဲ့ ဂျင်းနီက အခုလို သဘောထား သေးသိမ်တဲ့သူမဟုတ်ဘူး ပြီးတော့ အခုလို
ကလိန်ကကျစ်မကျတတ်ဘူး၊ ပွင့်လင်းပြီးအရာရာကို အကောင်းမြင်တတ်တဲ့သူ ကိုယ်ချင်းစာစိတ်အရှိဆုံး
မိန်းကလေးပါ။ နောက်ပြီးတော့ရော အခုလိုလုပ်လိုက်လို့ ဟော့ဂ်ဝပ်မှာ ဒရာဂိုမရှိတော့ခဲ့ရင်များ ကိုယ် မင်းဆီပြန်လာလိမ့်မယ်လို့ ထင်နေတာလား ကိုယ်မင်းကို ခံစားချက်အားလုံး အမှန်တိုင်းဖွင့်ဟ ဝန်ခံပြီး ကိုယ်တောင်းပန်ထားခဲ့ပြီးသားလေ
ဂျင်းနီရယ် မင်းစိတ်ဆိုးရင်တောင် ကိုယ့်ကိုပဲ အပြစ်ရှာသင့်တာပေါ့..ဘာလို့ ဒရာဂို့ကို အဲ့လို မဟုတ်မမှန်တွေ လူပ်ပြီးဒုက္ခရောက်စေချင်ရတာလဲ..' ..ဟယ်ရီ ပြောရင်းနဲ့ဒေါသထွက်လာကာ ပြောဆိုနေသည့် လေသံသည်လည်း အတန်ငယ်
ခက်ထန်လာခဲ့ပေသည်။
![](https://img.wattpad.com/cover/220188623-288-k544935.jpg)
ESTÁS LEYENDO
Be My Valentine
Fanficအဆုံးသတ်တိုက်ပွဲ ပြီးနောက်ပိုင်းကာလ၌ အခြေခံထားသည့် Drarry fanfiction လေးတစ်ပုဒ်ပါ.. Valentine Day မတိုင်ခင် ရက်အနည်းငယ်အတွင်းမှာ အနှစ်နှစ် အလလ မျိုသိပ်ထားခဲ့တဲ့ အချစ်တွေ နှစ်ဦးနှစ်ဖက်လုံး ပွင့်ပေါ်လာခဲ့သောအခါ.. Could you Be My Valentine Potter..??? ...