ရှေ့တည့်တည့်မှာ ကိုယ့်ကို အံ့ဩမှု၊ဝမ်းနည်းမှုတို့နဲ့အတူ မျှော်လင့်ချက်ကင်းမဲ့နေတဲ့ မျက်ဝန်းတစ်စုံက မမှိတ်မသုံ ကြည့်နေလေသည်။
*သွားပြီ...... လုံးဝသွားပြီ..* လို့ ဟယ်ရီစိတ်ထဲတွေးလို့မှ မဆုံးသေး
ပြီးနောက်တော့ သူက လာရာလမ်းအတိုင်း ခြေလှမ်းကျဲကြီးတွေနဲ့ လှည့်ပြန်ထွက်သွားလိုက်တာမှ စက္ကန့်ပိုင်းအတွင်းမှာကိုပဲ သူ့ရဲ့နောက်ကျောပြင်ကျယ်ကို ခပ်ရေးရေးပဲမြင်ရတော့တယ်...
လက်ကိုအတင်းဆွဲထားတဲ့ဂျင်းနီကို သူဆောင့်ရုန်းလိုက်ကာ
' ဂျင်းနီ...ကိုယ်စကားအကုန်ပြောထားပြီးသွားပြီ..
ရွန့်ရဲ့ ညီမလေးဖြစ်တာတစ်ကြောင်း၊မစ်စတာ နဲ့
မစ်စ် ဝီစလေ တို့ရဲ့မျက်နှာကြောင့်တစ်ကြောင်း
ကိုယ်သည်းခံခဲ့တာ၊ သည်းခံပေးတယ်ဆိုတာ အတိုင်းအတာ တစ်ခုထိပဲ၊ ရှေ့ကိုထပ်မတိုးလာပါနဲ့ ကိုယ်ဘယ်လိုပုံစံပြုမူမယ် တာဝန်မယူနိုင်ဘူး နောက်ပြီးဘယ်သူ့မျက်နှာမှကြည့်မှာမဟုတ်ဘူး'...လို့
ပြောပြီး ဒရာဂိုဦးတည်သွားတဲ့ဘက်ကိုပဲ ခပ်မြန်မြန်လိုက်သွားလိုက်သည်။အနောက်မှာ ဂျင်းနီဘယ်လိုဘယ်ပုံ ကျန်နေခဲ့လဲသတိမရ တော့ဘူး၊ ပြီးတော့ ဒေါသထွက်နေတာမို့ ကိုယ့်အသံဟာမာပြီး အနည်းငယ်ကျယ်နေမှာ အမှန်ပဲ။
ဒါပေမဲ့လည်း မတတ်နိုင်ဘူး.....အခုချိန်မှာ သူဒရာဂို့ကိုတွေ့ရဖို့၊ အကျိုးကြောင်း အစုံအလင်ရှင်းပြရဖို့ စိတ်ဆန္ဒရှိနေတာပဲသိတာမို့လို့၊..
~~~~~~~~~~~~~~~~~~~~~
ဒရာဂိုတစ်ယောက် မနက်ခင်းပိုင်း ရဲ့ မှော်နက်ဆိုင်ရာဥပဒေ အတန်းကိုသူ မသွားပေမယ့် အချိန်တဝက်လောက်မှာတော့ သူ့ဆီကို ပမ်စီ ပို့လွှတ်လိုက်တဲ့ စာငှက်ကလေးရောက်လာတယ်၊ စာထဲမှာ
ဟယ်ရီ အတန်းကိုလာတက်တဲ့အကြောင်း၊
အရင်ကလိုမဟုတ် သေသေချာချာပြင်ပြင်ဆင်နဲ့မို့
သူမတောင် မမှတ်မိအောင်ဖြစ်ရတဲ့ အကြောင်း၊
နောက်ပြီး အထူးသီတင်းကတော့ ဟယ်ရီ ဂျင်းနီနဲ့ ပြီးပြတ်သွားပြီဆိုတာ သူမတောင် ဒီမနက်ကမှတင် သိလာရတဲ့အကြောင်း သိ,သိချင်း သူ့အတွက်ဝမ်းသာသွားရတဲ့အကြောင်းရယ် (သေချာတယ် ပမ်စီတျောက်ဟာ Jae လိုပဲ fujoshi ပဲဖြစ်မယ်🤔🤔🤪🤪 စတာပါ...စတာပါ...)
![](https://img.wattpad.com/cover/220188623-288-k544935.jpg)
YOU ARE READING
Be My Valentine
Fanfictionအဆုံးသတ်တိုက်ပွဲ ပြီးနောက်ပိုင်းကာလ၌ အခြေခံထားသည့် Drarry fanfiction လေးတစ်ပုဒ်ပါ.. Valentine Day မတိုင်ခင် ရက်အနည်းငယ်အတွင်းမှာ အနှစ်နှစ် အလလ မျိုသိပ်ထားခဲ့တဲ့ အချစ်တွေ နှစ်ဦးနှစ်ဖက်လုံး ပွင့်ပေါ်လာခဲ့သောအခါ.. Could you Be My Valentine Potter..??? ...