နံရံ ကိုလှမ်းကြည့်တော့ မှော်ရွက်ကြွေ ပြက္ခဒိန် က ယနေ့ ဖေဖော်ဝါရီ 13 ရက်လို့ပြနေကာ တအောင့်လောက်နေတော့ အိပ်ခန်းဆောင်ရဲ့ နာရီစင်ကနေ မနက် 7 နာရီထိုးကြောင်းခေါင်းလောင်သံက တဒင်ဒင်နဲ့ပျံ့လွင့်လို့လာပါလေတော့သည်။
ထိုအချိန်မှာ ရွန် တစ်ယောက်ထလာပြီး အိပ်ယာပေါ်ထိုင်နေတဲ့ သူ့ကိုမြင်တော့' ဟေး မောနင်း ဟယ်ရီ.....
...အစောကြီးနိုးနေပြီလား..' လို့နုတ်ဆက်လာတာကြောင့်' အင်း... ဟုတ်တယ်' လို့ပဲ ဟယ်ရီ ပြန်ဖြေလိုက်သည်၊ တကယ်လို့
အမှန်အတိုင်း 'ငါ ဒရာဂို ရဲ့ စာကိုဖတ်ပြီး ကတည်းက မနေ့ညတုန်းက တညလုံးမအိပ်ထားသေးဘူး'လို့များပြောလိုက်ရင် ရွန်တစ်ယောက်
အဲ့နားလေးတင် မျက်လုံးပြူးပြီး အသက်ထွက်သွားလောက်တယ်လေ။*အင်း... ဒီနေ့ ရှိတဲ့အတန်း 2ချိန်စလုံးကသူနဲ့ဘာသာရပ်တူတူပဲ ဆိုတော့
မနေ့ကစာကိစ္စ သူ့ကိုပြောမယ်...
ကိုယ့်ရဲ့ ခံစားချက်တွေလည်း သူ့ဆီမှာ ဝန်ခံမယ်..
စာကိုဖတ်ရတုန်းက ဘယ်လောက်ထိ ရင်ခုန်ခဲ့ရကြောင်း၊ ဘယ်တုန်ကမှမမျှော်လင့်ခဲ့ဘူးခုလိုမျိုး ခံစာချက်တွေသူ့ဆီမှာလည်းရှိနေမယ်ဆိုတာမျိုးကိုရောပေါ့.......
နောက်ပြီး သူ့ကိုအမြဲ လာရာလမ်းမှာစောင့်နေတတ်တဲ့သူ့ကိုလည်း အခန်းထဲကိုဘယ်အချိန်ဝင်လာမလဲလို့ သူမျှော်နေတတ်ကြောင်းကိုလည်း ပြောပြရမယ် ...
ထပ်ပြီးတော့အချိန်တွေမဆွဲတော့ဘူး ခံစားချက်တွေမြိုသိပ်ပြီး မမြင်ချင်၊မကြင်ချင်ယောင်ဆောင်နေခဲ့ရတာ ပြီးခဲ့တဲ့ဆယ်စုနှစ်တခုစာလောက်ဆိုတော်ရောပေါ့ * တွေးနေရင်းကနေ အတန်းသွားဖို့ ပြင်ဆင်ခြင်းစတင်လိုက် တော့သည်။အရင်နေ့တွေနဲ့မတူ ဟယ်ရီတစ်ယောက် စားသောက်ခန်းမ ကိုရောက်လာတော့ ရွန်နဲ့ဟာမီဝန်း ပါးစပ်အဟောင်းသားနဲ့ သူ့ကိုကြည့်ကာ ဟာမီဝန်းက
'ဟယ်ရီ... ကိစ္စ တခုခုများရှိသလား...'
အရင်က ရက်တွေကနဲ့မတူ ဒီနေ့ တအားသပ်ရပ်ပြီး သေချာပြင်ဆင်လာလို့ တအံ့တဩဖြစ်ကာမေးလိုက်တော့ ရွန်ကပါခေါင်းငြိမ့်ပြီး' မနက်ကလည်းအစောကြီးထနေတယ်၊ ပြီးတော့ မျက်နှာကလည်းအရင်ရက်တွေကလို မှုန်သုန်နေတာမျိုးမရှိဘဲ ပျော်စရာတစ်ခုခုရှိနေသလိုမျိုး တောက်ပနေတယ်၊ ခုလည်းကြည့်လေ ဘယ်တုန်းကမှ ခေါင်းမဖြီးတဲ့လူက သေချာဖီးလိမ်းထားတယ်လေ'လို့ထပ်လောင်းပြောတော့

YOU ARE READING
Be My Valentine
Fanfictionအဆုံးသတ်တိုက်ပွဲ ပြီးနောက်ပိုင်းကာလ၌ အခြေခံထားသည့် Drarry fanfiction လေးတစ်ပုဒ်ပါ.. Valentine Day မတိုင်ခင် ရက်အနည်းငယ်အတွင်းမှာ အနှစ်နှစ် အလလ မျိုသိပ်ထားခဲ့တဲ့ အချစ်တွေ နှစ်ဦးနှစ်ဖက်လုံး ပွင့်ပေါ်လာခဲ့သောအခါ.. Could you Be My Valentine Potter..??? ...