ဟယ်ရီတို့ စုံတွဲနှစ်တွဲ ယော့ခ့် ရှိုင်းယားမှာ နောက်ထပ် သုံးရက်လောက်နေထိုင်ကြကာ အပန်းဖြေ၊ အလွမ်းဖြေ ပြီးနောက်မှသာ
ဟော့ဂ့်ဝပ်ကို ပြန်လာခဲ့ လိုက်ကြလေသည်။ရှိုင်းယားမှာနေတဲ့ ရက်တွေ အတွင်း
ရွန်နဲ့ ဒရာဂို တို့ရဲ့ ဆက်ဆံရေးလည်းပဲ
အတော့်ကို ကောင်းမွန်တိုးတက်လာခဲ့ပေသည်။
အကြောင်းကတော့ အရင်တုန်းက ကိစ္စတွေပြန်
ပြောရင်းကနေ ဖြစ်ခဲ့သမျှ အခြေနေတိုင်းလိုလိုမှာ
ဒရာဂို ဟာ သူ့အဖေရဲ့ ဖိအားဒါဏ်ကို
အတော့်လေးကို ခံခဲ့ရတယ်ဆိုတာ ရွန်တစ်ယောက်သိမြင်လာတာမို့၊နောက်ပြီးတော့ ချမ်းချမ်းသာသာနေရပေမဲ့ မိသားစုရဲ့နွေးထွေးမှု ကို မခံစားခဲ့ရဖူးသူမှန်း တဖြည်းဖြည်းနဲ့ ရွန်သိလာခဲ့ရတာမို့လို့ပင်။
သူတို့အိမ်မှာဆို မိသားစုဝင်များပြီး အရမ်းကြီး အဆင်ပြေတာမဟုတ်ပေမဲ့ တစ်ယောက်နဲ့တစ်ယောက် ကအမြဲ နွေးနွေးထွေးထွေး၊ ဂရုတစိုက် ရှိကြတယ် ဒရာဂို့မှာ အဲ့လိုတွေမရှိဘူး အဲ့ဒါမို့ အရင်တုန်းက
ဒရာဂို့ပုံစံက အေးတိအေးစက်နိုင်တာ ထောင့်မကျိုးတာတွေ မြင်ရတာလို့ ရွန်တစ်ယောက် ကိုယ့်ဘာသာ တွေးနေမိရင်း အရင်ကလို ဒရာဂို့ကို အမြင်မကြည်တာ၊အမြင်ကပ်တာတွေဟာ တဖြေးဖြေးနှင့်
လျှော့ပါးသွားခဲ့တော့ လေသည်။
.
.
ကျောင်းကို ပြန်ရောက်ပြီးနောက်တစ်ရက်နေတော့
ပရော်ဖက်ဆာ့ ရုံးခန်းကို ဟယ်ရီတို့သွားကြကာ အားလုံးသူရဲ့ အရှေ့မှာ ဂျင်းနီက ဒရာဂို့ကို တောင်းပန်စကားပြောဆိုခဲ့ပြီး ဒရာဂို ကလည်းပဲ
ခွင့်လွတ်ကြောင်း ပြောလိုက်ပြီး နှစ်ဦးစလုံး ငြိမ်းချမ်းရေးယူကာ လက်ဆွဲနုတ်ဆက်လိုက်ကြလေသည်။
ဒရာဂို့အနေနှင့်ကျတော့လည်း သူကိုယ်တိုင်ကလည်းပဲ အရင်ကာလတွေတုန်းက အမှားတွေကို ဆက်တိုက်ကျူးလွန်ဖူးတဲ့သူပဲလေ၊ လူတိုင်းလည်းပဲ အမှားနဲ့မကင်းကြတာမို့ အခုလိုတောင်းပန်ခြင်းကို
သူဘက်က လက်ခံပေးတယ် လို့ ဆိုကာပြောပြီး ပြေလည်ခြင်း ယူလိုက်လေသည်။ထိုအခါမှ ပရော်ဖက်ဆာ မက်ဂွန်နာဂေါမှ ဂျင်းနီအား ဟယ်ရီ ပြောထားတဲ့အတိုင်းသူမ ယခုကိစ္စ အလုံးစုံကို မျက်ကွယ်ပြု ကျော်ဖြတ်ပေးမယ်၊ နောက်ထပ် အခုလိုမျိုးတွေ ထပ်မလုပ်ဖို့ရန်ပဲ ထပ်ကာ သတိပေးပြောဆိုခဲ့ပြီးနောက် သူတို့ အားလုံးအား ခင်ခင်မင်မင် နေဖို့ အရင်က ကိစ္စတွေကို သင်ပုန်းချေလိုက်ပြီး ရှေ့လျှောက် ခင်ခင်မင်မင်နေထိုင်ကြဖို့ ပြောဆိုလေသည်။။ ထိုသို့ ပြောဆိုပြီးနောက်မှာတော့ သူတို့အားလုံးလည်း ကိုယ့်သက်ဆိုင်ရာ အတန်းတွေဆီကိုပဲ ပြန်လာခဲ့လိုက် တော့လေတယ်။

YOU ARE READING
Be My Valentine
Fanfictionအဆုံးသတ်တိုက်ပွဲ ပြီးနောက်ပိုင်းကာလ၌ အခြေခံထားသည့် Drarry fanfiction လေးတစ်ပုဒ်ပါ.. Valentine Day မတိုင်ခင် ရက်အနည်းငယ်အတွင်းမှာ အနှစ်နှစ် အလလ မျိုသိပ်ထားခဲ့တဲ့ အချစ်တွေ နှစ်ဦးနှစ်ဖက်လုံး ပွင့်ပေါ်လာခဲ့သောအခါ.. Could you Be My Valentine Potter..??? ...