Be My Valentine 17

1.7K 305 24
                                    

ပရော်ဖက်ဆာ့ရုံးခန်းသို့ ဟယ်ရီတို့ သုံးယောက်သား
အ‌ကြောင်းမကြားပဲ ကောက်ကာငင်ကာ ရောက်လာတော့ ပရော်ဖက်ဆာမှာ အံ့ဩသွားကာ

'အိုး ဟယ်ရီတို့ပါလား ဘာကိစ္စရှိလို့လဲ..
အခုလို ညနေခင်းမှာ အကြောင်းမကြားပဲ ရောက်လာတာ ကိစ္စအရေးကြီးလို့လား'..လို့
ပ‌ရော်ဖက်ဆာ မက်ဂွန်နာမှစတင်ကာ နုတ်ဆက်ပါလေသည်။

' ဟယ်လို ပရော်ဖက်ဆာ....
ကျွန်တော် မာလ်ဖွိုင်းကိစ္စနဲ့ပတ်သတ်ပြီး အရာအားလုံး အမှန်တိုင်းသိပါရစေ...
တချို့တလေကို သိပြီးခဲ့ပြီဖြစ်ပေမယ့်
ပရော်ဖက်ဆာ့ထံကနေ ကျွန်တော်အားလုံးကို ရှင်းရှင်းလင်းလင်းသိချင်ပါတယ်၊ ပြောပြပေးပါ ကျေးဇူးပြုပြီး ပရော်ဖက်ဆာ'.လို့ ဟယ်ရီ ပြောဆိုလိုက်ပြီး ကျန်တဲ့ ရွန်နဲ့ ဟာမီဝန်းကတော့ ငြိမ်သက်ကာ ဟယ်ရီနှင့် ပရော်ဖက်ဆာတို့ ပြောဆိုနေတဲ့အကြောင်းအရာ တို့ကိုသာလျှင် အာရုံစိုက်ကာနားထောင်လို့နေလေသည် တခြားဘာမှဝင်မပြောပေ။

'နားထောင် ဟယ်ရီ ကျွန်ုပ် အခုလိုလုပ်တာက
သင့်အတွက်ပါ၊ ဒရာဂိုနဲ့ရှေ့ဆက်မယ်ဆို သင်တို့
နှစ်ယောက်လုံး အတွက် ကောင်းတာဖြစ်လာမှာ ထက် အဆိုးကပိုများပါတယ်...သတင်းစာမှာပါခဲ့သလိုပဲ ဒရာဂိုရဲ့အတိတ်ကို ကျန်ုပ်တို့ ခွင့်လွှတ်ပေးလို့ရပေမယ့်လို့ တခြားသူတွေကအဲ့လိုတွေးမြင်ပေးမှာ မဟုတ်ပါဘူး အဲ့ဒါကိုသင်ကိုယ်တိုင်လဲ သဘောပေါက်မှာပါ၊ ရှေ့ဆက်တိုးမယ်ဆို ဒရာဂိုလည်းပဲ ဒီမှာ‌ဆရာတစ်ယောက်ဖြစ်ဖို့ရာ ခဲယဉ်းသွားမှာဖြစ်သလို သင်လဲပဲ အော်ရာဖြစ်ခွင့်လျှောက်ထားရာမှာ ခက်ခဲသွားမှာ အမှန်ပဲဘာလို့လဲဆိုတော့
အော်ရာဖြစ်ခွင့် လေ့ကျင့်ရေး အဆင့်မြင့်အတန်းတွေအတွက် ဘုတ်အဖွဲ့ဝင်တွေရဲ့ထောက်ခံမှု သေချာပေါက်လိုအပ်တယ် အမှောင်သခင်ကို
အနိုင်တိုက်ထုတ်နိုင်တဲ့ သူဆိုပေမယ့် တချိန်က
အမှောင်သခင်ရဲ့ ဘယ်လက်ရုံးလိုဖြစ်ခဲ့တဲ့ မာလ်ဖွိုင်း အိမ်ရဲ့ မျိုးဆက်နဲ့ တွဲနေတယ်ဆိုရင် ဘုတ်အဖွဲ့ဝင်
ဂျူရီတွေရဲ့အမြင်မှာ တမျိုးမြင်သွားနိုင်တယ်၊ အဲ့ဒါကိုသိပါရဲ့လား ဟယ်ရီ။ အော်ရာရွေးချယ်မှုက ဝန်ကြီးဌာနတွေရဲ လုပ်ပိုင်ခွင့် လက်အောက်မှာ လုံးလုံးတည်ရှိတာကြောင့် သူတို့ရဲ့အတည်ပြုချက်ကသာ အမှန်ဖြစ်ကာ ကျွန်ုပ်တို့ဘာမှဝင်စွက်ဖက်
ခွင့်မရှိဘူး၊ အဲ့ဒါမို့လို့ ကျွန်ုပ် ဒရာဂိုကို
သင်နဲ့ပတ်သတ်မှု့ အဆုံးသတ်ဖို့ အကြံပေးခဲ့တာပါ ရှေ့ဆက်တိုးလို့ နှစ်ယောက်လုံး ဒုက္ခရောက်မှာ
ထက်စာရင် တစ်ယောက်က အနောက်‌ဆုတ်ပေးလိုက်တ။က အားလုံးအဆင်ပြေသွားမှာ မဟုတ်လား၊ နောက်ပြီး သူကိုယ်တိုင်က လည်းလိုလို လားလားနဲ့ သင့်အတွက် သူနောက်ဆုတ်ပေးခဲ့တာပါ။ နောက်ပြီး ဒရာဂို ကျောင်းထွက်သွားရတာနဲ့ပတ်သတ်လို့က
အခုသူကိုယ်တိုင်မထွက်လည်း ဟောဒီစာရွက်မှာပါတဲ့အတိုင်းပဲသူဟာ အမှန်တကယ် လက်ရှိအသစ်ဖွဲ့ထားတဲ့မှော်နက်အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ အကြောင်း မှန်နေမယ်ဆိုရင် ဟော့ဂ်ဝပ်ကနေ ထုတ်ပယ်ခြင်းခံရမှာပါ၊ အခုတော့ ထိမ်းသိမ်းရေးနှင့် စစ်ဆေးရေးကို လှမ်းပြီး မေးမြန်းထားတယ် အကြောင်းမပြန်သေးလို့ စောင့်နေတာမို့ပါ၊ ဒီစာရွက်ဖိုင်က ရွန် သင့်ရဲ့အကို ပါစီ ဝီစလေက ဂျင်းနီ နဲ့တဆင့်  ကျွန်ုပ်ထံ ပေးပို့ခဲ့တာ' ဟုဆိုပြီး ဒရာဂိုနာမည်ပါတဲ့ ထိုစာရွက်ဖိုင်ကို ဟယ်ရီ့ကို လှမ်းပေးလိုက်လေသည်။ 
တဆက်တည်းမှာပဲ
'အခုသူ့ကို ဆက်သွယ်နေတာမရသေးလို့
အတည်ပြု ချက်ထုတ်မရသေးတာ၊ စာရင်းမှာတော့ ယာယီ အတည်ပြုချက် တံဆိပ်တုံးထုထားတာမို့ အကြောင်းပြန်စာကို စောင့်နေတာပါ'.လို့
ပရော်ဖက်ဆာက ဆက်လက်ပြီး ပြော‌လေတယ်။

Be My ValentineWhere stories live. Discover now