Be My Valentine 2

411 48 0
                                    

သို့/

ချစ်ရပါသော ဟယ်ရီ ဂျိမ်းစ် ပေါ်တာ

..

.....

......

စာ‌ရေးချင်စိတ်ပေါ်လာလို့ စာရေးစားပွဲမှာ ထိုင်လိုက်ပေမယ့် တကယ်တမ်းမှာတော့ ဘာကစလို့ဘာအကြောင်းရေးရမှန်း စဉ်းစားလို့မရ....

မိနစ် အချို့ ဖြတ်သန်းပီးနောက်မှာတော့ အစီအစဉ်မကျတဲ့ စာတစောင်ကို ရေးလို့ပီးသွားခဲ့လေပြီ ပြီးနောက်မှာတော့ စာကိုသေချာခေါက်ပီး ဖ‌ယောင်းစက်ချ ချိတ်ပိတ်ပီး စာအုပ်ပေါ် တင်ထားလိုက်ကာ အတန်းသွားဖို့ရာ ပြင်ဆင်နေလိုက်သည်။ အခုမှမဟုတ် အရင်တုန်းကတည်းက ရင်ထဲမှာ ခံစားချက်တွေ လေးပင်လာတဲ့အခါ၊ မျိုသိပ်ရတာများလို့ပြောပြချင်တဲ့အခါတွေမှာ ခုလိုမျိုး ချစ်ရသူရဲ့နာမည်နဲ့လိပ်မူထားတဲ့ စာတွေရေးလေ့ရှိတယ် ဒါပေမယ့် ရေးပီးသွားရင် တနည်းနည်းနဲ့ သူဖျက်စီးပစ်လေ့ရှိတယ် များသောအားဖြင့်ကတော့ မီးရှို့လိုက်တာပါပဲ။ အဲ့လိုလုပ်လိုက်တာက သူ့ရဲ့စိတ်ထဲမှာ မျိုသိပ်၊ ထိန်းချုပ်ထားရပါများလို့ ပင်ပန်းနေတာတွေကို အနည်းငယ် ပြေလျော့ သက်သာစေတယ်လေ။ ဒီတခေါက်မှာ‌တော့ အတန်းချိန်နီးလာတာနဲ့ မီးရှို့ဖို့ကို ချက်ချင်းမလုပ်ဖြစ်ပဲ စာအုပ်တစ်အုပ်ကြားထဲပဲ ခဏညှပ်ထားလိုက်သည်။

ပီးနောက် ဂွိုင်းလ်းနှင့် ပမ်စီတို့ရောက်လာလို့ ပရော်ဖက်ဆာ စပ်ပရော့က်ရဲ့ မှော်ဆေးပင် အထူးတန်းကို တက်ဖို့သွားလိုက်ကြလေသည်။ အဲ့လိုလုပ်လိုက်တာက သူ့ရဲ့စိတ်ထဲမှာ မျိုသိပ်၊ထိန်းချုပ်ထားရပါများလို့ ပင်ပန်းနေတာတွေကို အနည်းငယ် ပြေလျော့ သက်သာစေတယ်လေ။ဒီတခေါက်မှာ‌တော့ အတန်းချိန်နီးလာတာနဲ့ မီးရှို့ဖို့ကိုချက်ချင်းမလုပ်ဖြစ်ပဲ စာအုပ်တစ်အုပ်ကြားထဲပဲခဏညှပ်ထားလိုက်သည်။ ပီးနောက် ဂွိုင်...

အတန်းသွားတဲ့ လမ်းတစ်လျှောက် သဘက်ခါဆို ရောက်လာမယ့် valentine day အတွက် ရင်ခုန်သံတွေနဲ့ ပျော်ရွှင်စွာအချင်းချင်း အစီအစဉ်တွေ ဆွဲနေကြတဲ့ စုံတွဲတော်တော်များများ ရယ် valentine dayမှာ ဘယ်လို ဒိတ်လုပ်မယ်ဆိုပြီး အချင်းချင်း ကြွားနေကြသည့် မိန်းကလေးတစ်သိုက်ရယ်နဲ့ စည်ကား‌လို့နေတယ်။

သူတို့ကိုကြည့်ရင်းမှ အတွေးထဲ မင်းရော ဘယ်လိုအစီအစဉ်တွေရှိနေမလဲ၊ သေချာတာကတော့ ဂျင်းနီနဲ့ ကောင်းမွန်တဲ့ဒိတ်တစ်ခု‌ လောက်တော့လုပ်‌ကြမှာပေါ့။ တကယ်လို့များ ခုလိုချိန်မှာ ကိုယ့်ရဲ့ဘေးမှာမင်းရှိနေ ပေးမယ်ဆိုရင် ကိုယ့်အတွက် ပြည့်စုံတယ်ဆိုတာထက် အရာရာပိုနေမှာပဲလို့ ဒရာဂို မဆီမဆိုင်တွေးနေမိပါ သေးသည်။

ထိုသူတို့တွေကို ဖြတ်ကျော်ပီး အတန်းရှိရာကို ခပ်မြန်မြန်ပဲသွားလိုက်သည်။ ဒရာဂိုတို့ရောက်သွားတော့ အတန်းမစသေးပေမယ့်လို့ ပရော်ဖက်ဆာ့ကို ကူညီလုပ်ပေးနေတဲ့၊ အရင်ကဆိုမှော်ဆေးပင်တွေကို အရမ်းကြောက်တဲ့ နဲဗီလီ လောင်းဘော့တွန်ကို တွေ့ရသည်။ ကြည့်ရတာ နဲဗီလီလည်း ခုတော့ ဆေးပင်တွေနဲ့အဆင်ပြေသွားပုံပါပဲ ကျန်တဲ့ သူတွေ အားလုံးထက်ဒီဘာသာရပ်မှာ ပိုထူးချွန်တယ်လေ၊ နောက်ခဏအကြာတတော့ အတန်းစကြတယ်

ဇာတ်လမ်းကအဲ့ဒီမှာစတယ် ဆေးပင်နဲ့ပတ်သတ်တာ ကိုစစ်ဆေးနေရင်း ကိုးကားစာအုပ်ကို ပမ်စီတောင်းလို့ပေးလိုက်မိတာကနေပေါ့၊ စာကို အဲ့စာအုပ်ကြားမှာ ညှပ်ထားတာ ကိုမေ့ပီးသူမကိုပေးလိုက်တာ တအောင့်လောက်နေတော့ ပြုံးဖြီးနေတဲ့ ပမ်စီ မျက်နှာမြင်တော့မှ သတိရကာ ကိုယ့်ကိုကိုယ်ကျိန်ဆဲမိတယ် အမှု့စစ်လက်ထဲ သက်သေအပ်လိုက်တာကမှ သက်သာရာသက်သာကြောင်း ရှာလို့ရချင်ရမယ် ခုတော့လမ်းမမြင်။။

စာကို ဘယ်လိုမှ ပြန်တောင်းလို့မရတဲ့အဆုံး ဖြစ်သမျှအကြောင်း အကောင်းချည်းသာလို့ပဲ မှတ်လိုက်ရတော့တယ် မတတ်နိုင်ဘူးလေ သိပ်ဆိုးဆိုးရွားရွားမဖြစ်ပါ‌‌စေနဲ့ဆိုပြီးတော့ပဲ  ဆုတောင်းရမယ် ပမ်စီဆိုတဲ့ဟာလေးက မထင်ရင်မထင်သလိုလုပ်တတ်တဲ့အကျင့်ရှိလို့လေ။

.

.

.

_______________________________

Be My ValentineWhere stories live. Discover now