၃၄။ ထွက်ပြေးချင်ရင်တောင် ထွက်ပြေးလို့မရတော့ဘူး။

6.1K 803 24
                                    

Unicode

စုချွေကယ် ကအတွေးအတိုင်း ပန်းရောင်အသီး ပုလင်းကို ထုတ်လိုက်ပြီး ရှဲ့ရှင်းလင် ရဲ့စားပွဲပေါ်တွင် တင်လိုက်ကာ သူမဘာသာ အဖုံးကို ဖွင့်လိုက်ပြီး ပြောလိုက်သည်။

“အတန်းဖော်၊ တစ်ပုလင်း ပေးသောက်မယ်”

သူမအပြုအမူကြောင့် ရှဲ့ရှင်းလင် ရဲ့မကျေနပ်သည့် အမူအရာက ပိုမိုဆိုးရွားသွားတာကို သတိမပြုမိပေ။ သူ့ခေါင်းက မော့လာပြီး ပန်းရောင်အသီးဝိုင်ကို စိုက်ကြည့်လိုက်ပြီး သူမကို ကြည့်လာခဲ့သည်။ သောက်နေသည့် စုချွေကယ် ကိုကြည့်လိုက်ပြီး ပြောလိုက်သည်။

“မင်းသောက်ရဲသေးတာလား?”

စုချွေကယ် ရဲ့လှုပ်ရှားမှုက ရပ်သွားပြီး သံသယဖြစ်စွာ ကြည့်လိုက်ပြီး ရှဲ့ရှင်းလင် ကသူမကို တိုက်ရိုက်စိုက်ကြည့်နေတာကို မြင်လိုက်သည်။ သူပြောနေတာကို မသိပုံရတာကြောင့် လှောင်ပြောင်ကာ ပြောလိုက်သည်။

“ကျောင်းမှာ ဖြစ်ချင်လို့လား?”

စုချွေကယ် ကခဏလောက် လှုပ်ရှားနေပြီး သူဘာကြောင့် ဒီလိုပြောလဲဆိုတာကို တွေးနေရင်း ရုတ်တရက် အရင်တုန်းက သောက်ပြီးနောက် ဖြစ်ခဲ့သည့် မတော်တဆကို သတိရသွားသည်။

ရှဲ့ရှင်းလင် ကသူမကို ကျူတာလုပ်ဖို့ အိမ်ကိုလာချိန်ကတည်းက သူမ လုပ်ခဲ့မိတာတွေကို သေချာမသိခဲ့ပေမဲ့ တဖြည်းဖြည်းနဲ့ အသေးစိတ်ကို သတိရလာပြီး ဒီအကြောင်းကို တွေးတောင် မတွေးရဲတော့ပေ။

ထိုအချိန်က သူမအင်္ကျီကို ချွတ်ပြီးတော့တောင် ရှဲ့ရှင်းလင် ကို “ဒါဆို၊ ရှင် ကျွန်မကို လိမ်ချင်ခဲ့တာလား? ဒီအကြောင်းကို စဉ်းစားကြည့်၊ ဒါဆို ကျွန်မကို ပေးမှာလား?”လို့ ပြောခဲ့သေးသည်။

ထိုအချိန်က ရှဲ့ရှင်းလင် ရဲ့တုန့်ပြန်မှုကို မမှတ်မိပေ။ ဒီလူက သူမကို ရူးမိုက်တာပဲ ဆိုသည့် မျက်လုံးတွေနဲ့ ကြည့်နေလိမ့်မယ်လို့ သူမ ခန့်မှန်းမိသည်။

ဒီအကြောင်းကို သူမတွေးလိုက်ချိန်တိုင်း ရှက်ရွံ့မှုကြောင့် သူမခြေထောက်တွေတောင် ကွေးသွားခဲ့ပြီး အသက်ရှူဖို့တောင် ခက်ခဲသွားပြီး ၁၂၀ ကိုသာ ဖုန်းခေါ်ချင်စိတ် ပေါက်သွားသည်။

ဇာတ်လိုက်နဲ့ Happy Ending【✔】Where stories live. Discover now