၅၁။ အစ်ကို၊ ဦးလေး

4.4K 700 11
                                    

Unicode

သီချင်းတစ်ပုဒ် အားထုတ်သီဆိုမှုနဲ့ စုယွမ်ဇောင် အားစင်ပေါ်မှ ဆွဲမချသေးပေမဲ့ ကျောင်းဂရုထဲတွင် ထူးဆန်းသည့် ပို့စ်တွေများစွာက ရှိလာခဲ့သည်။

နာမည်အများစုက

【ထိတ်လန့်စရာပဲ! ပင်လယ်ရေဘုရင်က နှစ်ပေါင်းများစွာ ပျောက်ဆုံးနေတဲ့ ညီမလေးကို ရှာတွေ့သွားပြီ!】

【ဒီနှစ်ယောက်က အစ်ကိုနဲ့ ညီမလို သွေးသားမတော်ဘူးလို့ ထင်နေတာ】

【ကျောင်းလူဆိုးလေးက သူ့ဘဝမှာ ပထမဆုံးအကြိမ် အမျိုးသမီးလေးအတွက် ဦးညွှတ်လိုက်တာပဲ၊ ဒါက အချစ်လို့ ထင်လား? ဒီလိုဖြစ်လာမယ်လို့ ထင်မထားခဲ့ဘူး】

ဒီပို့စ်တွေကို မြင်လိုက်ပြီး ဒါက သိပ်မမှန်ဘူးလို့ စုချွေကယ် ကခံစားလိုက်ရသည်။ အစက ခေါင်းငုံ့ကာ တိတ်တဆိတ် အလျင်အမြန် ထွက်သွားချင်ခဲ့သည်။ ဒီဖျော်ဖြေမှု ပြီးတာနဲ့ သူ့အတန်းဖော် တစ်ဝက်လောက်က ရောက်လာကြပြီး မေးခွန်းတွေ မေးလာမယ်လို့ ဘယ်သူက ထင်ထားမှာလဲ? ဒါက နိုင်ငံတကာ ပြတိုက်ကြီးနဲ့တောင် တူနေသေးတယ်။

ဖန်ဂျန့်ဒါ လာမေးခဲ့သည်။ "စုလေး က စုယွမ်ဇောင် နဲ့သိပြီး သူ့ညီမတောင် ဖြစ်နေတာလား?"

အရင်က စုလေး ကို စုယွမ်ဇောင် ကမကောင်းတာလုပ်မှာကို စိုးရိမ်ခဲ့သည်။ အခုတော့ ဒီနှစ်ယောက်က မောင်နှမတွေတဲ့လား?

တန့်ကျဲ ကသူမကို အပေါ်အောက် ကြည့်လိုက်ကာ သံသယဝင်စွာဖြင့် မေးလာခဲ့သည်။ "ငါတို့အတန်းထဲမှာ ထောက်လှမ်းဖို့အတွက် စုယွမ်ဇောင် ကမင်းကို ထားထားတာ မဟုတ်ဘူးမလား?"

ဝမ်မင်မင် တောင်ထိတ်လန့်သွားသည်။ "ဘုရားရေ၊ အတန်းတွေပျက်၊ ဂိမ်းတွေ ကစားတဲ့ စုယွမ်ဇောင် ကဒီလိုလှပပြီး ချစ်ဖို့ကောင်းတဲ့ ညီမလေး ရှိနေမယ်လို့ ငါမထင်ထားခဲ့ဘူး။ သူ့အရင်ဘဝက ကမ္ဘာကြီးကို ကယ်တင်ခဲ့တာပဲ!!"

ဒီသံသယမျက်နှာတွေနဲ့ စုချွေကယ် ကသက်ပြင်းချလိုက်သည်။ "ကောင်းပြီ၊ ငါတို့က ကောင်းမွန်တဲ့ ဆက်ဆံရေး မရှိသလို အတူတူလည်း မနေကြဘူး၊ ဒါ့ကြောင့် ငါမပြောခဲ့တာ"

ဇာတ်လိုက်နဲ့ Happy Ending【✔】Where stories live. Discover now