Unicode
အတန်း ၁ ကကျောင်းသား နှစ်ယောက်က အပြစ်ပေးခံရတာကို သူတို့သိကြသော်လည်း လူတိုင်းက အလေးအနက် မထားပေ။ ဒါရိုက်တာရှု ရဲ့စိတ်သဘောထားက အရမ်းဆိုးတာကို လူတိုင်းက သိနေတာကြောင့်ပင်။ မင်းသာ သူ့ကိုရုတ်တရက် တိုက်မိသွားရင် မင်းဘာပဲလုပ်လုပ် သူက စိတ်ပျက်ပြီး အကောင်းဆုံး အကြောင်းပြချက်နဲ့ အပြစ်ပေးလိမ့်မည်။ ကျောင်းသားတွေက ဒါကို သွေးဆုံးခြင်းလို့ ခေါ်ကြသည်။
သွေးဆုံးချိန်မှာ ဒါရိုက်တာရှု ကလူတိုင်းကို အပြစ်ပေးခဲ့သော်လည်း ဒီတစ်ကြိမ်ရဲ့ ပစ်မှတ်ကတော့ အတန်းရဲ့ အတော်ဆုံး ကျောင်းသား ရှဲ့ရှင်းလင် အဖြစ်ပြောင်းသွားတာက နည်းနည်းတော့ ထူးဆန်းသည်။
အဆုံးတွင် နှစ်တိုင်း ဆုများစွာကို ရခဲ့တဲ့ ပညာသင်ဆုရ ကျောင်းသားတောင်မှ ဒါရိုက်တာရှု ကသူ့ရဲ့ စိတ်သဘောထားကို တစ်ကြိမ်ထက်ပိုပြီး ပြသခဲ့သည်။
နောက်နေ့တွင် ကျောင်မင်ဟွား ကသိသွားပြီးနောက် အရမ်းကြီး စိတ်မဆိုးပေ။ သူမတွင် ပုံမှန်အပြုအမူတွေ ရှိသည်။ အပြစ်အကြောင်းကို ဖတ်ပြီးနောက် သူမက သူတို့ကို ကြည့်လိုက်ပြီး ပြောလိုက်သည်။ "မင်းမမှတ်မိဘူး။ အရမ်းကို ရှုပ်ထွေးတယ်၊ ဆရာမ ပြောတဲ့အတိုင်းသာ လုပ်လိုက်ရုံပဲ"
နေသာတဲ့ တနင်္လာနေ့။
အလံမြှင့်တင်ခြင်း အခမ်းအနားအတွင်း ဒါရိုက်တာရှု ကစင်မြင့်ထက်တွင် မိုက်ခရိုဖုန်းဖြင့် စကားပြောနေခဲ့သည်။ "ငါတို့ကျောင်းတွေက စာလေ့လာဖို့ နောက်မကျသင့်ဘူး။ ယေဘူယျအားဖြင့် မင်းတို့တွေက စာမေးပွဲဖြေဆိုဖို့ အနားနီးချိန်မှသာ မေးကြတယ်။ ကျောင်းသားတွေက ဒီလိုအမူအကျင့်ေတွကို မပြုလုပ်သင့်ဘူး..."
ဒါရိုက်တာရှု ကစကားလုံး ကြွယ်ဝသည်။ သူဟောပြောချိန်တိုင်း သူပြောချင်တာတွေက ခေါင်းထဲမှ တန်းစီထွက်လာတတ်ပြီး အဆက်မပြတ် ပြောတတ်သည်။
မြေပြင်တွင် ရပ်နေကြသည့် လူအများစုက အရမ်းပျင်းတာကြောင့် စတင်ပြီး လှုပ်ရှားလိုက်ကြသည်။ တချို့ဆိုရင် ပျင်းရိမှုကို သည်းမခံနိုင်တော့ပဲ စကားပြောနိုင်မဲ့ သူတွေကိုတောင် ရှာဖွေတက်ကြသည်။
BINABASA MO ANG
ဇာတ်လိုက်နဲ့ Happy Ending【✔】
RomanceI like this fic so much. So I wanna save in my treasure. This is only purpose for offline reading. If you like slow romance, school life and transmigration, I recommend to read. Love you all (๑˙❥˙๑). Intro is first part. (✧Д✧)→ mature ထည့်ထားတာက စကာ...