၁၁။ အိုကေ၊ ပိုအဆင်‌ေပြလာပြီ

7.8K 1K 4
                                    

Unicode

နောက်ဆုံးတွင် လက်သည်းဖျက‌်ဆေးဖြင့် အောင်မြင်စွာ ဖယ်ရ‌ှားခဲ့ပြီး စုချွေကယ် လွတ်လပ်သွားခဲ့သည်။ သူတို့ ဓာတ်ခွဲခန်းကို ရောက်ချိန်တွင် နောက်ကျနေတာကြောင့် ချီချီ ကအပြင်ဘက်တွင် ၁၀ မိနစ်ခန့် မတ်တပ်ရပ်နေရန် ဒဏ်‌ေပးခံခဲ့သည်။

စုခေျွကယ် သည်စကားလုံး တစ်လုံးတည်းဖြင့် စိတ်ဆင်းရဲရသလို ခံစားလိုက်ရသည်။ သူမသည် ကူးပြောင်းပြီးနောက် အရမ်းကို ကံမကောင်းနေပုံပေါ်သည်။ သူမ‌ ေနရာကို မြန်မြန်ဆန်ဆန် ပြောင်းလဲချင်ခဲ့သည်၊ ဘဝကို တန်ဖိုးထားပြီး ဒီသရုပ်ဆောင်ကနေ ဝေးဝေးနေချင်ခဲ့သည်။

သုံးရက်က မြန်မြန်ဆန်ဆန် ကုန်ဆုံးသွားပြီး လပတ်စာမေးပွဲက ရောက်လာခဲ့သည်။

ပထမတန်းမှ ကျောင်းသား သုံးပုံနှစ်ပုံသည် စာမေးပွဲ ဖြေဆိုကြပြီး သူတို့ အိတ်များကိုထုပ်ကာ စိတ်ပျက်စရာ‌ေကာင်းသည့် စာမေးပွဲခန်းသို့ သွားရန်ပြင်ဆင်ခဲ့ကြသည်။ သို့သော် စုချွေကယ် ကတော့မတူစွာဖြင့် နည်းနည်း ပျော်ရွှင်နေခဲ့သည်။ အတန်းထဲမှ နောက်ဆုံးက တစ်ယောက်တောင်မှ ဒီလောက် သက်တောင့်သက်သာ ဖြစ်နေတာကို မြင်လိုက်ပြီး ပထမတန်းမှ ထွက်ခွာသွားကြသူများသည် ပိုအဆင်ပြေသွားကြသည်။

စုချွေကယ် သည်ကျောင်းလွယ်အိတ်ကို သယ်လိုက်ပြီး တစ်ဖက်‌ေထာင့်မှ အခန်းဆီကို တဖြည်းဖြည်း လျှောက်သွားလိုက်သည်။ နံပါတ်တစ်ခုချင်းအတိုင်း လိုက်ကာ လျှောက်သွားရင်း ဒုတိယနှစ်ရဲ့ အတန်း ၁၂ ကိုရှာဖွေလိုက်သည်။

အဖိုးမတန်သည့် အစ်ကို စု‌ယွမ်ဇောင် ကလည်း ဒီအတန်းထဲမှာ ရှိနေမှာကို စုချွေကယ် သိသော်လည်း ဒီအစ်ကိုက ဘယ်လိုမျိုးလဲဆိုတာကို သူမ စိတ်မဝင်စားပေ။

နောက်ဆုံးအချိန်က သူမ အင်တာနက်ဆိုင်ကို သွားတုန်းက ဒီလူက ထွက်လာတာကို မမြင်ခဲ့တာကြောင့် သူနဲ့ရင်းနှီးချင်သည့် စိတ်သဘောထားကို လက်လျော့လိုက်သည်။

ဒီ့မတိုင်ခင် မူလပိုင်ရှင်နဲ့ သူမအစ်ကို စကားပြောထားခဲ့တာတွေကို သူမကြည့်ခဲ့သည်။

ဇာတ်လိုက်နဲ့ Happy Ending【✔】Nơi câu chuyện tồn tại. Hãy khám phá bây giờ