၇၄။ Extra 3: ယောင်္ကျားလို့ခေါ်

5.3K 392 1
                                    

Unicode

ထိုစကားကို ကြားလိုက်ချိန်တွင် သူမက လန့်သွားခဲ့ပြီး သတိလက်လွတ်ဖြင့် ခေါင်းမော့လိုက်ကာ မှန်ထဲကို ကြည့်လိုက်သည်။

မှန်ထဲရှိ အမျိုးသမီးက ကြောက်စရာကောင်းလောက်အောင် နီရဲနေပြီး သူမ အရင်က မမြင်ဖူးခဲ့သည့် မရင်းနှီးသည့် မျက်နှာမျိုး ရှိနေကာ သူမမျက်ဝန်းတွေက ရီဝေနေပြီး နှုတ်ခမ်းတွေကလည်း နီရဲကာ ဖောင်းနေပြီး သူမလက်မောင်းနဲ့ ညှပ်ရိုးတွေက အနီရင့်ရောင် အနမ်းတွေနဲ့ ပျံ့ကျဲနေသည်။ အနမ်းမှတ်တွေက နို့လိုဖြူဖွေးသည့် အသားအရည်ပေါ်တွင် ရှိနေတာက နည်းနည်း ထိတ်လန့်စရာပင်။

ထိုအချိန်တွင် သူမက သူ့လက်မောင်းထဲတွင် ကွေးနေခဲ့သည်။ သူ့ကြွက်သားပြည့်သည့် ခန္ဓာကိုယ်နဲ့ယှဉ်ရင် သူမက အတော်လေးကို အားနည်းပုံရကာ သူ့ပေါ်တွင် ကြီးထွားနေသည့် အားနည်းသည့် ပန်းပွင့်လေးနဲ့ တူနေသည်။

သူမ ဝန်မခံချင်သည့် တစ်ခုလည်း ရှိနေသည်။

သူမမျက်နှာပေါ်မှ စိတ်ဆန္ဒမပြည့်ဝသည့် အမူအရာမျိုးကိုလည်း မြင်နေရသည်။

သူမမျက်နှာပေါ်တွင် ထိတ်လန့်သည့် အသွင်အပြင်က ပေါ်လာခဲ့ပြီး သူမ တုန့်ပြန်လိုက်ချိန်တွင် သူမခန္ဓာကိုယ်အား ရေအောက်သို့ နှစ်မြှုတ်လိုက်ပြီး သူ့အား စိုက်ကြည့်လိုက်သည်။

သူ့အဓိပ္ပါယ်ပြည့်နေသည့် အကြည့်တွေအောက်တွင် သူမက သူ့အား လက်ညှိုးထိုးကာ ပြောလိုက်သည်။ “ရှင် မကောင်းတဲ့ကောင်!”

ဘယ်လိုလူက ရေချိုးခန်းထဲမှာ မှန်ထားမှာလဲ??
ဒါက ဘယ်လိုတောင် ပုံမှန်မဟုတ်တဲ့ စိတ္တဇမျိုးလဲ??
သူမစကားကို ကြားလိုက်ပြီး သူက သူမကို ငုံ့ကြည့်လိုက်ပြီးနောက် မေးလိုက်သည်။ “ဒါက ကြည့်ကောင်းတယ် မဟုတ်လား?”

သူမ မဖြေနိုင်ခင် သူက ဆက်ပြောလိုက်သည်။ “ကိုယ် မင်းကို ကြည့်ရသလောက်တော့ ဒါက လှတယ်လို့ ကိုယ်တော့ ထင်တာပဲ”

အနာဂတ်မှာ အခွင့်အရေးသာ ရှိခဲ့ရင် သူမကို မှန်မှာ ဖိကပ်ထားလိုက်ချင်သည်။

သူမကို အရာအားလုံး သေသေချာချာ ကြည့်စေပြီး သူမရဲ့တုန့်ပြန်ချက်တိုင်း၊ အမူအရာတိုင်းကို မြင်စေမည်။

ဇာတ်လိုက်နဲ့ Happy Ending【✔】Where stories live. Discover now