၄၂။ ငါက သူမအစ်ကို မဟုတ်ဘူးတဲ့။

5.5K 753 9
                                    

Unicode

အရင်နှစ်ရက်တုန်းက သူတကယ်ပဲ သွေးဆုံးသွားပြီလို့ စုယွမ်ဇောင် ခံစားလိုက်ရသည်။

သောကြာနေ့ စုချွေကယ် ကရန်အိမ်တော်ကို သွားချိန်တုန်းက သူမက အနောက်မှာနေပြီး စကားတောင် ဝင်မပြောခဲ့ပဲ ထောင့်လေးကိုသာ ရှာဖွေပြီး နာခံစွာဖြင့် ကျောင်းလွယ်အိတ်ထဲမှ စာအုပ်တွေကို ထုတ်ယူပြီး အိမ်စာလုပ်နေခဲ့သည်။

သူမက အိမ်စာလုပ်နေတာကို ကြည့်လိုက်ပြီး သူဂရုစိုက်ဖို့တော့ မလုပ်ချင်ပေ။ စကားတွေ ရှာပြောခဲ့ပေမဲ့ အကြိမ်တိုင်း ကျရှုံးခဲ့သည်။

အရင်တည်းက စုချွေကယ် ကသူ့ကို သိပ်အာရုံမစိုက်တော့တာကြောင့် သူအဆင်ပြေသလို မခံစားရပေ။ စုချွေကယ် ဘာဖြစ်နေလဲဆိုတာ သူမသိပေ။

ရန်မိသားစုမှ အမျိုးသမီးတွေနဲ့ စကားများဖို့ ရောက်လာတာ မဟုတ်ပေမဲ့ မကောင်းတဲ့ကောင်တွေနဲ့တော့ စကားများခဲ့သည်။

အချိန်တိုအတွင်း ငြိမ်းချမ်းရေး မရချိန်တွင် ပါးစပ်နဲ့သာ ရန်ဖြစ်နေကြပြီး တခြားသူတွေက သတ္တိမရှိတာကြောင့် စကားများဖို့သာ တတ်နိုင်ကြသည်။ သူတစ်ယောက်တည်း ဖြစ်နေချိန်တွင် တိတ်ဆိတ်နေသည်။

သို့သော် သောကြာနေ့ညတွင် ထူးဆန်းတာ ဖြစ်လာခဲ့သည်။ စုချွေကယ် ကလူတိုင်းကို လျစ်လျူရှုထားပြီး အဒေါ်တွေက လူတိုင်းကို စုဝေးစေပြီး စကားပြောဖို့ လုပ်တာတောင်မှ သူမက တိတ်ဆိတ်စွာနဲ့သာ စာရေးနေခဲ့သည်။

ဒါက စုယွမ်ဇောင် အားစိတ်ရှုပ်ထွေးစေသည်။ သူမက အိမ်တော်မှာမို့ ဟန်ဆောင်နေတာလား၊ ဒါမှမဟုတ် တကယ်ပဲ စာကြိုးစားတာလားဆိုတာ မသိရပေ။ သို့သော် ဒီအရာက အရေးကြီးတာတော့ မဟုတ်ပေ။

အရေးအကြီးဆုံးက...

စုချွေကယ် ကစာရေးပြီးသွားတော့ စုဝေးနေချိန်မှာ လေ့ကျင့်ခန်းစာတွေတောင် လုပ်နေခဲ့သည်။ အမြန်နှုန်းက အရမ်းကို အံ့ဩဖို့ကောင်းသည်။

မဟုတ်ဘူး၊ စာအုပ်တစ်အုပ်တောင် ကျသွားခဲ့သည်။ စုချွေကယ် ကအိတ်ကိုသယ်ကာ အဝေးကို လျှောက်သွားခဲ့သည်။ အဆုံးတွင် ဘယ်သူမှမတွေ့တာကြောင့် အိမ်ဖော်တွေက သူ့ကိုသာ အိမ်စာစာအုပ်ကို ပေးခဲ့သည်။

ဇာတ်လိုက်နဲ့ Happy Ending【✔】حيث تعيش القصص. اكتشف الآن