၇၈။ Extra 7: ကြည့်ရတာ အလုပ်အကြွေးပြုတာ မလုံလောက်ဘူးထင်တယ်

2.8K 314 5
                                    

Unicode

စုချွေကယ် ကအသက်ရှူသွင်းလိုက်သည်။ ဒီအိမ်မက်ကနေ သူမ ဘယ်လိုနိုးအောင် လုပ်ရမလဲဆိုတာကိုသာ တွေးနေခဲ့သည်။ သူမ နိုးလာချိန်တွင် အပြင်ဘက်မှ ရှုပ်ထွေးသည့် ခြေသံတွေကို ကြားလိုက်ပြီးနောက် အဝါရောင်တံခါးလေးဆီမှ အသံကျယ်က ထွက်လာခဲ့သည်။ “ဧကရာဇ်ကို နှုတ်ဆက်ပါတယ်...”

စုချွေကယ် ကထိုစကားကို ကြားလိုက်ချိန်တွင် အပြင်ဘက်ကို ကြည့်လိုက်ပြီး အထဲကို ဝင်လာနေသည့် အနက်ရောင်ပုံရိပ်ကို မြင်လိုက်ရသည်။ သူအနားရောက်လာပြီး ဘယ်သူဆိုတာကို စုချွေကယ် မြင်လိုက်ချိန်တွင် သူမမျက်နှာက တွန့်သွားခဲ့သည်။

ဘုရားရေ! စုယွမ်ဇောင် ကဧကရာဇ်!!

နိုင်ငံတော်က အန္တရာယ်ရှိနေပြီ!!

နိုင်ငံတော်က အန္တရာယ်ရှိနေပြီ!!

စုယွမ်ဇောင် အနောက်မှ အစေခံတွေက လိုက်ပါနေပြီး သူ့မျက်လုံးကတော့ ချည်နှောင်ထားသည့် လူအား ကြည့်လိုက်ပြီး အံကြိတ်ကာ ပြောလိုက်သည်။ “အတင့်ရဲလိုက်တာ! ညစ်ပတ်တဲ့ကောင်က ဧကရာဇ်ရဲ့ တစ်ဦးတည်းသော ညီမတော်ကိုမျိုး မြူဆွယ်ရဲတယ်!”

“လာကြစမ်း၊ သူ့ကိုဆွဲထုတ်ပြီး အချက်ငါးဆယ်ရိုက်!”

စုချွေကယ် : ?

မလိုဘူးလေ။

ညှာတာဖို့ တောင်းခံမဲ့အစား အနီရောင်ဝတ်လူက ခေါင်းမော့လိုက်ကာ စုယွမ်ဇောင် ကိုကြည့်လိုက်ပြီး သူ့မျက်လုံးတွင် အလင်းရောင်က တောက်ပသွားခဲ့သည်။

ထိုလူက သူ့အား မဲမှောင်စွာ ကြည့်နေတာကို စုယွမ်ဇောင် ကမြင်လိုက်ပြီး သူ့မျက်နှာက ဒေါသကြောင့် ပြာနှမ်းလာခဲ့သည်။ “မင်းမျက်လုံး အထုတ်ခံရမှာကို သတိထားလိုက်!”

သို့သော် ရှဲ့ရှင်းလင် ရဲ့အမူအရာက မပြောင်းလဲပဲ သူ့နှုတ်ခမ်းထောင့်က ထေ့ငေါ့သည့်ပုံစံဖြင့် ကွေးသွားခဲ့သည်။ သူ့နှုတ်ခမ်းတွေက နီရဲနေပြီး ထိုလိုမျိုး ပြုံးလိုက်ချိန်တွင် သူ့မျက်နှာအသွင်အပြင်က ပိုပြီးတော့တောင် အရောင်အသွေး စုံလင်သွားခဲ့သည်။ ဒါက စုယွမ်ဇောင် အားပိုဒေါသထွက်စေသည်။ သူက ခန်းမထဲတွင် အလှဆင်ထားသည့် ဓားကိုဆွဲလိုက်ပြီး ရှဲ့ရှင်းလင် ဆီကို ဦးတည်လိုက်သည်။

ဇာတ်လိုက်နဲ့ Happy Ending【✔】Tempat cerita menjadi hidup. Temukan sekarang