၄၁။ သူတကယ်ပဲ ချစ်မိသွားပြီ။

5.5K 791 10
                                    

Unicode

ရှဲ့ရှင်းလင် ကပုခုံးတစ်ဖက်တွင် အိတ်ကိုသယ်ထားပြီး တံခါးမှ ထွက်လာချိန်တွင် သူ့အမူအရာက အေးစက်နေသည်။

ထိုအချိန်တွင် စုချွေကယ် ကသူမအနောက်မှ လေအေးတွေ တိုက်နေသလို ခံစားလိုက်ရသည်။ တစ်ချိန်တည်းတွင် စုယွမ်ဇောင် ကဘေးဘက်မှ ရှဲ့ရှင်းလင် ကိုသတိပြုမိသွားပြီး ချက်ချင်းပင် စုချွေကယ် အားသူ့အနောက်မှ တံခါးနှင့် လက်မောင်းကြားတွင် ပိတ်ထားလိုက်ပြီး ရန်လိုစွာဖြင့် ရှဲ့ရှင်းလင် အားကြည့်လိုက်သည်။

ရှဲ့ရှင်းလင် ကလည်း သူ့ကို စိုက်ကြည့်နေခဲ့သည်။ သူက စုယွမ်ဇောင် အားဂရုစိုက်ဖို့ အတော်လေး ပျင်းသည်။

ဒီလူက သူ့ကို အရင်က စုချွေကယ် လိုမျိုးမကြာခဏ ပြဿနာရှာတာတောင် သူ့ကို မနာကျင်စေသလို၊ ယားယံမှုတောင် မဖြစ်စေကာ ရယ်ဖို့ပင် ကောင်းနေသေးသည်။ သို့သော် ဒီနေ့ သူထွက်လာချိန်တွင် စုယွမ်ဇောင် အားအထင်သေးသလို ကြည့်လိုက်သည်။

ထိုအချိန်တွင် စုယွမ်ဇောင် က ရှဲ့ရှင်းလင် ရဲ့မေးရိုးတွေက ထောင်နေတာကို တွေ့လိုက်ပြီး သူ့မျက်လုံးထဲတွင်လည်း ခြိမ်းခြောက်ရိပ်တွေကို မြင်လိုက်ရသည်။

ထိုအရာက တိရစ္ဆာန်အထီး တစ်ကောင်က ပင်ကိုယ်ဗီဇအရ သူတို့ပုံစံအား တစ်ဖက်သူကြောက်အောင် ပြုမူသလိုမျိုး ပြင်းထန်သည့် ထိုးစစ်နဲ့ ဆွနေသလို ခံစားရသည်။

စုယွမ်ဇောင် ကတိတ်ဆိတ်စွာဖြင့် ကျိန်ဆဲလိုက်သည်။ စကားလုံး အနည်းငယ်နဲ့ ကျိန်ဆဲလိုက်ချင်ပေမဲ့ ဘယ်လိုပြောရမလဲ မသိတာကြောင့် ရှဲ့ရှင်းလင် ရဲ့မိဘနဲ့သာ နှုတ်ဆက်လိုက်သည်။

ဒီအရာအား မြင်တွေ့နေရသည့် စုချွေကယ် ကဒီနှစ်ယောက်က သိပ်အဆင်မပြေကြတာကို သိလိုက်သည်။ စုချွေကယ် က စုယွမ်ဇောင် အားဂရုမစိုက်တာကို မြင်လိုက်ပြီး ဂေါင်ဂျန်း ကခေါင်းစဉ်ပြောင်းကာ ပြောလိုက်သည်။

"သွားရအောင်၊ နောက်ကျလိမ့်မယ်"

ထိုအချိန်တွင် ရှဲ့ရှင်းလင် ကအဝေးကို ရောက်သွားပြီး အခုချိန်တွင် သူ့ခေါင်းမှ မိုက်မဲသည့် အရာတွေကို နားလည်သွားသည်။ သူ့ကျောင်းလွယ်အိတ်အား ကိုင်ထားပြီး သူ့ကိုလာရှာသည့် ဟန်မင် နဲ့ဆုံသွားသည်။

ဇာတ်လိုက်နဲ့ Happy Ending【✔】Where stories live. Discover now