၇၅။ Extra 4: ကိုက်ရာကိုကြည့်

4.2K 382 7
                                    

Unicode

မင်္ဂလာပွဲက နောက်လဖြစ်သည်။ စုချွေကယ် ကကိုက်ခဲနေသည့် ခါးနဲ့အတူ မနက်ခင်းတွင် နိုးထ,လာခဲ့ပြီး ဖိတ်ကြားမည့် လူစာရင်းဖြင့် အလုပ်ရှုပ်နေခဲ့သည်။ လက်ထပ်ပြီးနောက် ခရီးတစ်ခုရှိသည်။ သူတို့နှစ်ယောက်က ဥရောပနဲ့ အိုက်စလန်ကိုသွားဖို့ ဆုံးဖြတ်ခဲ့သည်။

အိုက်စလန်က ပန်းရောင်စိန်ပိုင်ရှင် နေထိုင်သည့်နေရာဖြစ်ပြီး သူ့ကောင်မလေးက ဆောင်းရာသီတွင် ထွက်သွားခဲ့တာကို ကြားခဲ့သည်။ နွေဦးရောက်လာချိန်တွင် သူ့ကောင်မလေးက ထာဝရလှပသည့် နေရာတွင် အိပ်စက်သွားခဲ့သည်။

သူတို့အချစ်က ဒီစိန်လက်စွပ်ပေါ်တွင် တည်ရှိနေပြီး "အချစ်ဆေး"လို့လည်း အမည်ပေးထားကြသည်။ သူမ ဒီလက်စွပ်ကို မြင်လိုက်တိုင်း အခုလက်ရှိ အရာတွေအား ပိုပြီးတော့ တန်ဖိုးထားစေဖို့ သတိပေးနေသည်။

နောင်တရတဲ့အထိ မစောင့်ပါနဲ့။

အိမ်က တောင်ဘက်ကို မျက်နှာမူထားပြီး မနက်ခင်းတွင် နေရောင်ပိုကျသည်။ သူမက ဒူးအုပ်လောက် အဖြူရောင် အဝတ်ကို ဝတ်ဆင်ထားပြီး သူမမျက်နှာပေါ် သစ်ပင်အရိပ်က ကျဆင်းနေပြီး နေရောင်က နွေးထွေးနေကာ သူမပေါင်ပေါ်တွင် မှတ်စုလေးက ရှိနေသည်။

သူမရဲ့ ဒီလိုမျိုး လှပသည့် အသွင်အပြင်ကို ကြည့်နေရင်း သူ့စိတ်ထဲတွင် ရုတ်တရက် မှောင်မိုက်သည့် အတွေးတွေက ပေါ်လာခဲ့သည်။ သူငွေသုံးပြီး ရဲတိုက်တစ်လုံးဆောက်ကာ သူမအား တခြားသူတွေ မမြင်နိုင်အောင် ဖွက်ထားချင်သည်။ ဒါဆို သူမကို ချစ်မြတ်နိုးပြီး သူမလိုချင်တဲ့ အရာအားလုံးကို ပေးမည်။ သူမကို သူ့လက်အောက်တွင်သာ ထားပြီး သူနဲ့ဆန့်ကျင်ဖို့ ဘာမှလုပ်ခွင့်မပြုနိုင်ပေ။

ဒီအတွေးတွေက ထွက်လာချိန်တွင် ကောင်မလေးက လှည့်လာပြီး သူ့အား ပြုံးပြလာခဲ့သည်။ သူမအပြုံးက နေရောင်အောက်တွင် တောက်ပနေပြီး သူ့အတွေးတွေအား ပျံ့ကျဲသွားစေသည်။ သူပိုပိုပြီးတော့ လောဘကြီးလာမိမှာကို သူကိုယ်တိုင်သာ သိနေသည်။

တရားဝင် သူမခန္ဓာကိုယ်နဲ့ စိတ်အား ရပြီးနောက်တွင်တောင် သူမကျေနပ်နိုင်သေးပေ။ သူ ပိုပိုပြီး ကျရှုံးလာခဲ့သည်။ လက်ထပ်ပွဲက တခြားသူတွေအတွက်တော့ ထောင်ဖြစ်နိုင်ပေမဲ့ သူ့အတွက်တော့ နိဗ္ဗာန်သာ ဖြစ်သည်။

ဇာတ်လိုက်နဲ့ Happy Ending【✔】Donde viven las historias. Descúbrelo ahora