၈၂။ Extra 11: ပိုအရှက်မဲ့တာတောင်ရှိတယ်

2.8K 239 0
                                    

Unicode

စုချွေကယ် ကပိတ်မိနေပြီး မလှုပ်နိုင်ပေ။ ထိုအချိန်တွင် ပြတင်းပေါက်မှ ညလေပြည်က တိုက်ခတ်ဝင်လာတာကြောင့် သူမအား ကြက်သီး,ထစေသည်။ ထိုအချိန်တွင် သူမဦးနှောက်က စကားလမ်းကြောင်း ပြောင်းဖို့အတွက်သာ တွေးတောနေခဲ့သည်။ ရုတ်တရက် အတွေးတစ်ခု ရသွားခဲ့ပြီး ပြောလိုက်သည်။

“ရှင့်နောက်ခံက မရှင်းလင်းဘူးလေ၊ ဒီမင်းသမီးက ဘယ်လိုလုပ်ပြီး ယုံကြည်လို့ရမှာလဲ?”

ဒါက အကျိုးအကြောင်းသင့်တယ်လို့ သူမ ခံစားမိပြီး ရှေ့တိုးလိုက်ကာ မေးလိုက်သည်။ “ပထမဦးဆုံး၊ ဒီမင်းသမီးကိုပြော၊ ရှင်က ဘယ်သူလဲ?”

သူမရှေ့မှ အနီရောင်ဝတ်လူက အနည်းငယ် တုန်သွားခဲ့ပြီး သူမအား စိုက်ကြည့်နေခဲ့ပေမဲ့ သူ ပြန်မဖြေနိုင်ခင် ပြတင်းပေါက်မှ ရယ်သံက ထွက်လာခဲ့သည်။ စုချွေကယ် ကလှည့်လိုက်ပြီး ဖွင့်ထားသည့် ပြတင်းမှတဆင့် ဝင်လာသည့်လူကို မြင်လိုက်ရသည်။

ဟန်မင် ကအနက်ရောင် နန်းတွင်းအစောင့် ဝတ်စုံကို ဝတ်ထားပြီး သူက ကြမ်းပြင်ကို ခြေချလိုက်ချိန်တွင် သူ့ဝတ်ရုံကို ပြင်လိုက်သည်။

သူ့မျက်နှာထက်တွင် အပြုံးလေးနဲ့ သူက သူမအား ကြည့်လိုက်ပြီး အပြုံးလေးနဲ့ ပြောလိုက်သည်။ “မင်းသမီးက ဒီအကြောင်းကို မေးတယ်ဆိုရင် အရင်ကအကြောင်းတွေကိုလည်း သိထားရလိမ့်မယ်”

စုချွေကယ် ကခဏလောက် တိတ်ဆိတ်သွားပြီး နန်းတော်အတွင်း အေးဆေးစွာ ဝင်လာသည့် သူ့အား မျက်မှောင်ကြုတ် ကြည့်လိုက်သည်။ သာမန်ပြည့်တန်ဆာက ဒီလိုကောင်းမွန်တဲ့ ကျွမ်းကျင်မှုတွေ ရှိနေမှာလဲ? ဖြစ်နိုင်တာက...

ဒီနှစ်ယောက်က လှေပေါ်က အဖြူရောင်ဝတ် အမျိုးသမီးအုပ်စုနဲ့ တူလောက်သည်။ ထိုအချိန်တွင် အစိမ်းရောင် အငွေ့တွေက ထွက်လာခဲ့ပြီး ညစ်ညူးစရာ အနံ့က ပျံ့နှံ့လာခဲ့သည်။ သူမက အနံ့ခံလိုက်မိချိန်တွင် ရုတ်တရက် ခေါင်းမူးနောက်လာခဲ့သည်။

အငွေ့ရှူမိသည်နှင့် တစ်ခုခုကို ခံစားလိုက်ရသည်။
သူမက မျက်မှောင်ကြုတ်လိုက်ပြီး စိတ်မသက်မသာ ဖြစ်မှုအား ဖိနှိပ်လိုက်ပြီး “ရှင်တို့က...”

ဇာတ်လိုက်နဲ့ Happy Ending【✔】Where stories live. Discover now