Unicode
ရှဲ့ရှင်းလင် ကစင်္ကြံမှာရပ်ေနပြီး သူမကို ခဏလောက် ကြည့်ေနခဲ့ကာ တဖြည်းဖြည်းချင်း လျှောက်လာပြီး သူ့အပေါ်ဝတ်ဇစ်ကို ဖြုတ်လိုက်သည်။
သူ့အင်္ကျီကို ချွတ်လိုက်ချိန်တွင် အတွင်းဘက်က အနက်ရောင်တီရှပ်က အပေါ်တက်သွားခဲ့သည်။ သူ့ရဲ့ပါးလွှာသည့် ကြွက်သားတွေနဲ့ အောက်ဘက်ကို လျောဆင်းသွားတဲ့ လှပသည့်လိုင်းတွေကို စုချွေကယ် မြင်လိုက်ရသည်။ ဒီအချိန်က ခဏလေးဖြစ်ပေမဲ့ ဆက်ဆီ(sexy)ကျလွန်းသည်။ လူတွေကို အထင်ကြီးစေသည်။
ရှဲ့ရှင်းလင် ကဖြေးဖြေးချင်း ပြောလိုက်သည်။ "မင်းတကယ်ပဲ မေ့သွားတာလား?"
စုချွေကယ် ကအတော်လေး အံ့ဩသွားသည်။ "အရင်က ငါ့အိမ်ပါ့စ်ဝါ့ကို ပြောခဲ့ဖူးတာလား?"
သူမရဲ့ပုံစံကို မြင်လိုက်ချိန်တွင် ရှဲ့ရှင်းလင် ကမျက်ခုံးပင့်လိုက်ပြီး အနားတိုးလာကာ သူမကို အချိန်ခဏကြာ စိုက်ကြည့်နေပြီး သူ့ရဲ့အမူအရာ မဲ့နေတဲ့ပုံစံက အနည်းငယ် စိတ်ဝင်စားသွားသည့် ပုံစံကို ပြောင်းသွားခဲ့သည်။ "ဟုတ်လား..."
"အားကစားေန့ တွေ့ဆုံပွဲတုန်းက မင်းမူးပြီး သတိလွတ်ပြီး ငါ့ကိုဆွဲထားခဲ့တာကို တကယ်ပဲ မမှတ်မိပုံပဲ"
စုချွေကယ် : ? ? ! !
ဒါက လူစကားလား? ?
ဒီစာကြောင်းက စကားလုံးတိုင်းကို သူမ နားလည်နေပေမဲ့ ဘယ်လိုဆက်စပ်ရမှာလဲ? ?
စုချွေကယ် ကအချိန်ခဏလောက် လက်မခံနိုင်ခဲ့ပေ။
ပြိုင်ပွဲနေ့ ဟော့ပေါ့စားပွဲကနေ သူမ ဘယ်လိုပြန်ရောက်လာခဲ့လဲဆိုတာကို တကယ်ပဲ စဉ်းစားမရပေ။
အရင်က WeChat ကနေ ဖန်ဂျန့်ဒါ ကိုမေးခဲ့ပြီး ဖန်ဂျန့်ဒါ ကသူမပို့ခဲ့ကြောင်း ပြောခဲ့ချိန်တွင် သူမ စိတ်ရှုပ်သွားခဲ့သည်။ ထိုညက ဖြစ်ပျက်ခဲ့သမျှ အရာတိုင်းကို သူမ မမှတ်မိပေ။
ဒါပေမဲ့ ရှဲ့ရှင်းလင် ကပြောလာချိန်တွင် သူမစိတ်ထဲတွင် ထူးခြားတဲ့ အဖြစ်အပျက်တစ်ခုက ဖြစ်လာခဲ့သည်။
ထိုမြင်ကွင်းတွင် သူမသည် ရှဲ့ရှင်းလင် ရဲ့မေးစေ့ကို ဆွဲဆောင်မှုရှိစွာ ကိုင်ခဲ့ပြီး "ရှင်က ကျွန်မကို သွေးဆောင်ဖို့ ကြိုးစားနေတာ မဟုတ်လား? အခု ရှင်အောင်မြင်သွားပြီ၊ ရှင့်ကို အခြွေအရံကနေ ကျွန်မအကြိုက်အဆုံးအဖြစ် ရာထူးတိုးပေးလိုက်ပြီ"
ESTÁS LEYENDO
ဇာတ်လိုက်နဲ့ Happy Ending【✔】
RomanceI like this fic so much. So I wanna save in my treasure. This is only purpose for offline reading. If you like slow romance, school life and transmigration, I recommend to read. Love you all (๑˙❥˙๑). Intro is first part. (✧Д✧)→ mature ထည့်ထားတာက စကာ...