၄၉။ ကိုယ်မြည်းကြည့်လို့ရလား?

5.2K 767 26
                                    

Unicode

ကျောင်းပွဲတော် ဒုတိယနေ့တွင် ဗုဒ္ဓဟူးနေ့ ညနေပိုင်း ကိုယ်ပိုင်စာလေ့လာချိန်က ပျက်သွားခဲ့ပြီး အဆင့်အတွက် ကျောင်းအတွင်း လှုပ်ဆောင်ချက်အဖြစ်သာ ပြောင်းလဲခဲ့သည်။

ပထမဆုံးအနေဖြင့် အတန်းတိုင်းတွင် သံပြိုင်အပိုင်းတို ဖျော်ဖြေမှုနဲ့ လူကိုယ်တိုင် ဖျော်ဖြေမှုတွေ ပါဝင်သည်။ သံပြိုင်ဖျော်ဖြေမှု မစတင်ခင်မှာ တနင်္လာနေ့တိုင်း ကျောင်းတွင် သီချင်းလေ့ကျင့်ခြင်း ပြုလုပ်ခဲ့ကြသည်။ ဒါက အချိန်အများကြီး မကုန်ပေမဲ့ ရလဒ်ကလည်း မဆိုးပေ။

အတန်းတိုင်းအတွက် သံပြိုင်ဖျော်ဖြေမှု အဝတ်တွေက မတူကြပေ။ စုချွေကယ် နဲ့သူ့အတန်းက ရွေးချယ်ထားသည့် အဝတ်က အတော်လေး ကျေနပ်ဖို့ကောင်းသည်။

ကောင်လေးတွေက အဖြူရောင် ရှပ်အင်္ကျီနဲ့ ဖဲပြားပုံလည်စည်း ဝတ်စုံလေးနဲ့ ဖြစ်ပြီး မိန်းကလေးတွေက အနောက်တိုင်းစတိုင် စကတ်နဲ့ ဖြစ်သည်။

စင်ပေါ်မသွားခင် မိဘတွေက လာရောက်ကြပြီး မိတ်ကပ်ပြင်ဖို့ ကူညီပေးကြသည်။ ဒါက ကျောင်းတွင် အလှပြင်တာက စုချွေကယ် အတွက် ပထမဆုံးအကြိမ်ဖြစ်သည်။

ဒါက နည်းနည်း ထူးဆန်းတာကို တွေ့ခဲ့ရသည်။ ပြီးသွားချိန်တွင် ဝမ်မင်မင် ကသူမကို ကြည့်ဖို့အတွက် စောင့်နေခဲ့သည်။

ဝမ်မင်မင် နဲ့သူတို့အတန်းက ချမ်းမြေ့ဖွယ်ကောင်းသည့် ကျေးလက်ပုံစံ စတိုင်မျိုးဖြစ်သည်။ သူမက မြက်ဦးထုပ်ကိုပါ ဝယ်ခဲ့သည်။

စုချွေကယ် အတွက် ထမင်းဗူးကို ယူခဲ့သည်။ ထိုအထဲတွင် သူမအမေ ချက်ပေးလိုက်သည့် စွပ်ပြုတ်ရှိသည်။ စုချွေကယ် ကဗိုက်ဆာနေခဲ့သည်။ သူမရှေ့က စွပ်ပြုတ်ကို သောက်ပြီးနောက် ဝမ်မင်မင် ကသူမကို ကြည့်လိုက်ပြီး ပြုံးလိုက်သည်။

စုချွေကယ် ကနည်းနည်း အံ့ဩသွားတာကြောင့် ဝမ်မင်မင် စ,နောက်တာကို နားထောင်လိုက်သည်။

“ဘာလို့ ဒါကို အာရုံမထားရတာလဲ? နှုတ်ခမ်းနီကို စားလိုက်တာလား?”

စုချွေကယ် ကသိပ်ဂရုမစိုက်ပေ။

“နင်စားပြီးရင် သိမ်းလိုက်တော့” သူမက ဘာပဲဖြစ်ဖြစ် နှုတ်ခမ်းနီ သိပ်ဆိုးလေ့မရှိပေ။ ထို့နောက် ဝမ်မင်မင် ကစိတ်ပျက်စွာ ပြောလိုက်သည်။

ဇာတ်လိုက်နဲ့ Happy Ending【✔】Donde viven las historias. Descúbrelo ahora