၆၉။ တောက်ပသည့် အလင်းရောင်လေး

4.2K 639 19
                                    

Unicode

တံခါးနားမှ ရှင်းလင်းသည့်မျက်နှာနဲ့ အေးစက်သည့် အမူအရာဖြင့် အမျိုးသားအား ကြည့်လိုက်ပြီး သူ့မျက်ခုံးတွေက အရင်ကအတိုင်း ထူထဲနေပြီး ချဉ်းကပ်ဖို့ခက်ခဲပုံ ပေါ်စေသည်။

စုချွေကယ် ရဲ့လက်ထဲမှ ခွက်က ကြမ်းပြင်ပေါ်ကို ကျသွားခဲ့သည်။ ခွက်ကွဲသွားသံက ထွက်ပေါ်လာခဲ့ပြီး သူမရှေ့မှမြင်ကွင်းကလည်း ဖန်ခွက်လိုမျိုး အစိတ်စိတ် အမွှာမွှာဖြစ်သွားခဲ့သည်။

အရင်နှစ်တွေတုန်းက မှတ်ဉာဏ်တွေက ဒီရေလိုမျိုး ပြေးဝင်လာခဲ့သည်။ သူနဲ့ထပ်တွေ့မဲ့ အချိန်ကို စုချွေကယ် တွေးခဲ့မိသည်။ အစတည်းက ကောလိပ်ဝင်ခွင့် ပြီးသွားပြီးနောက် သူနဲ့တွေ့ဆုံနိုင်ကြောင်း သူမကိုယ်သူမ သတိပေးခဲ့သည်။

တက္ကသိုလ် စတင်လာချိန်တွင် သူ့အား တွေ့ဆုံရန်အတွက် စောင့်ဆိုင်းနေခဲ့သည်။ တစ်နှစ်၊ နှစ်နှစ်ကြာပြီးနောက် ထိုအကြောင်းကို သူမ ထပ်မတွေးတော့ပေ။

သူမဖုန်းနံပါတ်ကို ပြောင်းခဲ့ပြီး နေရာလည်း ပြောင်းခဲ့သည်။ ဒီမေးခွန်းတွေကို သူမ ရှောင်ရှားခဲ့ပြီး သူ့အားရှာဖို့ ကြိုးစားခဲ့ပေမဲ့ မရှာမိအောင် နေခဲ့သည်။ သူမဘဝအား သက်သာစွာနေထိုင်နိုင်ဖို့ ကြိုးစားခဲ့သည်။

ပုံမှန်ဆယ်ကျော်သက် ကောင်လေးက ဒီလိုကြာရှည်တဲ့အချိန်မှာ ဖြစ်လာမဲ့ပုံရိပ်ကို သူမ ပုံတောင်မဖော်ရဲပေ။ အချိန်တွေက ခံစားချက်တွေကို ပြောင်းလဲစေပြီး၊ စိတ်အားထက်သန်နေရင်တောင် လေးနှစ်လောက်ဆို ပျောက်ကွယ်သွားလိမ့်မည်။

သူတို့ကြားမှာ ဆက်ဆံရေးက ရှိနေသေးလားဆိုတာ သူမ မသေချာတော့ပေ။ စိတ်ပျက်စရာ အကြောင်းတွေကို အာရုံစိုက်ပြီး မချဉ်းကပ်ရဲပေ။

ဇာတ်ကောင်ထဲကို စိတ်အာရုံတွေ အားလုံးကို ထည့်ခဲ့မိသည်။ နောက်ပြီး အချိန်တွေ ကြာလာပြီးနောက် အရင်တုန်းက ချစ်ခဲ့မိသည့် ခံစားချက်တွေက တဖြည်းဖြည်း ပျောက်ပျက်လာခဲ့သည်။

အပြင်ဘက်တွင် တည်ငြိမ်ပုံရပေမဲ့ သူမနှလုံးသားက လွမ်းဖို့ကို လက်လျော့ဖို့ ဆန္ဒမရှိပေ။ တစ်စုံတစ်ခုကို သိသိသာသာ ရှောင်လိုက်ပြီးဆိုရင် ဒီအကြောင်းကို ပိုအာရုံစိုက်သွားမိလိမ့်မည်။ နောက်ပြီး ထပ်မပြောရဲရင် သေလောက်သည်အထိ အာရုံစိုက်မိလိမ့်မည်။ ဝိတ်တာရဲ့အသံက သူမအတွေးတွေကို ပြန်ရောက်လာစေသည်။

ဇာတ်လိုက်နဲ့ Happy Ending【✔】Opowieści tętniące życiem. Odkryj je teraz