၆၇။ နောက်တစ်ခါကျရင် ကိုယ့်ကို ဒီလိုမျိုး မမြူဆွယ်နဲ့။

4.5K 605 15
                                    

Unicode

သော့တွေက အေးနေတာတောင် သူမလက်ထဲကို ရောက်လာချိန်တွင် လောင်ကျွမ်းသွားသလို ခံစားလိုက်ရသည်။

လက်ထဲတွင်သော့ကို တင်းကြပ်စွာ ကိုင်လိုက်ပြီးနောက် သူ့ကို ထပ်ကြည့်လိုက်ကာ အရှေ့တိုးလိုက်ကာ သူ့လက်မှလက်ထိပ်အား ဖြုတ်ဖို့ကြိုးစားလိုက်သည်။ ဖြုတ်ပေးမလို့ တွေးလိုက်ပေမဲ့ လက်ထိပ်အား ဘီရိုတွင် ခတ်လိုက်ပြီး သူမက ပြောလိုက်သည်။

“ရှင့်မှာ ဒီစကေးရှိတယ်မလား? အဲ့အကြောင်းကို ကျွန်မ စိတ်မဝင်စားဘူး။ တစ်ခုလုံးကို တွက်ချက်ဖို့အတွက် ရှင့်မှာ စွမ်းဆောင်ရည်တော့ ရှိသင့်တယ်” ထို့နောက် သူမနှလုံးသားက ထပ်ရပ်မတည်နိုင်တော့ပဲ သူ့ကို တစ်ချက်တောင် မကြည့်ရဲတော့ပေ။

တစ်ခုခု မှားယွင်းတာ လုပ်မိမှာကို စိုးရိမ်နေခဲ့သည်။ အလျင်မလိုစွာဖြင့် လက်ထိပ်ကို ဖြုတ်လိုက်ပြီး စိတ်ရှုပ်သလို ဟန်ဆောင်လိုက်ကာ သူ့အား ကြည့်လိုက်သည်။

“မြန်မြန်၊ ရေသွားချိုးတော့၊ အရက်နံ့တွေ ရနေတယ်” ဒီအချက်က သူမနှလုံးသားအား အနည်းငယ် သက်သာရာရစေသည်။

ညဘက်တွင် လက်ထိပ်မှ ရွှေရောင်လေးက တောက်ပသွားပြီး သူ့မျက်လုံးတွေက အောက်စိုက်လိုက်ချိန်တွင် နည်းနည်း မစစ်မှန်သလို ဖြစ်နေသည်။

ချက်ချင်းပင် စုချွေကယ် က ‘ကလစ်’ဆိုသည့် အသံကို ကြားလိုက်ရပြီး ဖြုတ်ထားသည့် လက်ထိပ်က ထပ်ပြီးပြန်ပိတ်သွားခဲ့သည်။

ဒီတစ်ကြိမ်တော့ သူမလက်ကောက်ဝတ်တွင် လော့ခ်ခတ်ထားတာ ဖြစ်သည်။ စုချွေကယ် ကမတုန့်ပြန်နိုင်သေးပဲ လော့ခ်သံကို ရှင်းလင်းစွာ ကြားလိုက်ရသည်။ သူ့အား ထိတ်လန့်စွာဖြင့် မော့ကြည့်လိုက်ပြီး သူက တဖြည်းဖြည်း မျက်တောင်ခတ်နေတာကို တွေ့လိုက်ရသည်။

“ဒီလိုမျိုးကြိုက်လား?” မတ်တပ်ရပ်လိုက်သည့် သူ့အား ကြည့်လိုက်ပြီး သူမလက်ထဲကို သော့ထည့်လိုက်သည်။

ရုတ်တရက် အခြေအနေက ပြောင်းလဲသွားခဲ့သည်။ သူမက နှစ်ကြိမ်လောက် ကြိုးစားရုန်းကန်ပေမဲ့ မလွတ်နိုင်ပေ။ သူမလက်တွေက လက်ထိပ်ဖြင့် ချိတ်မိနေပြီး သူမရှေ့တွင်သာ လက်တွေကို ချထားနိုင်ပြီး နည်းနည်းတော့ စိတ်အနှောင့်အယှက် ဖြစ်နေခဲ့သည်။

ဇာတ်လိုက်နဲ့ Happy Ending【✔】Donde viven las historias. Descúbrelo ahora