၁၅။ ငါ့ကိုဆန့်ကျင်နေတယ်လို့ပြောမိလို့လား?

7.1K 947 3
                                    

Unicode

မွန်းလွဲပိုင်းတွင် စုချွေကယ် သည်ကျောင်းမှ ဂွမ်ဝမ်နို့လက်ဖက်ရည်ဆိုင်သို့ သွားခဲ့သည်။ ဆိုင်တွင် စားပွဲလေး နှစ်လုံးသာ မြင်ရပေမဲ့ အန်တီလွေ့ ကသူမအတွက် သီးသန့်ခုံတစ်လုံး ပြင်ပေးထားတာကို မြင်နိုင်သည်။

ငြိမ့်ညောင်းသည့် သီချင်းကို ဖွင့်ထားကာ သက်တောင့်သက်သာ ဖြစ်စေသည်။

စုချွေကယ် သည်စာဖတ်နေစဉ် နို့လက်ဖက်ရည်ကို သောက်ကာ စာလုပ်နေပြီး ဘာသာတစ်ခုကို အလျင်အမြန် ဖြတ်လိုက်သည်။

ထို့နောက် ရှဲ့ရှင်းလင် ပေးထားသည့် သင်္ချာပြိုင်ပွဲအတွက် မှတ်စုစာအုပ်ကို ထုတ်ကာကြည့်လိုက်သည်။

အန်တီလွေ့ ကသူမကို ပြောစရာရှိနေတယ်လို့ ခံစားနေရသည်။ သို့သော် ဧည့်သည်တွေ ရှိနေတာကြောင့် သူမ မမေးပေ၊ ဧည့်သည်တွေ ထွက်သွားချိန်တွင် အန်တီလွေ့ ကသူမနားကို ရောက်လာခဲ့သည်။

"စုလေး၊ အန်တီ့တူက ဒီနေ့စောစော လာလိမ့်မယ်၊ မင်းတို့နှစ်ယောက်ကို တွေ့ပေးမယ်"

ဟမ် ... တူလား?

အရင်တုန်းက သူတို့စကားပြောခဲ့တဲ့ အကြောင်းကို စုချွေကယ် ရုတ်တရက် သတိရသွားသည်။

"ငါ့မှာ မင်းအရွယ်ေလာက် တူလေးတစ်ယောက် ရှိတယ်၊ သူလည်း အထက်တန်းကျောင်းသားပဲ"

"သူ့ပုံစံက အရမ်းပျင်းဖို့ေကာင်းတယ်၊ ဘာသိဘာသာ နေတတ်ပြီး သူငယ်ချင်းလည်း မရှိဘူး။ သူသာ မင်းလောက် ပျော်ပျော်ရွှင်ရွှင် နေတတ်ရင် ငါစိတ်သာရာရလိမ့်မယ်"

ထို့‌ေနာက် ကတိပေးခဲ့တာကိုလည်း မှတ်မိသည်။

"နောက်ပြီး သမီး အဆင့်တွေက ကောင်းတယ်။ သူက သမီးနဲ့ အဆင့်တူရင် ဒါမှမဟုတ် တစ်ဆင့်လောက် နိမ့်နေရင် စာလေ့လာတာကို သူနဲ့ဆွေးနွေးလို့ရတယ်။ သူ့ကိုကူညီပေးရင် အနည်းဆုံးတော့ တစ်စုံတစ်ခုတော့ ရလောက်ပါတယ်"

ထိုစကားကို ပြောလိုက်ချိန်တုန်းက သူမ စိတ်ထဲဘာမှ မတွေးခဲ့ပေ။ အခုတော့ အဓိကလူက ရောက်လာတယ်လို့ ကြားလိုက်ချိန်တွင် အရမ်းစိတ်လှုပ်ရှားသွားသည်။

ဇာတ်လိုက်နဲ့ Happy Ending【✔】Donde viven las historias. Descúbrelo ahora