၄။ သူက သရုပ်ဆောင်ပဲ!!!

8.9K 1.1K 14
                                    

Unicode

ထိုအချိန်တွင် စုချွေကယ် ရဲ့စိတ်က အတော်လေး ရှုပ်ထွေးသွားပြီး သူမစိတ်ထဲတွင် သေဆုံးမည့်နည်းလမ်းပေါင်း တစ်ရာကျော်လောက်တောင် စဉ်းစားမိသွားသည်။ လည်ချောင်းထဲတွင် စကားလုံးတွေက ပျောက်ကွယ်နေပြီး အဆုံးတွင် စကားတွေကို ညှစ်ထုတ်ကာ ပြောလိုက်သည်။

"ဒါအတွက် တောင်းပန်ပါတယ်၊ ဒီလိုလုပ်ဖို့ ငါမရည်ရွယ်ပါဘူး။ မှင်က မလိုက်လို့ လှုပ်လိုက်တာ။ ရုတ်တရက်ကြီး... ဒီလောက်အများကြီး ထွက်လာမယ်လို့... ငါထင်မထားဘူး"

"ဒီအဝတ်ကို ငါအိမ်ယူပြီး လျှော်ပေးမယ်ဆိုရင်... ဘယ်လိုလဲ?"

ဒါပေမဲ့ အစွန်း‌ေတွကို ချွတ်နိုင်လိမ့်မယ်လို့တော့ သူမ မသေချာပေ။

ရှဲ့ရှင်းလင် ကဘာမှမပြောပဲ စုချွေကယ် ကိုသာ စိုက်ကြည့်နေပြီး သူ့အမူအရာက အေးစက်နေရင်း သူ့လက်ကို အနည်းငယ် မြှောက်လိုက်သည်။

နောက်ထပ် စက္ကန့်အနည်းငယ်လောက်တွင် လမ်းကြားထဲက ဆံပင်အဝါရောင် လူဆိုးကောင်လေးကို ရိုက်နှက်သလို သူမ ရိုက်ခံရတော့မယ်လို့ စုချွေကယ် တွေးလိုက်မိသည်။

သူ့ညာဘက်လက်က ကျောင်းယူနီဖောင်းရဲ့ ဇစ်ကိုရောက်သွားပြီး အင်္ကျီကို ချွတ်လိုက်ကာ ခုံအနောက်တွင် ထားလိုက်သည်။

ထို့နောက် သူ့မျက်ခံုးကို အနည်းငယ် ပင့်လိုက်ပြီး သူမကို ‌ကြည့်လာကာ အသံတိုးလေးနဲ့ မေးလာခဲ့သည်။ "ဒီဘောပင် တစ်ချောင်းပဲ ရှိတာလား?"

အသံသည် အေးဆေးတည်ငြိမ်‌ေနပြီး သူ့အမူအရာက ဖတ်နိုင်ရန် ခက်ခဲသည်။

စုချွေကယ် ကရှက်ရွံ့စွာနဲ့ ခေါင်းညိတ်လိုက်သည်။

ရှဲ့ရှင်းလင် ကသူမကို တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။ ထို့နောက် သူ့လက်ထဲက ဘောပင်ကို စုချွေကယ် ရဲ့ခုံရှေ့တွင် ချလိုက်ပြီး သူ့စာရေးခုံ အံဆွဲထဲမှ စာရွက်အသစ်နဲ့ ဘောပင် တစ်ချောင်းကို ထုတ်လိုက်သည်။ သူမကို အာရုံထပ်မစိုက်တော့ပေ။

ရှဲ့ရှင်းလင် ကသူမကို ပထမဆုံးအကြိမ် ဆုံတွေ့တုန်းက ခြိမ်းခြောက်ခဲ့တုန်းကလို မထီမဲ့မြင်ပြုပြီး ကဲ့ရဲ့တာမျိုး မလုပ်ပေမဲ့ စုချွေကယ် ကတော့ ခံစားမိနေတုန်းပင်...

ဇာတ်လိုက်နဲ့ Happy Ending【✔】Where stories live. Discover now