ရှင်းရဲ့နာမည်အပြည့်အစုံက ရှင်းသန့်ကြည်ဖြူဖြစ်ပြီး အသက်က၂၁ထဲမှာပါ။E majorနဲ့ကျောင်းပြီးထားပြီး လက်ရှိမှာတော့သူငယ်ချင်းတွေနဲ့လည်လိုက်ပတ်လိုက် ပျော်လိုက်ပါးလိုက် နှင့်ပေါ့ပေါနေပေါ့ပေါ့စား ဘ၀ကိုဖြစ်သလိုဖြတ်သန်းနေတဲ့ကောင်မလေးတစ်ယောက်ပေါ့...။
ရှင်းဘဝမှာအဖြစ်ချင်ဆုံးဆန္ဒက အောင်မြင်တဲ့ဒီဇိုင်နာတစ်ယောက်ဖြစ်ပြီး အလိုချင်ဆုံးကတော့မေမေ့ဆီက အကြင်နာစကားလေးတစ်ခွန်းပါပဲ။သို့သော်....။
ရှင်းရဲ့မေမေကNGOမှာတာ၀န်ထမ်းဆောင်နေတဲ့ဆရာ၀န်မတစ်ယောက်ပါ။လစာကောင်းသလောက် မကြာခဏဆိုသလိုခရီးထွက်ရလေ့ရှိတယ်။ဒီနေ့ကရှင်းရဲ့မေမေခရီးသွားရမှာဆိုတော့ မေမေ့ကိုမှီအောင်စောစောထခဲ့ပေမယ့်လည်း ရှင်းနိုးလာချိန်မှာမေမေကထွက်သွားနှင့်ပြီ....။ရှင်းစိတ်မကောင်းစွာဖြင့်ဝရံတာမှာငိုင်နေတုန်း ဟိုဘက်ခြံကဆုလေးတို့အိမ်ကို အမျိုးသမီးတစ်ယောက် ခရီးဆောင်အိတ်လေးဆွဲလို့၀င်လာသည်ကိုတွေ့လိုက်ရသည်။မိန်းကလေးချင်းတောင်စွဲဆောင်နိုင်တဲ့ညို့ချက်ပြင်းတဲ့အလှတရားတွေနဲ့တော်တော်လှတဲ့အမျိုးသမီးပါလား...။
ဆုလေးတို့အမျိုးထဲကလား....ဒါမှမဟုတ် ကျောင်းတုန်းကဆုလေးပြောပြောနေတဲ့ဆုလေးတို့အဒေါ်ကျောင်းဆရာမများလား...။မဟုတ်သေးပါဘူး ဆုလေးအဒေါ်လို့ပြောရအောင်လဲ အသက်ကတော်တော်ငယ်နေသည်။ရှင်းနဲ့အလွန်ဆုံးကွာလှမှ ၅နှစ်လောက်ပဲရှိမည်။ဘယ်သူများလဲ...နောက်ကြုံမှဆုလေးကိုမေးရဦးမည်...။
"သမီး...မနက်စာစားရအောင်လေ "
"ဘာတွေတွေးနေတာလဲ"
ကြီးကြီးရဲ့စကားသံကြောင့် ရှင်းရဲ့အတွေးပျက်သွားသည်။
"ဘာမှမတွေးပါဘူး ကြီးကြီး"
"ဒါနဲ့ကြီးကြီး ရှင်းမေမေ...."
"သမီးကစိတ်ပူနေတာလား ဘာမှမပူပါနဲ့ သမီးအမေကသူ့ကျန်းမာရေးသူဂရုစိုက်နိုင်ပါတယ် လာ လာ မနက်စာစားစို့"
ကြီးကြီးပြင်ထားပေးတဲ့ မနက်စာစားပြီးတဲ့နောက် ရှင်းသူငယ်ချင်းတွေဖြစ်တဲ့သီဟတို့ ဟိန်းထက်တို့ဆီကိုဖုန်းလှမ်းဆက်ကာချိန်းလိုက်သည်။တစ်နာရီလောက်ကြာတော့ ဟိုကောင်တွေ ၃ယောက်သားဆိုင်ကယ်နှစ်စီးနဲ့ရောက်ချလာသည်။ရှင်း သီဟရဲ့ကျောက်ိုဘုန်းခနဲမြည်အောင်ရိုက်လိုက်ရင်း