❤️ဟန်ဆောင်ကောင်းတဲ့မမ ( ၉ )❤️
ဒေါ်ကြည်ဖြူ စိတ်ထဲ ရှင်းနဲ့ဟိုဘက်အိမ်ကဆုအိမ့်၀တီကို သံသယဖြစ်နေမိသည်။နှစ်ယောက်သား ခင်မင်မှုကရိုးမှရိုးရဲ့လား။အရင်နေ့ကနှစ်ယောက်သားလက်တွဲပြီးအတူပြန်လာတာမြင်တော့ ပိုပြီးသံသယဖြစ်မ်ိသည်။နှစ်ယောက်စလုံးရဲ့မျက်လုံးအကြည့်တွေက သာမန်ထက်ပိုနေတာကိုမြင်နေရသည်။
ခုခေတ်မှာLGBTတွေကိုအတော်များများကနားလည်လက်ခံလာကြသလို lgbtစုံတွဲတွေနေရာတိုင်းတွေ့နေရတာမှန်ပေမယ့် ဒါမျိုးဒေါ်ကြည်ဖြူလက်မခံနိုင်။ကိုယ့်သမီးက်ိုတော့အဲလိုအဖြစ်မခံနိုင်ဘူး။ဒါကြောင့်ပဲ ဟိုကောင်မလေးနဲ့အပြင်မှာတွေ့ဖို့ချိန်းလိုက်မိသည်။
အိမ့်လည်းအံ့သြနေမိသည်။ရှင်းအမေက အိမ့်ကိုဘာလို့တွေ့ချင်ရတာလဲ။
"အန်တီ..."
"ထိုင်ပါဦး..."
အိမ့် ၀င်ထိုင်လိုက်သည်။
"မင်းနဲ့ရှင်းရဲ့ဆက်ဆံရေးကဘယ်အတိုင်းအတာထိရင်းနှီးနေပြီလဲ"
"ရှင်"
မထင်မှတ်ထားတဲ့ မေးခွန်းမို့အိမ့်အံ့သြရပြန်သည်။
"နှစ်ယောက်သား ချစ်နေကြတာလား"
မေးလာသူကရှင်းအမေဖြစ်နေသည်မို့အိမ့်မျက်နှာကြီးရဲကာ မျက်နှာပူသွားသည်။
"မဟုတ်ပါဘူး အိမ့် ရှင်းကိုအဖြေမပေးရသေးပါဘူး"
သူမသမီး ကအရင်ချစ်ရေးဆိုခဲ့တာတဲ့လား။
"လက်မခံပါနဲ့"
"ရှင်...."
"ရှင်းကိုလက်မခံပါနဲ့ ရှင်းရဲ့လက်တွဲဖော်ကမိန်းကလေးတစ်ယောက်ဖြစ်မှာကိုအန်တီမလိုလားဘူး"
"အန်တီ ဒီလိုလုပ်တာရှင်းအပေါ်တရားရဲ့လား ရှင်းရဲ့ခံစားချက်နဲ့ရှင်းရဲ့ပျော်ရွှင်မှုကိုအန်တီ အလေးရောထားရဲ့လား"
"သေချာပေါက်အလေးထားတာပေါ့ ရှင်းကအန်တီ့သမီးပဲ"
"ဒါဆိုအန်တီဘာလို့ ရှင်းရဲ့ဖြစ်တည်မှုကို လက်မခံနိုင်ရတာလဲ "
![](https://img.wattpad.com/cover/270359131-288-k735064.jpg)