❤️ဟန်ဆောင်ကောင်းတဲ့မမ ( ၇ )❤️
ဆုမြတ်နိုးတစ်ယောက် သူ့တီလေးနဲ့ရှင်းအပေါ်သံသယံ၀င်နေသည်။ဒီရှင်းကခါတိုင်းအိမ်ကို ဒီလောက်မလာပါဘူး။အခုကျတော့ နေ့တိုင်းနီးပါးအိမ်ကိုချောင်းပေါက်မတက်လာနေတာ ...။ပြီးတော့သူလာတာကလဲ တီလေးရှိတဲ့အချိန်ပဲရွေးပြီးတမင်လာနေသလိုပင်...။တီလေး နဲ့ ရှင်းကတစ်ခုခုတော့တစ်ခုခုပဲ...။
ဆုလေးသိချင်စိတ်မြိုသိပ်မထားနိုင်တော့ တီလေးအခန်းကိုလာခဲ့လိုက်သည်။
"တီလေးမှန်မှန်ပြော တီလေးနဲ့ရှင်းက ဘာတွေလဲ "
"တီလေးတို့ကြားမှာ ဆုလေးမသိတဲ့ပက်သတ်မှုတစ်ခုခုရှိနေတယ်မဟုတ်လား"
အခန်းထဲရုတ်တရတ်၀င်လာပြီး ဆုလေးကမေးတော့ အိမ့်ဘာပြန်ဖြေရမှန်းမသိ။
"ဘာတွေလျှောက်မေးနေတာလဲ ရှင်းကဆုလေးသူငယ်ချင်းလေ တီလေးနဲ့ဒီ ထက်ပိုပြီး ဘာပက်သတ်မှုရှိနေရမှာလဲ"
"အဲ့ဒါပြောတာ ရှင်းကဆုလေးသူငယ်ချင်းမို့ရှင်းအကြောင်းဆုလေးကောင်းကောင်းသိတယ် သူအခုတစ်လောခါတိုင်းနဲ့မတူဘူး အရမ်းပြောင်းလဲလာတယ် မဟုတ်မှလွဲရောတီလေးကိုချစ်နေလို့ပြောင်းလဲလာတာမဟုတ်ဘူးလား"
ဆုလေးရဲ့စကားကမှန်နေတာကြောင့် အိမ့်ဖြေရခက်သွားသည်။ဒီက်ိစ္စကြောင့် ဆုလေး ရှင်းအပေါ်စိတ်ပျက်ပြီးအခင်မင်ပျက်မှာကိုလဲစိုးရိမ်မိသည်။
တီလေးတွေဝေသွားတာကြောင့် ဆုလေးထင်တာမှန်နေမှန်းသိလ်ိုက်သည်။
"တီလေး ဘာတွေဒီလောက်စဥ်းစားနေတာလဲ ဆုလေးကတီလေးကိုရှင်းနဲ့ဆိုသဘောတူပြီးသား"
"ဘာ..."
ကြည့်စမ်း ကိုယ်ကသာသူငယ်ချင်းနှစ်ယောက်အခင်မင်ပျက်မှာကိုစိတ်ပူနေတာ သူကတော့သဘောတောင်တူတယ်ဆိုပါလား။တော်တော်လာတဲ့တူမလေးပဲ။ကိုယ့်အဒေါ်ကိုအရောက်ပို့နေတယ်။
"ဟုတ်တယ်လေတီလေး ရှင်းက ကျောင်းကတည်းကအရှုပ်အရှင်းကင်းတယ် ဒါကြောင့်တီလေးနဲ့သဘောတူတယ်"
ဒီစကားကိုတော့တစ်ကယ်ပဲအံ့သြရသည်။ရှင်းကထင်တောင်မထင်ရဘူး။ကိုယ့်မှာရှင်းပုံစံကိုကြည့်ပြီး ရီးစားရှုပ်တဲ့သူလို့တောင်ထင်ခဲ့သေးတာ။