part 3

6.4K 376 2
                                    

❤️ ဟန်ဆောင်ကောင်းတဲ့မမ ( ၃ )❤️

ရှင်းသန့်ကြည်ဖြူဆိုတဲ့ကောင်မလေးဟာတွေ့လိုက်တိုင်း တစ်ခုမဟုတ်တစ်ခုဖြစ်နေတော့တာပဲ။အခုလဲကြည့် ဦး မိန်းကလေးဖြစ်ပြီး ယောကျ်ားလေးသူငယ်ချင်းတွေနဲ့ဘီယာတွေသောက်လို့မူးနေတာ မြင်မကောင်း။မင်းဘယ်လိုမိန်းကလေးလဲရှင်းသန့်ကြည်ဖြူ။

ဆုလေးက ငါးကင်နဲ့ဆာဖြယ်စားချင်တယ်ဆ်ိုပြီး သူမကိုပူဆာတာကြောင့် လာဝယ်ပေးရင်း အမြင်မတော်တာတွေ့ရပြန်ပြီ။အိမ့်သူမမျက်စိရှေ့မှာမြင်နေရတော့ မသိချင်ဟန်ဆောင်လို့ လဲမနေနိုင်။အချိန်ကလဲညဘက်ကြီးဆိုတော့ ယောကျ်ားလေးသူငယ်ချင်းတွေနဲ့စိတ်ချထားလို့လဲမဖြစ်။ပြီးတော့ ရှင်းကကိုယ့်ကိုယ်ကိုမထိန်းနိုင်လောက်အောင်မူးနေတာ...အိမ့်စိတ်ပူတာကြောင့် သူတို့တွေရှိရာကိုထွက်ခဲ့လိုက်သည်။

"ရှင်းသန့်ကြည်ဖြူ "

ခေါ်သံကြားလို့ ရှင်း မျက်လုံးကိုသေချာဖွင့်ကြည့်တော့မမအိမ့်ဖြစ်နေသည်။

"ဘယ်သူလဲ...ဟင်...သြော်...မမအိမ့်ပဲ"

ပြောရင်း သူမပေါ်ယိုင်ကျလာတော့ အိမ့်ဖမ်းဆွဲထားရသည်။အနံ့တွေကမွှန်ထူနေတာပဲ။

"ဒီလောက်ထိမူးပြဲနေအောင်သောက်ရလား..."

"မင်းကိုယ်မင်းမိန်းကလေးဆိုတာရောသိသေးရဲ့လား"

မူးနေတဲ့ကြားက မမအိမ့်ရဲ့ဆူပူသံကိုကြားလိုက်တော့ ရှင်းရင်ထဲလှိုက်ခနဲဖြစ်သွားသည်။မမကရှင်းကိုဆူတာ ရှင်းကိုဂရုစိုက်လို့ စိတ်ပူလို့လား...။တစ်ကယ်ဆိုရှင်းက မေမေ့ဆီကဒီလိုဆူတာမျိုးကိုကြားချင်ခဲ့တာ။

"မမ...ရှင်းက"

"ရှင်းကအခုမှပထမဆုံးသောက်ဖူးတာမို့ ခုလိုဖြစ်သွားတာပါ အစ်မ"

၀င်ပြောလိုက်သူကဟိန်းထက် ။

"ဒါဆိုလဲဘာလို့ဒီလိုအခြေနေဖြစ်အောင်ဘာလို့လွှတ်ထားရတာလဲ"

မဆီမဆိုင် ရှင်းရဲ့သူငယ်ချင်းတွေကို အိမ့်စိတ်ဆိုးမိသည်။

"ရှင်းကိုတို့ပဲအိမ်ပြန်ပ်ို့ပေးလိုက်တော့မယ် "

"အစ်မက..."

ဟန်ဆောင်ကောင်းတဲ့မမKde žijí příběhy. Začni objevovat